Ads (728x90)


ရာသီဥတုသာယာတဲ့ မနက်ခင်းတစ်ခုမှာ သေမင်းဟာ မြို့ ထဲကို လမ်းလျှောက်လာပါတယ်... ဒါကိုမြင်တဲ့လူကြီးတစ်ယောက်ဟာသေမင်းဆီသွားပြီး မေးလိုက်တယ်...
လူကြီး----သေမင်း မြို့ ထဲကိုဘာလာလုပ်တာပါလဲ..
သေမင်း---ငါဒီနေ့ လူအယောက် 100 ခေါ်သွားမလို့ ..
လူကြီး---ဟာကြောက်စရာကြီးပါလား...
သေမင်း---ကြောက်မနေနဲ့  ဟေ့လူ ဒါငါ့အလုပ်ဘဲလို့ ပြောလိုက်ပြီး ထွက်သွားတယ်..
  ဒါနဲ့  လူကြီးလဲကြောက်လန့် ပြီး တွေ့ သမျှ လူတွေကို လိုက်ပြောတာပေါ့  ငါတော့ သေမင်းနဲ့ တွေ့ ခဲ့တယ် သူဒီနေ့  လူ အယောက်100 တောင်ခေါ်မယ်ပြောတယ် ဘယ်သူတွေပါမယ်မသိဘူး မင်းလဲ ပါနိုင်တယ် ငါလဲ ပါနိုင်တယ် ကြည့်နေကြနော် လို့  တွေ့ တဲ့လူတိုင်းကိုလိုက်ပြောသတဲ့ အဲဒိအခါမှာ လူတွေလဲကြောက်လန့် င်္ပြီးဘာမှမစားနိုင် မသောက်နိုင် စိုးရိမ်ထိတ်လန့် ကြတာပေါ့...
  ဒီလိုနဲ့ ညနေရောက်တဲ့အခါမှာ လူကြီးကသေမင်းနဲ့ နောက်တစ်ခါထပ်တွေ့ပြန်တယ်...
လူကြီး---သေမင်း ခင်ဗျားပြောတော့ အယောက် 100 ဘဲခေါ်မှာဆို အခုဘာလို့  အယောက် 1000 တောင် သေရတာလဲ..
သေမင်း---ငါက ငါ့ကတိ ကို ငါတည်တယ် ဟေ့ကောင် အယောက်100 ဘဲခေါ်တာ ကျန်တဲ့သူတွေက သူတို့ ဘာသာစိုးရိမ်ပြီးသေကြတာ ငါနဲ့ မဆိုင်ဘူး မင်းနဲ့ ဘဲဆိုင်တယ်လို့ ပြောလိုက်သတဲ့ ...

FWD Mail

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...