Ads (728x90)

ဒုက္ခသည်များအတွက် အကူအညီ စစ်သင်္ဘောဖြင့် ပို့မည်

ထွန်းထွန်း
မလေးရှားနိုင်ငံ အန်ဂျီအို  တစ်ခုမှ မြန်မာ မွတ်ဆလင် ဒုက္ခသည်များ အတွက် အကူအညီများကို ဘင်္ဂလာဒေခ်ျ့သို့ စစ်သင်္ဘော တစ်စီးဖြင့် ပို့ဆောင်ပေးမည်ဟု ဆိုသည်။
အဆိုပါ စစ်သင်္ဘောမှာ Royal Malaysian Navy ship KD Sri Indera Sakti ဖြစ်ပြီး သြဂတ်စ်လ ၃၀ ရက် သောကြာနေ့တွင် ဘင်္ဂလာဒေခ်ျ့နိုင်ငံ စစ်တကောင်း ဆိပ်ကမ်းသို့ ထွက်ခွာမည် ဖြစ်သည်။
အစားအစာများ သယ်ယူလာမည့် KD Sri Indera Sakti
၎င်းစစ်သင်္ဘောသည် ဒုက္ခသည်ပေါင်း တစ်သိန်းခန့် -  ၂ လတာ အသုံးပြုနိုင်မည့် တန်ချိန် ၄၈၀ ရှိသော  အစား အသောက်များကို သယ်ယူလာမည် ဖြစ်ပြီး စစ်တကောင်း ဆိပ်ကမ်းသို့ စက်တင်္ဘာလ ၅ ရက်နေ့တွင် ရောက်ရှိမည် ဖြစ်သည်။
အဆိုပါ အစားအစာများကို မလေးရှား အန်ဂျီအို တစ်ခု ဖြစ်သော The Kelab Putera 1Malaysia (KP1M) က စီစဉ် ပို့ဆောင်ခြင်း ဖြစ်သည်။
စစ်သင်္ဘောပေါ်တွင် ၎င်းအန်ဂျီအိုမှ ၀န်ထမ်း ၁၀ ဦးပါရှိသွားမည် ဖြစ်ပြီး ဘင်္ဂလာဒေခ်ျ့နိုင်ငံသို့ လေယာဉ်ဖြင့် ထွက်ခွာသွားမည့် ၁၀ ဦးပါ  ဆရာဝန် အဖွဲ့နှင့် ပူးပေါင်းကာ ကူညီရေး လုပ်ငန်းများကို စက်တင်္ဘာလ ၉ ရက်နေ့ထိ ဆောင်ရွက်မည်ဟု ဆိုသည်။
အထူးသဖြင့် အသက် (၇) နှစ်အောက် အဟာရချို့တဲ့နေသော ကလေးငယ်များ၏ ကျန်းမာရေးကို ကူတို့ပလောင်နှင့် နာရာပါရာ ဒုက္ခသည် စခန်းများတွင် ကုသပေးကြမည် ဟု ဆိုသည်။
ယခုကဲ့သို့ အကူအညီများ ပေးဆောင်ရေးအတွက် ကွာလာလမ်ပူရ်ရှိ မြန်မာ သံရုံးက ခွင့်ပြုချက် ပေးထားကြောင်း အန်ဂျီအို တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ( နိရဉ္စရာ )

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...