Ads (728x90)

ပဲဂိုဒေါင်က အကြီးမားဆုံးလောင်းကစားဝိုင်း နောက်ဆက်တွဲ


ဟင်္သာတမြို့က ပြည်သူတစ်ဦး
ဟင်္သာတမြို့ မှ မတ်ပဲအိပ်ပေါင်း ၃၀၀၀ ကျော် ၊ တင်းပေါင်း ၅၀၀၀ ဝန်းကျင် ၊ ယခုလက်ရှိ ကာလပေါက်ဈေး သိန်း ၉၀၀ ကျော် နှင့် ဟင်္သာတမြို့တွင် အကြီးမားဆုံးသော လောင်းကစား ဝိုင်းကြီးကို ဟင်္သာတမြို့ရှိ ဓမ္ဘီ ပွဲရုံ ၏ ပဲဂိုဒေါင်တွင် လွန်ခဲ့သော ၅လခန့်က ဖမ်းဆီးခဲ့ရာ အဖမ်းဆီးမခံဘဲ ထွက်ပြေးတိမ်းရှောင်နေသူများမှာ    ကိုအောင်ပိုင်ဖြိုး(ဓမ္ဘီပွဲရုံ)၊ ကိုထွန်းမင်းလတ်(ပဲပွဲရုံ)၊ ကိုအောင်ကြီး(ချမ်းမြေ့အောင်ပွဲရုံ)၊ ကိုကျော်စွာရှင်း(လမ်းဖောက်လုပ်ရေး)၊ ကိုဌေးခိုင်လင်း(ကားလုပ်ငန်း)၊ ကိုသူရစိုး(စိုးသစ္စာပွဲရုံ) နှင့် အပေါင်းအပါများဖြစ်ပါသည်။  ယခုအခါ ထွက်ပြေးတိမ်းရှောင်နေသှူ များထဲမှ ကိုထွန်းမင်းလတ် ဆိုသူမှာ ပဲများကို ဝယ်ယူပြီးလိမ်လည်ထွက်ပြေးနေရာမှ မန္တလေးမြို့တွင် ယခု သြဂုတ်လ ၈ ရက်နေ့က ဖမ်းဆီးမိခဲ့ပါသည်။ ကိုထွန်းမင်းလတ် ကို ဟင်္သာတမြို့ရှိ ရဲစခန်းတွင် ဖမ်းဆီးထားပြီး မည်သူနှင့်မျှလည်း တွေ့ခွင့်မပေးကြောင်း သိရှိရပါသည်။
ကိုထွန်းမင်းလတ် ဆိုသူမှာ ပဲလိမ်လည်မှူ၊ လောင်းကစားမှု ထိုအမှုနှစ်ခုကို ကျူးလွန်ထားသူ ဖြစ်ပါသည်။ ယခုအခါ ကိုထွန်းမင်းလတ်၏ ယောက်ဖနှင့် အမဖြစ်သူ ကိုရဲလှိုင်နှင့် မဥမ္မာစိုး(အောင်မြင့်မာန်ပွဲရုံ) သည် ထွက်ပြေးတိမ်းရှောင်နေသူများထဲမှ ကိုအောင်ပိုင်ဖြိုး၊ ကိုအောင်ကြီး၊ ကိုကျော်စွာရှင်း၊ ကိုဌေးခိုင်လင်း၊ ကိုသူရစိုး တို့ကို ပထမအရစ်အနေဖြင့် မိမိတို့ကို ၁ ယောက်လျှင် ငွေ ၁ဝ သိန်းစီ ပေးရမည်ကြောင်း လိုက်လံတောင်းဆို နေပါသည်။ ထို ငွေ ၁ဝ သိန်းအား မပေးလျှင် ကိုထွန်းမင်းလတ် မှ တရားရင်ဆိုင်ရာတွင် ကျန် အပေါင်းအပါများ၏ အမည်များကို ဖော်ထုတ်ပြောဆိုမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုနေပါသည်။ (ထိုငွေ များအား ကိုထွန်းမင်းလတ်၏ ဖဲဝိုင်းအမှုအတွက် ရှေ့နေငှားရန်၊ တရားသူကြီး တောင်းဆိုသောငွေပေးရန်၊ ရဲစခန်းတွင်ပေးရန် ဖြစ်ကြောင်းသိရှိရပါသည်။)
တရားခံ ဖြစ်သူ ကိုထွန်းမင်းလတ် သည် ပဲလိမ်လည်မှုတွင် မတ်ပဲဖိုးငွေများကို ဖဲကစားခြင်း၊ ဘောလုံးပွဲလောင်းခြင်း၊ နှစ်လုံးထီထိုးခြင်း၊ သုံးလုံးဒိုင်ကိုင်ခြင်း စသည့် အလောင်းအစား အပျော်အပါးကိစ္စ များကြောင့် ကုန်သွားခြင်းဖြစ်ကြောင်း သိရှိရပါသည်။ (မိုးမခ )

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...