ရှုခင်းသာ လမ်းမကြီး ပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွား
ယနေ့ မွန်းလွှဲ ၁၁ နာရီခန့်က သံဃာကိုးပါးနှင့် လူလေးဦး လိုက်ပါလာသော
Light Truck ယာဉ်သည် သာကေတ
မြို့ နယ်မှ ယုဇန ဥယာဉ်မြို့ တော်
အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းသို့ အသွား သန်လျင်တံတားအနီး ရှုခင်းသာလမ်းမကြီးပေါ်တွင်
တစ်ဘက် ယာဉ်ကြောမှ မောင်းနှင်လာသောကွန်တိန်နာယာဉ်အား မျက်နှာချင်းဆိုင်
တိုက်မိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် သံဃာလေးပါးနှင့် လူနှစ်ဦး ထိခိုက် ဒါဏ်ရာရရှိခဲ့ပြီး ရန်ကုန် ပြည်သူ့ ဆေးရုံ ကြီးသို့ ပို့ဆောင်ထားကြောင်း သံဃာလေးပါးမှာ ယာဉ်တိုက်မှု ဖြစ်ပွားပြီး ဆေးရုံပို့ဆောင်သည်အထိ သတိပြန်လည် ရရှိခြင်း မရှိသေးကြောင်း ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးနေသည့် မီးသတ်တပ်ဖွဲ့ဝင် များထံက သိရသည်။
The voice weekly



Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။