Ads (728x90)

InnoWave IT Solutions သည် ဆော့ဝဲလ်ကုမ္ပဏီ တစ်ခုဖြစ်ပြီး ပြည်တွင်း ပြည်ပ ကုမ္ပဏီများအတွက်
ဆော့ဝဲလ်ရေးဆွဲခြင်း၊ Website များ ရေးသားခြင်းတို့ကို ဆောင်ရွက်လျက် ရှိသည်။
Innowave တွင် လုပ်ကိုင်ရန်အတွက် အောက်ပါ ၀န်ထမ်းများကို ခေါ်ယူလျက် ရှိပြီး
စိတ်ပါဝင်စားသူများ အနေဖြင့် iwavejobcareer@gmail.com သို့ မျှော်မှန်းလစာနှင့် အတူ CV ပေးပို့
လျှောက်ထားနိုင်ပါသည်။
Java Programmer (၃) ဦး
လုပ်ငန်းအတွေ့အကြုံ ၃ နှစ်မှ ၅ နှစ် အကြား ရှိရမည် ဖြစ်ပြီး MSSQL, Angular JS, J2EE နှင့် J2SE
တို့ကို ကျွမ်းကျင်စွာ အသုံးချနိုင်ရမည်။
Android Developer (၂) ဦး
လုပ်ငန်းအတွေ့အကြုံ ၃ နှစ်မှ ၅ နှစ် အကြား ရှိရမည် ဖြစ်ပြီး Phone Gap နှင့် Native App များ
ရေးသား နိုင်ရမည်။
Technical Support (၁) ဦး
သက်ဆိုင်သည့် လုပ်ငန်း အတွေ့အကြုံ အနည်းဆုံး (၁) နှစ် ရှိပြီး Innowave မှ မကြာခင်
ဈေးကွက်တင်မည့် ဆော့ဝဲလ် အသုံးပြုရန် အတွက် လိုအပ်သည့် hardware များ တပ်ဆင်ခြင်း၊ Client
များ၏ ဆိုင်ခန်း (သို့) ရုံးခန်းတွင် အခြေခံ Network ဖန်တီးခြင်း၊ ဆော့ဝဲလ် အသုံးပြုရန် Training
ပေးခြင်း စသည်တို့ ပြုလုပ်ရမည် ဖြစ်ပြီး Linux အခြေခံ (Ubuntu OS) ကို အသုံးပြုနိုင်သည့်
အတွေ့အကြုံ ရှိသူကို ဦးစားပေးမည်။ ပြည်တွင်းတွင် ခရီးသွားလာနိုင်ရမည်။
Sales & Marketing Executive (၂) ဦး
Innowave မှ မကြာခင် ဈေးကွက်တင်မည့် ဆော့ဝဲလ်အား ဈေးကွက်အတွင်း ရှင်းလင်းသရုပ်ပြခြင်း၊
Customer များထံ သွားရောက် ရှင်းလင်းရောင်းချခြင်း စသည်တို့ ပြုလုပ်နိုင်ရမည်။ အင်တာနက်နှင့်
အီးမေးလ်ကို အလုပ်သဘောအရ ကျွမ်းကျင်စွာ အသုံးပြုတတ်သူ ဖြစ်ရမည်။ Social Media အသုံးပြု၍
Marketing ပြုလုပ်နိုင်သူကို ပိုမို ဦးစားပေးမည်။ အခြေခံလစာနှင့် အပိုဆောင်းငွေ (commission)
ပေးမည်။ ပြည်တွင်းတွင် ခရီးသွားလာနိုင်ရမည်။
UI / UX Designer (၁) ဦး
လုပ်ငန်း အတွေ့အကြုံ အနည်းဆုံး ၁ နှစ် ရှိရမည် ဖြစ်ပြီး Photoshop နှင့် Illustrator တို့ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။ CSS နားလည် တတ်ကျွမ်းသူကို ဦးစားပေးမည်။

သတိပြုရန်// ယခုဖော်ပြပါ အလုပ်ခေါ်စာသည် 23.9.2016 နေ့ တွင် တင်ထားခြင်းဖြစ်ပါသည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...