Ads (728x90)

ဆမ္မဆယ်လမ်းကြောင်းမှ တစ်နေ့လျှင်နွားကောင်ရေ တစ်ထောင်ဝန်းကျင် တရုတ်သို့တင်ပို့နေ

 ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုနယ်
ဆမ္မဆယ်ကျေးရွာမှတဆင့် တရုတ်ပြည်
သို့ နွားကောင်ရေတင်ပို့မှုများရှိ နေရာ
တစ်နေလျှင် နွားကောင်ရေ(၁၀၀၀)၀န်းကျင်
တင်ပို့နေသည်ဖြစ်၍ နွားမျိုးပြုန်းတီးမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

 နောင်ချိုမြို့နယ်   ဆမ္မဆယ်မှတဆင့် တရုတ်ပြည်သို့တင်ပို့ရာတွင်   (၁၂)ဘီးကားကြီးများဖြင့် တင်ပို့နေခြင်း ဖြစ်ပြီး   ကားတစ်စီးလျှင်နွားအကောင်ရေ(၂၀)မှ(၂၅)ကောင်အထိ တင်ဆောင်ကာတစ်နေ့လျှင်  ကားအစီးရေ (၅၀)အထိ  သယ်ဆောင်နေခြင်းဖြစ်သည်။

 “တစ်နေ့ကိုကားအစီးရေ (၅၀)လောက် တင်ပို့နေတော့ ကြာရင်နွားကောင်ရေ မျိုးတုန်းသွားမှာကို ဒေသခံတော်တော်များများက  စိတ်ပူနေကြတယ်”ဟု   ဆမ္မဆယ်ရွာခံတစ်ဦးဖြစ်သူကပြောသည်။

 အဆိုပါနွားများမှာ မြန်မာပြည်အလယ်ပိုင်းမှ  အများဆုံးဖြစ်ပြီး   ဈေးကောင်းပေးဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 တင်ဆောင်သောကားများမှာ   ဆမ္မဆယ်မှမူဆယ်အထိ  တစ်ကြောင်းလျှင် ကားတစ်စီးလျှင်ကျပ်(၈)သိန်း အထိကျန်ကြောင်း  ကားခေါင်မိုးပေါ်တွင်   နွားကြည့်ရန်အတွက်   လိုက်ပါသူတစ်ဦးမှာ  တစ်ခေါက်လျှင် ကျပ်(၂) သောင်းဝန်းကျင်ရရှိကြောင်းကိုလည်း ယာဉ်မောင်းအသိုင်းအ၀ိုင်းကသိရသည်။ှ

 “ဒီနွားတွေဟာ  ကျွန်တော်တို့တောင်သူလယ်သမားတွေ့ရဲ့  ကျေးဇူးရှင်တွေပါ သတ်ဖို့ရာအတွက် သူများနိုင်ငံပို့တာကြာလာရင်   နွားတွေမျိုးတုန်းသွားစိုးရိမ်ရတယ်၊  ဒီအတိုင်းသာဆက်သွားနေမယ်ဆိုရင် မြန်မာပြည်မှာနွားမှ ကျန်ပါဦးမလားမသိဘူး”ဟု   နောင်ချိုမြို့နယ်သွေးလှုရှင်အဖွဲ့မှ လူငယ်တစ်ဦးက ပြောသည်။

 အဆိုပါကားများမှာ ည(၉း၀၀)နာရီဝန်းကျင်တွင်  နောင်ချိုမြို့တွင်းမှ  ဖြတ်သန်းလေ့ရှိကြောင်းကိုလည်း မြို့ခံများက ဆိုသည်။

 နောင်ချိုမြို့နယ်အတွင်းတွင်   ၂၀၁၂ခုနှစ်အတွင်း   နွားခိုးသယ်ဆောင်မှုများအတွက် အရေးကြီးသယ်ဆောင်မှုပုဒ်မ (၈၁)နှင့်အမှုတစ်မှုပါ လူ(၅)ဦးအား   ဖမ်းဆီးထားပြီးဖြစ်ကြောင်း နောင်ချိုမြို့နယ်ရဲစခန်းမှ   ဒုရဲအုပ်တစ်ဦးက   အတည်ပြုပြောကြားခဲ့သည်။



အဆိုပါနွားများတင်ဆောင်နေသောနေရာမှာ   နောင်ချိုမြို့နယ် ဆမ္မဆယ်မှ သုံးဆယ်မြို့သို့ 
သွားသော ကားလမ်းဘေးတွင် တည်ရှိကြောင်းကိုလည်း ဆမ္မဆယ်ရွာခံများထံက
သိရှိရသည်။


မြစ်မခမီဒီယာ

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...