“မွတ်ဆလင်မ် ”ဟူသည်အရဘီသာသာစကားဖြစ်သည်။ “ငြိမ်းချမ်းစေသူ၊ အမိန့်နာခံသူ ” ဟု အဓိပ္ပါယ်ရပါသည် ။ (အထက်ပါ အဘိဓါန်)
“မဟာမေဒင်” ဟူသည် ဗြိတိသျှနယ်ချဲ့တို့ က ခရစ်တော် ၏သာသနာ “ခရစ်ယာန်” ဟုခေါ်သကဲ့သို့ အစ္စလာမ် ဘာသာ၏ ခေါင်းဆောင်ကြီး “တမန်တော် မုဟမ္မဒ်” ကိုအစွဲပြု၍ “မဟာမေဒင်” ဘာသာတရားဟု မှားယွင်းစွာ အမည်ပေးထားခြင်းဖြစ်သည်။ (ဗြိတိသျှတို့သည် မြန်မာ ကိုဘားမား ၊ ရန်ကုန်ကို ရဲန်ဂူးန် ဟု မှားယွင်းစွာ အမည်ပေးသကဲ့သို့ ဖြစ်ပါသည်။ ) (စာရေးသူ၏ ဥပဒေဘွဲ့စာတမ်း)
မြန်မာနိုင်ငံ သို့ အစ္စလာမ်ရောက်ရှိလာပုံ
(၁) ခရစ်သက္ကရာဇ် (၇၀၀-မှ ၁၅၀၀) အတွင်းအင်္ဂလန် နိုင်ငံတွင် နှင်းဆီစစ်ပွဲ (War of Rose ) စစ်ပွဲကြီးများ ဖြစ်ပွားနေဆဲ ရခိုင်ပြည်နယ်၊ရမ်းဗြဲကျွန်းအနီ
အေဒီ (၆၅၂-၆၆၀) ပုဂံ၊ ပိတ်သုံမင်း ခေတ်တွင် အာရဗ်ကုန်သည် သဘောင်္များ သထုံ မုတ္တမ ဆိပ်ကမ်း မျာသို့ မကြာခဏ ၀င်ရောက်ကြကြောင်း ၊ အေဒီ (၈၀၀) ကျော်တွင်ရေးသား ခဲ့သော အာရဗ် မှတ်တမ်းများတွင် တွေ့ရပါသည်။
ထိုအာရဗ် များမှာ အစ္စလာမ်ဘာသာဝင် မွတ်ဆလင်မ် များဖြစ်ကြပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ (ရခိုင်ဒေသ၊ မွန်ဒေသ)အတွင်းဦးစွာရောက်ရှိလာေ
(၂) ထို့နောက် မြန်မာနိုင်ငံအတွင်းအခြေချနေထို
ကောဇာသက္ကရာဇ် (၅၈၃) ခုနှစ်မှစ၍ ကုလား-ပသီ မင်း (၃)ဆက် ပုသိမ်မြို့ကို ၁၂နှစ်တိုင် အုပ်ချုပ်ခဲ့ကြ၍ ပုသိမ်မြို့မှာ “ ပသီ”မြို့ဖြစ်ခဲ့ဖူးပါသည်။
ထိုဖာရစီ -ပသီများမှာ အစ္စလာမ်ဘာသာဝင် အီရန်အနွယ် ၀င်များဖြစ်ကြပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ တောင်ပိုင်းတွင် ဦးစွာ အခြေချ နေထိုင်သူများမှာ ဘင်္ဂါလီများမဟုတ်ပဲ အီရာန် နွယ်ဖွား ပသီ မွတ်ဆလင်မ်များသာ ဖြစ်ပါသည်။
ထို့အတူ မြန်မာနိုင်ငံမြောက်ပိုင်းသို့လ
(၃) အေဒီ (၁၂၅၅-၁၂၈၅) ပုဂံမင်းဆက် ၊ နရပတေ့မင်း လက်ထက်တွင် တရုတ်တို့နှင့် စစ်ဖြစ်ပွားခဲ့ပါသည်။ တရုတ်စစ်တပ် (တာတာ စစ်တပ်) ၏ အကြီးအမှူးမှာ ဗိုလ်မှူးနဇရွတ်ဒင်း (အစ္စလာမ်အာရဗ်အမည်) ဖြစ်ပါသည်။ (၁၃၇၃-၇၄ ခုနှစ်တွင် စိုက်ထူခဲ့သော ရတနာစေတီ ကျောက်စာ)
ရတနာစေတီကျောက်စာ တွင် “မြင်းစိုင်းရောက် ခန်းတရက် မင်းကြီး ”ဟု ရေးထားပါသည်။ “ခန်း” ဟူသည် (တရုတ် ဧကရာဇ်) “ ကုဗလိုင်ခန်း” ကို ဆိုလိုဟန်တူပါသည် ။“တရက်”ဟူသည် “တူရကီ” ဟူသောစကားမှာ ပျက်လာဟန်တူသည်။ “တရက်”လူမျိုး တို့ကို မောင်ဂို (မောင်းဂွတ်) မန်ချူးရီးယန်းလူမျိုး၊ မဟာမက်ဘာသာဝင်များ၊ တရုတ်ပန်းသေးများ စသည်ဖြင့် အမျိုးမျိုးခေါ်ကြပါသည်။
ထိုတရုတ် / မောင်ဂို/ မောင်းဂွတ် / မန်ချူးရီးယား (ယခုအခေါ်)ပန်းသေး များမှာ အစ္စလာမ်ဘာသာဝင် တရုတ်လူမျိုးများ ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် မြောက်ပိုင်းသို့ ၀င်ရောက်လာသော အစ္စလာမ် ဘာသာဝင်များမှာ ဘင်္ဂလီများမဟုတ်ကြပဲ တရုတ်မွတ်စလင် များသာဖြစ်ပါသည်။
(၄) (၁၄)ရာစုနှစ်များအတွင်း မြန်မာနိုင်ငံမြိတ်မြို့သို့ အာရဘ်ကုန်သည် များရောက်ရှိရုံသာမက ၊မြိတ်မြို့နောက်လယ်ရပ်တွင်အခြေ
ထို့ကြောင့် မြန်မာနိုင်ငံ တောင်ဘက် မြိတ်ဒေသသို့ ၀င်ရောက်အခြေစိုက်နေထိုင်ကြသော အစ္စလာမ် ဘာသာဝင်များမှာ ဘင်္ဂလီများမဟုတ်ကြပဲ အာရဗ် မွတ်ဆလင်များသာဖြစ်ပါသည်။
ထို့နောက်ရခိုင်ဘုရင်များနဲ့ အစ္စလာမ်ဘာသာ ဆက်စပ်ပုံကိုတင်ပြပါမယ်။
(၅) အေဒီ ( ၁၄၀၄ မှ ၁၆၀၂) အထိ ရခိုင်ဘုရင်များသည် မွတ်ဆလင်မ်ဘွဲ့ အမည်များတပ်ခဲ့ပါသည်။
(၁၄၅၉ -၈၂) တွင်မင်းဖြစ်ခဲ့သူ ဘစောဖြူလက်ထက်တွင်ရခိုင်ပြည်သုံ
(၁၆၆၀) ခုနှစ်တွင် ရခိုင်ဘုရင်ဖြစ်လာသော စန္ဒဓမ္မမင်းလက်ထက်တွင် အိန္ဒိယ ပြည်မဂို ဘုရင် သြရန် ဂဇစ် နှင့် ညီတော် ရှာရှုဂျာ မင်းသားတို့ နန်းလုခဲ့ကြရာမှ ရှာရှုဂျာ မင်းသား အရေးနိမ့်ပြီ ချွေယံသင်းပင်းများနှင့် ရခိုင် ဘုရင်ထံ ခိုလှုံခဲ့ကြပါသည်။ ထိုသူများ ၏ အဆက်အနွယ်များမှာ “ကမန်” တိုင်းရင်းသားများဖြစ်လာပါသည်။
ထိုကမန်တို့မှာလည်း ဘင်္ဂါလီများမဟုတ်ပဲ မဂိုအနွယ် အစ္စလာမ် ဘာသာဝင်များ သာဖြစ်ပါသည်။
(၆) အေဒီ (၁၅၃၀-၁၅၅၀) တွင်တောင်ငူ ဘု၇င်တပင်ရွှေထီးလက်ထက်တွင် ၄င်း၏ တပ်များက မွန်တို့ဌာနေ ဟံသာဝတီ ကို ချီတက်တိုက်ခိုက်ခဲ့သည်။ မွန်တို့ဘက်မှ ပသီပန်းသေးများ က မြို့ထိပ်မှ စိန်ပြောင်း မြတပူ တို့ဖြင့် ပစ်လွတ်နေ၍ အရှအနာများပြီးရှေ့မတိုးနိုင်အေ
ထို ပသီပန်းသေးတို့မှာ အစ္စလာမ်ဘာသာဝင် တရုတ်အနွယ်မွန်နိုင်ငံသားများဖြ
(၇) အေဒီ ( ၁၆၀၅-၁၆၈၂)အတွင်း တောင်ငူဘုရင် အနောက်ဘက်လွန်မင်း ခေတ်ဖြစ်ပါသည်။ ထိုခေတ်တွင် သန်လျင်မြို့မှ ပေါ်တူကီလူမျိုး ငဇင်ကာ ပုန်ကန်ခြားနားလာသဖြင့် အနောက်ဘက်လွန်မင်းတပ်များ သန်လျင်ကို ချီတက်တိုက်ခိုက်ခဲ့သည်။ ငဇင်ကာ က အိန္ဒိယ မှ အစ္စလာမ် ဘာသာဝင် စစ်သားများ ပါဝင်သော စစ်သင်္ဘော ၅စင်း ကို ငှားရမ်းခေါ်ယူခဲ့ပါသည်။ ဘုရင့်စစ်သည် များအောင်နိုင်၍ ငဇင်ကာ အသတ်ခံရပါသည်။ စစ်သင်္ဘော ၅စင်းအနက် ၄စင်းကို စစ်သားများဖမ်းမိခဲ့သည်။ လှေတပ်ဝန်မင်း ရဲကျော်ထင် ၏လျှောက်ထားခဲ့ရာ မင်းကြီး က ပသီ တို့ကို မသတ်မညှစ်ရ ဟု အမိန့်ထုတ်ပြီး ဖမ်းဆီခေါ်ဆောင်လာစေခဲ့ပြီး ယင်းသုံ့ပန်းများ ကို ရွှေဘို မြို့မြောက်ဘက်ရပ်နှင့် အင်းဝ မြောက်ဘက်တို့တွင် အစုခွဲ ပြီးနေရာချထားပေးခဲ့ပါသည်။
အနောက်ဘက်လွန်မင်း လွန်ပြီးနောက် (၁၆၂၉-၁၆၄၈) တွင်နန်းတက်သော သာလွန်မင်း လက်ထက်တွင် ဘုရင့် အမိန့်တော်နှင့် ဖမ်းဆီးရမိလာသော အစ္စလာမ်ဘာသာဝင် တို့ကို ရွှေဘိုနယ်၊ စစ်ကိုင်းနယ်၊ ကျောက်ဆည်နယ်၊ တို့တွင် လုပ်မြေ၊နေမြေ များပေး၍ အတည်တကျနေရာချထားပေး၏ ။ ဘုရင့်ကိုယ်ရံတော်တပ်တွင် လည်းသေနက်ကိုင် စစ်မှုထမ်းများ အနေဖြင့် ခန့်ထားခဲ့၏။
ယင်းသို့ မြန်မာနိုင်ငံအထက်ပိုင်းတွင် အခြေတကျ နေထိုင်ခွင့်ရသူများမှာ ဘင်္ဂါလီများ မဟုတ်ပဲ မြန်မာ ဘုရင့် သစ္စာခံ အစ္စလာမ် ဘာသာဝင်များဖြစ်ပါသည်။
(၈) အေဒီ (၁၆၉၈-၁၇၁၄) အတွင်း စနေမင်းထံသို့ အိန္ဒိယနိုင်ငံသား (၃၀၀) ကျော်သည် ရခိုင်ဒေသမှ တဆင့် ၀င်ရောက်ခိုလှုံလာကြသည်။ ၄င်းတို့အထဲတွင်စစ်ရေးကျွမ်းကျင
ယနေ့ ရွှေဘို မြောက်လက်မှာ ရှိကြသော (၃၇၀၀) အနွယ်များမှာ ဤအနွယ်များဖြစ်သည်။ ၄င်းတို့သည် ဘင်္ဂလီ များ မဟုတ်ပဲ မြန်မာနိုင်ငံ သားခံယူလာကြသူ အိန္ဒိယ အနွယ် အစ္စလာမ် ဘာသာဝင်များ သာဖြစ်ပါ သည်။
အစ္စလာမ် နဲ့ မွတ်ဆလင်မ် ကိုရေးထားတာတွေ့ရပေမဲ့ ခေါင်းစဉ်က ရိုဟင်ဂျာဆိုတာ စာကိုယ်ထဲမှာ မတွေ့ရပါခင်ဗျား။
ReplyDelete