Ads (728x90)

ဦးနေမျိုးဝေ အမှုတွင် လိုက်ပါသူ ရှေ့နေ တစ်ဦး လိုင်စင် သိမ်းခံရ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ 
ရွှေနံသာလယ်သမားများ အရေး ဆောင်
ရွက်သူ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး 
ပါတီဥက္ကဌ ဦးနေမျိုးဝေ ကို ဇေကမ္ဘာကုမ္ပ
ဏီက ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားသော

အမှုအတွက် ဦးနေမျိုးဝေဘက်မှ လိုက်ပါ ဆောင်ရွက်သော ရှေ့နေ တစ်ဦးဖြစ်သူ ဦးမျိုးမင်းသိန်း(ခ)ဦးပါစီပြည်ဟိန်းသည် အထက်တန်းရှေ့နေလိုင်စင် ရပ်သိမ်းခံရကြောင်း 
ကာယကံရှင်က ပြောကြားသည်။

ရန်ကုန်မြောက်ပိုင်း ခရိုင် တရားရုံး၏ တင်ပြသော စုံစမ်း စစ်ဆေးမှု အစီရင်ခံစာအရ သြဂုတ် ၇ ရက်နေ့
တွင် ပြုလုပ်သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏ အစည်းအဝေးဆုံးဖြတ်ချက်
အရ ၎င်းအား ရှေ့နေလိုက်သူများ အက်ဥပဒေ ပုဒ်မ ၁၃/စ ဖြင့် အထက်တန်းရှေ့နေအဖြစ်မှ ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

မင်္ဂလာဒုံမြို့နယ် တရားရုံး ပြစ်မှုကြီး အမှတ် ၆၉၇/၂၀၀၇ တွင် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈၆ အရအလုပ်
နှင့် ထောင်ဒဏ် ၃ လ ပြစ်ဒဏ် ကျခံရသူဖြစ်ခြင်း၊ ယခုအခါတွင်လည်း ယင်းတရားရုံးတွင်ပင် ပြစ်မှုဆိုင်ရာ အမှုများဖြင့် တရားစွဲဆို ခံထားရခြင်း များသည် ရှေ့နေ ရှေ့ရပ် လုပ်ငန်းနှင့် စပ်လျဉ်းပြီး ကျင့်ဝတ်သိက္ခာ
ကို ဖောက်ဖျက်ရာ ရောက်ကြောင်း ရန်ကုန်မြောက်ပိုင်း ခရိုင် တရားရုံး က စုံစမ်း စစ်ဆေး တွေ့ရှိရသဖြင့် ယခုကဲ့သို့ ပိတ်သိမ်းခြင်း ဖြစ်ကြောင်း ပြည်ထောင်စု တရား လွှတ်တော်ချုပ်၏ အကြောင်းကြားစာကို ကိုးကားပြီး ၎င်းက ရှင်းလင်း ပြောကြားသည်။

''ကျွန်တော်ဖြစ်ခဲ့တဲ့ အမှုတွေက အကျင့်စာရိတ္တနဲ့ပတ်သက်လို့ ဖြစ်တဲ့ အမှုတွေ မပါဘူး၊ အခုက တရားလွှတ်တော်ချုပ်က ပေးတဲ့ အပြစ်က ပြင်းလွန်းတယ်''ဟု ၎င်းက ဆိုသည်။

ရှေ့နေများတွင်ရှိသော ကျင့်ဝတ်များကို ချိုးဖောက်ပါက ရှေ့နေလိုင် ရပ်စဲခြင်း(ကာလတစ်ခုခုဖြင့်)၊ ရုပ်သိမ်းခြင်းများကို တရားလွှတ်တော်ချုပ်က ပြုလုပ်နိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးဝင်းနိုင်ကပြောကြားသည်။

''ရုပ်သိမ်းတယ်ဆိုရင် လိုင်စင် ပြန်မရဖို့များတယ်။ ရုပ်သိမ်းခံရတဲ့ ရှေ့နေအနေနဲ့လိုင်စင်ပြန်ရဖို့ အသနားခံစာတင်ရမှာပေါ့။ ရှေနေ ကျင့်ဝတ်နဲ့ မညီဘူးဆိုတာ မဟုတ်ဘူးဆိုတာကိုတော့ ခုခံ ချေပခွင့် ရှိသင့်တယ်''ဟု ၎င်းက သုံးသပ် ပြောဆိုသည်။

၎င်းသည် ရှေ့နေ ဦးသိန်းသန်းဦး၊ ဦးစောဖရီးဒန်း၊ ဦးမျိုးမြင့်စိုး၊ ဒေါ်စန္ဒာဦး တို့နှင့်အတူ ဦးနေမျိုးဝေဘက်မှ လိုက်ပါ ဆောင်ရွက်ရန် ယခုလ ၂၃ ရက်နေ့က ကိုယ်စားလှယ် လွှဲစာ တင်ခဲ့သည်ဟု တရားစွဲဆိုခံရသူ ဦးနေမျိုးဝေက ပြောကြားသည်၊

''ကျွန်တော်ဘက်က လိုက်ပါမယ့် ရှေ့နေ နောက်ထပ်နှစ်ယောက် တိုးဖို့ရှိတယ်။ ဒါက သူထွက်ခြင်း မထွက်ခြင်းနဲ့တော့မဆိုင်ပါဘူး၊ သူကတော့ ထွက်သွားပါပြီ'' ဟု ၎င်းကဆိုသည်။ ( ရွှေမြန်မာ )

Post a Comment

Blogger Disqus
  1. ပေါင်ချိန်September 11, 2012 at 12:33 AM

    တရားရုံးလား?

    ReplyDelete

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...