Ads (728x90)


...........နာမည်ပေးကောင်းတဲ့ဘွားဘွား..........
အဘွားက လသား မြေးငယ်လေးကို တွန်းလှည်းပေါ်တင်ပြီးလမ်းမကြီးအောက်ဘက်သို့
တွန်းလာခဲ့သည်။
"အေး အေး အို၊ အိပ်ပါ ဒီပလိုမာ လေးရယ်"
ထိုအခိုက် အဘွား၏မိတ်ဆွေတစ်ယောက်က သူတို့မြေးအဘွားနားရောက်လာ၏။ 'ဘယ်လို
နာမည်ကဆန်းလှချေလား
ဘာဖြစ်လို့ ညည်းမြေးကို ဒီပလိုမာ လို့မှည့်ထားတာလဲ'
သည်တော့ အဘွားဖြစ်သူက "ဒီလိုဟေ့ ငါ့သမီးကို ကောလိပ်ပို့လိုက်တယ်၊ အဲ
ကောလိပ်ကပြန်လာတော့ ငါ့သမီးယူခဲ့
တာက ဒီကလေးပဲလေ"
*********************************************
..........သမတ်တို့အချိုး..........
လူငယ်တစ်ယောက်က ရဲရဲတင်းတင်းပင်ပြောပြလိုက်၏။
'ဦးသမီးကို ကျွန်တော်လက်ထပ်ချင်ပါတယ်'
သည်အခါ သမီးရှင် အဘိုးကြီးက မျက်နှာထားတင်းတင်းပြန်မေးသည်။
"မင်း အရက်သောက်တက်လား"
'ကျေးဇူးတင်ပါတယ် ဦး၊ အရေးကြီးတဲ့ အကြောင်းပြောပြီးမှ သောက်ကြတာပေါ့'
********************************************
............ငြိမ်းချမ်းဘ၀...........
'ငါ့ဦးလေးတော့ လွန်ခဲ့တဲ့ တစ်ပတ်ကပဲ ငြိမ်းချမ်းတဲ့ ဘ၀ ကိုရသွားပြီလေ'
"ဟ မင်းဦးလေး ဆုံးသွားတာငါတောင်မသိလိုက်ပါလား"
'ငါ့ဦးလေး မဆုံးပါဘူး၊ ငါ့အဒေါ်ဆုံးသွားတာပါ'

...........ကြီးမားလွန်းတဲ့ သူ့ရည်ရွယ်ချက်..........
"ငါ့အကို လွန်ခဲ့တဲ့ လေးနှစ်က လွှတ်တော်အမတ်ရွေးပွဲ ၀င်တယ်လေ"
'ခု သူ ဘာတွေလုပ်နေသလဲ'
"ဘာမှမလုပ်ဘူး၊ သူ အရွေးခံလိုက်ရတယ်လေကွာ"

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...