Ads (728x90)



ဖြစ်မြောက်ရေးကော်မတီတခုရဲ့ ပထမဆုံးအကြိမ် ဆွေးနွေးပွဲ။MYF အဖွဲ့ကို  အွန်လိုင်းကနေလည်း ပူးပေါင်းနိုင်ပါတယ်။ 
လိပ်စာက http://www.facebook.com/MyanmarYouthForum

 မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ လူငယ်စကားဝိုင်းတစ်ခုကို ပထမဆုံးအကြိမ်အဖြစ် ၁၂.၁၂.၂ဝ၁၂မှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။

ဒီစကားဝိုင်း ကျင်ပရတဲ့ ရည်ရွယ်ချက်ကတော့

- မြန်မာတစ်နိုင်ငံလုံးက လူငယ်များ ပူးပေါင်းဆွေးနွေး ၊စုစည်း၊ချိတ်ဆက်လုပ်ဆောင် နိုင်ရန်၊
- မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ကွန်ယက်ကြီး ပေါ်ပေါက်လာစေရန်၊
- လူငယ်များရဲ့ လက်ရှိအခြေအနေနဲ့ အခက်အခဲများ၊ စိန်ခေါ်မှုများကို ထင်ဟပ်တဲ အသံများကို ဖော်ထုတ်ရန်
- လူငယ်များရဲ့ အခွင့်အရေး တာဝန်များ ရပိုင်ခွင့်များကို ဖော်ထုတ်ပြီး လူငယ်ရေးရာမူဝါဒများ ထွက်ပေါ်လာစေရန်
စတဲ့အချက်တွေကြောင့် ကျင်းပပြုလုပ်ရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲ (Myanmar Youth Forum)  ဖြစ်မြောက်ရေးအတွက် ကော်မတီ ၆ရပ်ဖွဲ့စည်းထားပြီး
 မြန်မာတစ်နိုင်ငံလုံး လူငယ်တွေနဲ့ ချိတ်ဆက်ပြီးဆောင်ရွက်သွားမယ်လို့ ယင်းအဖွဲ့မှာ ပါဝင်ဆောင်ရွက်သူ တစ်ဦးကပြောပါတယ်။ 


MYF အဖွဲ့ကို ဆက်သွယ်ချင်ရင်တော့ အီမေးလိပ်စာ myanmaryouthforum2012@gmail.com  ကို ဆက်သွယ်နိုင်ပါတယ်။
                                        

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...