Ads (728x90)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၏ သမ္မတဦးသိန်းစိန်နှင့်
ရခိုင်ခေါင်းဆောင်များ အမေရိကပြည်ထောင်စုမှာ တွေ့ ဆုံခွင့်ပြုပေးပါရန်
အကြောင်းကြားခြင်း
နေ့ စွဲ--၈-၂၆-၂၀၁၂

၁----ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၏  သမ္မတ ဦးသိန်းစိန်သည်
လာမည့်စက်တင်ဘာလတွင် ကျင်းပမည့် ကုလသမ္မဂညီလာခံသို့  တက်ရောက်ရန်
အမေရိကပြည်ထောင်စုသို့  လာရောက်မည်ဖြစ်ကြောင်း သတင်းကြားသိရပါသည် ။ သို
့အတွက်ကြောင့် သမ္မတဦးသိန်းစိန်အား အမေရိကပြည်ထောင်စုသို
့ရောက်ရှိချိန်တွင် ဒေသခံရခိုင်လူမျိုးများမှ
ရခိုင်ခေါင်းဆောင်လူကြီးများက ရင်းနှီးချစ်ခင်စွာဖြင့် တွေ
့ဆုံလိုကြပါသည် ။

၂---- ယခုအချိန်တွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားနေသော ပြသနာပဋိပက္ခများအား
ငြိမ်းချမ်းစွာ ဖြေ၇ှင်းလိုပါ၍ အမေရိကပြည်ထောင်စုရောက်
ရခိုင်လူမျိုးများကလည်း တတ်နိုင်သမျှ ကိုယ်စွန်းညဏ်စွမ်းရှိသရွေ့ 
ကြိုးပမ်းနေကြပါသည် ။ သမ္မတဦးသိန်းစိန် ဦးဆောင်နေသော အစိုးရသည်လည်း
ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ရခိုင်နိုင်ငံရေးပါတီများက
ခေါင်းဆောင်များကို၎င်း တွေ့ ဆုံပြီး တိုက်တွန်းနိုးဆော်ခြင်းများ
ပြုလုပ်သည်ကိုလည်း ကြားသိရပြီးဖြစ်ပါသည် ။

၃----- ရခိုင်ပြည်နယ်အရေးသည် ရခိုင်လူမျိုးများ၏အရေးဖြစ်သလို
ပြည်ထောင်စုမြန်မာနိုင်ငံအရေးသည်လည်း မြန်မာနိုင်ငံရှိ
တိုင်းရင်းသားလူမျိုးများအရေးဖြစ်သောကြောင့် ယခုအချိန်တွင် အတူတကွ လက်တွဲ
ပါဝင်ပူးပေါင်း ဆောင်ရွက်သင့်သည်ဟု ထင်မြင်ယူဆကြပါသည် ။ အထူးသဖြင့်
နိုင်ငံတကာများမှ သတင်းအမှားများနှင့် ဓါတ်ပုံအမှားများကို
လုပ်ကြံတင်ပြနေခြင်းသည် ငြိမ်းချမ်းစွာ နေထိုင်လိုကြသော
မည်သည့်လူမျိုးကိုမဆို ထိခိုက်စေသော ပြသနာအရင်းအမြစ်ကြီးပင်ဖြစ်ပါကြောင်း
ကျွှန်ုပ်တို့ လက်ခံထားကြပြီးဖြစ်ပါသည် ။

၎----- ကျွှန်ုပ်တို့  ရခိုင်လူမျိုးများအနေဖြင့် ယခုအချိန်ထိ
ရခိုင်ပြည်နယ်မှ ပြသနာများကို ငြိမ်းချမ်းစွာဖြေရှင်း ဆောင်ရွက်နေသည့်
အစိုးရအားလည်း အထူးကျေးဇူးတင်ရှိပါသည် ။ နောက်ထပ်သွေးထွက်သံယိုမှုများ
မဖြစ်ပွါးစေရန်နှင့်  ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများက
အခြားသောတိုင်းရင်းသားလူမျိုးများနှင့်အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ
နေထိုင်ရေးကို ဆက်လက်ပြီး ဆောင်ရွက်ပေးစေလိုပါသည် ။ ထို့ ကြောင့်
အမေရိကပြည်ထောင်စုသို့  လာရောက်မည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏
သမ္မတဦးသိန်းစိန်နှင့် ယခုအချိန်တွင် ရခိုင်ပြည်နယ်အရေးကို မည်သို
့မည်ပုံ ဆက်လက်ဆောင်ရွက်သင့်သည်ကို ဆွေးနွေးရန်အတွက် တွေ့ ဆုံသင့်သည်ဟု
ထင်မြင်ယူဆကြပါသောကြောင့် အမေရိကပြည်ထောင်စုရှိ သံအမတ်ကြီးသည်၎င်း ၊
သမ္မတ၏ ဋ္ဌါနဆိုင်ရာ ၀န်ကြီးဋ္ဌါနများသည်၎င်း ၊ နိုင်ငံတော် သမ္မတနှင့်
ရခိုင်ခေါင်းဆောင် သက်ကြီးဝါကြီးများ တွေ့ ဆုံနိုင်ရေးကို
စီစဉ်ဆောင်ရွက်ပေးကြပါရန် လေးစားစွာ တင်ပြအပ်ပါသည် ။

ရခိုင်ခေါင်းဆောင်များ ၊ ဂုဏ်သရေရှိ သက်ကြီးဝါကြီးများ ကိုယ်စား

ခိုင်အောင်ကျော် ( နယူးယောက် )
           နှင့်
ရခိုင်သက်ကြီးဝါကြီး ခေါင်းဆောင်များ
နယူးယောက်မြို့ 
အမေရိကပြည်ထောင်စု
Arakanese Leaders and President meeting in NY.pdfArakanese Leaders and President meeting in NY.pdf
28K   View   Download  

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...