Ads (728x90)




ရန်ကုန် (မဇ္ဈိမ)။        ။ အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာတို့ဖြင့် ရေးသားတင်ပြထားသည့် မဇ္ဈိမ သတင်းဌာန၏ အင်တာနက် စာမျက်နှာများ သောကြာနေ့မှစ၍ DDoS တိုက်ခိုက်မှုခံနေရသည်။

"မဇ္ဈိမဝက်ဘ်ဆိုက်သည် DDoS တိုက်ခိုက်မှု ခံနေရပါသည်။ ဘာကြောင့် တိုက်ခိုက်သည်ကိုတော့ အယ်ဒီတာအဖွဲ့အနေဖြင့် တိတိကျကျ အတည်မပြုနိုင်သေးပါ။" ဟု ထုတ်ပြန်ချက်အတွင်း ပါရှိသည်။ ယင်းအပြင် "မဇ္ဈိမအနေဖြင့် မကြာသေးမီသော ရက်သတ္တပတ်အတွင်း ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် ပဋိပက္ခသတင်း ဖော်ပြမှုနှင့်ပတ်သက်၍ ခြိမ်းခြောက်မှုအချို့ ခံခဲ့ရပါသည်။" ဟုလည်း
ကြေညာချက်အတွင်း ဖေါ်ပြထားသည်။

သောကြာနေ့ ညနေပိုင်းမှ စတင်ခဲ့သော DDoS တိုက်ခိုက်မှုကြောင့် မဇ္ဈိမ၏ အင်တာနက် စာမျက်နှာများ ဖွင့်၍ မရတချက် ရတချက် ဖြစ်နေခဲ့ပြီး စနေနေ့တွင် မြန်မာနိုင်ငံတွင်းအပါအ၀င် အချို့နေရာများတွင် လုံးဝ ဖွင့်မရတော့သည်ကို တွေ့ရှိရသည်။

DDoS ဟူခေါ်သည့် Distributed Denial of Services attack သည် ဆာဗာပေါင်းများစွာမှ မဇ္ဈိမဝဘ်ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှုမှု များပြားစွာဖြစ်လေဟန် တချိန်တည်းပို့လွှတ်၍  တိုက်ခိုက်သည့်နည်းလမ်းဖြစ်သည်။

 မဇ္ဈိမ အင်တာနက် စာမျက်နှာသို့ DDoS ပို့လွှတ်ကာ အများဆုံး လာရောက်တိုက်ခိုက်သည့်နိုင်ငံမှာ မလေးရှားနိုင်ငံဖြစ်ပြီး အမေရိကန် နိုင်ငံမှာ ဒုတိယဖြစ်သည်။

အင်္ဂလန်၊ ကနေဒါနိုင်ငံတို့မှလည်း DDoS ပို့လွှတ်ကာ တိုက်ခိုက်လျက်ရှိနေသည်။ အိန္ဒိယနိုင်ငံတွင်း တနေရာနှင့် မြန်မာနိုင်ငံအတွင်းမှလည်း ပို့လွှတ်တိုက်ခိုက်လျက်ရှိသည်ကို တွေ့ရသည်။

မဇ္ဈိမ အင်တာနက် စာမျက်နှာများသည် ၂ဝဝ၇ စက်တင်ဘာ သံဃာတော်များ ဦးဆောင်သော လူထုဆန္ဒပြချိန်တွင်းနှင့် ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းတိုက်ခတ်မှုအပြီးနှင့် ၂၀၁၀ ရွေးကောက်ပွဲနီးကာလများတွင်လည်း ယခုကဲ့သို့ DDoS တိုက်ခိုက်မှုမျိုးကြုံခဲ့ရသေးသည်။

by Mizzima - News in Burmese on Saturday, 25 August 2012 at 17:21 ·
မျိုးသန့်၊ စနေနေ့၊ သြဂုတ်လ ၂၅ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၂၀ မိနစ်

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...