အမေရိကန်ပြည်ထောင်စုက စီးပွားရေး ပိတ်ဆို့ထားသော မြန်မာလုပ်ငန်းရှင်
၁၀၄ ဦးကို ပိတ်ဆို့မှုစာရင်းမှ ပယ်ဖျက်ပေးမည် ဖြစ်ကြောင်း
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး စကော့မာစီရယ်က ပြောဆိုလိုက်သည်။
ယနေ့ မွန်းလွဲပိုင်းတွင် အမေရိကန်သံရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
“တစ်ဦးချင်း
ပစ်မှတ်ထားပြီး ပိတ်ဆို့ထားတာ ၁၀၄ ဦး ရှိပါတယ်။
ဆန်ရှင်ရုပ်သိမ်းလိုက်တာနဲ့ တစ်ပြိုင်နက် သူတို့အားလုံး လွတ်မှာပါ” ဟု
အမေရိကန် သံအမတ်ကြီးက ပြောဆိုသည်။
သို့သော်
မူးယစ်ဆေးဝါးနှင့် လက်နက်ကုန်သွယ်မှုတို့ဖြင့်
ဆက်စပ်ပိတ်ဆို့ခံထားရသူများမှာမူ ပိတ်ဆို့မှုစာရင်းတွင်
ဆက်လက်ကျန်နေနိုင်သေးကြောင်း သံအမတ်ကြီးက ထပ်လောင်းပြောဆိုသည်။
အမေရိကန်ပြည်ထောင်စု၏
စီးပွားရေးပိတ်ဆို့မှု စာရင်းတွင် မြန်မာစီးပွားရေးသမားကြီးများ ဖြစ်သော
ဦးတေဇ၊ ဦးဇော်ဇော် စသည့် ထင်ရှားသူ အများအပြား ပါဝင်သည်။
စီးပွားရေး
ပိတ်ဆို့မှုများ ဖယ်ရှားပေးမည့် ထုတ်ပြန်ကြေညာချက်ကို နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့
စက်တင်ဘာလ ၁၄ ရက်နေ့က အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေးပြီးနောက်
ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
မူရင်းပို့ စ် - လုပ်ငန်းရှင် ၁၀၄ ဦးကို ပိတ်ဆို့မှုစာရင်းမှ အမေရိကန် ပယ်ဖျက်မည်
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။