Ads (728x90)


မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ
ဝ ခုကြွင်းလျှင်
ဝခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား
ဝခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား
ဝခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား
ဝခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား
ဝခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား
ဝခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား
ဝခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ
၁ခုကြွင်းလျှင်
၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား
၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား
၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား
၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား
၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား
၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား
၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ
၂ ခုကြွင်းလျှင်
၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား
၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား
၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား
၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား
၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား
၂ ခုကြွင်းသောကြာ ဖြစ်ခဲ့လျှင်အဓိပတိဖွား
၂ ခုကြွင်းစနေ ဖြစ်ခဲ့လျှင်ရာဇဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇ နှင့်စားပါ
၃ ခုကြွင်းလျှင်
၃ခုကြွင်း တနင်္ဂနွေသားဖြစ်လျှင် ရာဇဖွား
၃ခုကြွင်း တနင်္လာ ဖြစ်လျှင်အထွန်းဖွား
၃ခုကြွင်း အင်္ဂါ ဖြစ်လျှင်ဘင်္ဂဖွား
၃ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင် ပုတိဖွား
၃ခုကြွင်း ကြာသပတေးဖြစ်လျှင်သိုက်ဖွား
၃ခုကြွင်း သောကြာဖြစ်လျှင် မရဏဖွား
၃ခုကြွင်းစနေ ဖြစ်လျှင် အဓိပတိဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇ နှင့်စားပါ
၎ ခုကြွင်းလျှင်
၎ခုကြွင်း တနင်္ဂနွေဖြစ်လျှင် အဓိပတိဖွား
၎ခုကြွင်းတနင်္လာ ဖြစ်လျှင် ရာဇဖွား
၎ခုကြွင်း အင်္ဂါ ဖြစ်လျှင် အထွန်းဖွား
၎ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင် ဘင်္ဂဖွား
၎ခုကြွင်း ကြာသပတေး ဖြစ်လျှင် ပုတိဖွား
၎ခုကြွင်း သောကြာ ဖြစ်လျှင် သိုက်ဖွား
၎ခုကြွင်းစနေ ဖြစ်လျှင် မရဏဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ
၅ခုကြွင်းလျှင်
၅ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် မရဏဖွား
၅ခုကြွင်းတနင်္လာ ဖြစ်လျှင် အဓိပတိဖွား
၅ခုကြွင်းအင်္ဂါ ဖြစ်လျှင် ရာဇဖွား
၅ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင် အထွန်းဖွား
၅ခုကြွင်းကြာသပတေး ဖြစ်လျှင် ဘင်္ဂဖွား
၅ခုကြွင်းသောကြာ ဖြစ်လျှင် ပုတိဖွား
၅ခုကြွင်းစနေ ဖြစ်လျှင် သိုက်ဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇ နှင့်စားပါ
၆ခုကြွင်းလျှင်
၆ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင်သိုက်ဖွား
၆ခုကြွင်း တနင်္လာ ဖြစ်လျှင် မရဏဖွား
၆ခုကြွင်း အင်္ဂါ ဖြစ်လျှင် အဓိပတိဖွား
၆ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင်ရာဇဖွား
၆ခုကြွင်း ကြာသပတေး ဖြစ်လျှင်အထွန်းဖွား
၆ခုကြွင်း သောကြာ ဖြစ်လျှင် ဘင်္ဂဖွား
၆ခုကြွင်းစနေ ဖြစ်လျှင်ပုတိဖွား
😃😃😃😃😃😃😃😃😃😃😃😃
မရဏဖွားဟောကိန်း
မရဏဖွားတွေရဲ့စိတ်ကကြောက်စရာကောင်းသည်။ အမြဲတမ်း အစွန်းနှစ်ဖက်ရောက်နေတတ်တတ်သည်။ အချို့နေရာတွေမှာ ခြေသုတ်ပုဆိုးမြွေဆွယ်ကျိုးလို သည်းခံတတ်ပေမဲ့ ရက်စက်ပြီဆိုရင်လဲ သူများလိုက်မမှီအောင် ရက်စက်တတ်သူပါ။ မြွေပွေးတစ်ကောင်နှင့်အလားသဏ္ဍာန်တူသည်။ မထိသ၍ဘာမှရန်မပြုပေမဲ့ ထိမိလိုက်ရင်တော့ အန္တရာယ်အလွန်ရှိတတ်ကြသည်။ ထက်မြက်တယ်။ စိတ်ဓာတ်ပြင်းထန်ကြတယ်။ သမာသမတ်ကျတယ်။ အမှန်တရားကိုမြတ်နိုးသည်။ ရှေ့နေရှေ့ရပ်ကိစ္စ၊ ကြားဝင်ညှိနှိုင်းဆောင်ရွက်ရာမှာ ထူးချွန်တတ်သည်။
ဆွေးမျိုးထက် တစိမ်းကပိုအကျိုးပေးသည်။ ဆွေမျိုးတွေ ဒုက္ခပေးတတ်သည်။ တစိမ်းတရံကြားမှာအခြေချနေထိုင်ရတတ်သလို ဇာတိရဲ့အဝေးမှာ ထွန်းပေါက်အောင်မြင်တတ်တယ်။ တစ်ခါ တရံဇွတ်တရွတ်လုပ်တတ်တာမျိုးရှောင်ပါ။ ကိုယ်ကအလုပ်အပေါ် သေချာဂရုစိုက်လုပ်ရင်တောင် သူများတွေက ပေါ့တယ် ဂရုမစိုက်ဘူး အလုပ်အပေါ်အလေးမထားဘူးလို့အပြောခံရတတ်တာမျိုးပါ။ မိမိကလဲ အလုပ်တစ်ခုကိုအစပိုင်းမှာစိတ်ပါဝင်စားတတ်သော်လည်း နောက်ပိုင်း မှာ ပျင်းရိသွားတတ်သူပါ။ကောက်ရိုးမီးလိုပါပဲ။ အစကတော့ ဟုန်းခနဲပေါ့။ နောက်ပိုင်းတော့ မီးစပင်ရှာလို့မရတတ်ဘူး။
အဲဒါကြောင့်ပဲ အလုပ်ခဏ ခဏပြောင်းမိနေတတ်တယ်။
မရဏဖွားတွေလဲ နှစ်ရှည်လုပ်ရတဲ့အလုပ် ၊ ကြာရှည်လုပ်ကိုင်ရတဲ့အလုပ်မျိုးတွေနဲ့ မသင့်လျော်ဘူး။
ဥပမာ ပေးရရင် နှစ်ရှည်ပင်စိုက်ပျိုးခြင်း၊ ဥယျာဉ်ခြံ ၊ Hotel လုပ်ငန်းမျိုးတွေပေါ့။ အခုလုပ်အခုအကျိုးအမြတ်ရတဲ့ ပေါ်ပင်အလုပ်မျိုးတွေနဲ့ပဲသင့်လျော်ပါတယ်။ မိမိကစိတ်မြန်လက်မြန်ရှိပြီး မြန်မြန်သွက်သွက် နဲ့ လက်တွေ့ကျကျလုပ်ရသောအလုပ်တွေကို သဘောတွေ့တတ်ကြပါတယ်။ မရဏဖွားတွေ လောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်သူပါ။ ဒုက္ခလောကဓံကိုခါးစည်းခံနိုင်သလို သုခလောကဓံကိုလဲ ခံနိုင်သူပါ။ "ငရဲဆိုတာ ငါ့အတွက်တော့ ချွေးထုတ်ခန်း ဝင်သလောက်ပါပဲ"လို့ ပြောမဲ့သူတွေပါ။
မရဏဖွားတွေက အပြင်ပန်းကကြည့်ရင်တော့ လျှင်မြန်တယ် ဉာဏ်ပြေးတယ် သွက်လတ်တယ်လို့ ထင်ရပေမဲ့ လက်တွေ့မှာတော့ ကိစ္စတစ်ခုကို ဆုံးဖြတ်ချက်ချရာမှာ ချိတုံချတုံအလွန်ဖြစ်တတ်ပါတယ်။
ငါလုပ်လိုက်တာမှားသွားလားဆိုပြီး စိုးရိမ်စိတ်ကလေး အမြဲဝင်တတ်ပါတယ်။အားနည်းချက်က အလွန်မေ့တတ်တာပါ။ ပြောထားပြီး မေ့နေပြန်ရော။ အသက်ကြီးလာရင် အလွန်မေ့တတ်ကြတယ်။
သူတစ်ပါးအလုပ်ပင်ဖြစ်ပါစေ စေတနာပါပါနဲ့လုပ်ကိုင်ပေးတတ်သူပါပဲ။မိမိကိုယ် အားကိုးပြီးခိုင်းရင် အားကိုးသလောက်ပြန် လုပ်ပေးတတ်တယ်။ စကားကြီးစကားကျယ်ပြောတာ
အမှန်အတိုင်းသာပြောတတ်တာ တွေက လူမုန်းများသွားတတ်ပါတယ်။ ဘဝတည်ငြိမ်မှုအားနည်းတယ်။ လှိုင်းတပိုးတွေလို ဘဝကအတတ်အကျများတယ်။ အပယိကရောဂါလေး
တွေ ခဏခဏဖြစ်လွယ်တယ်။ ငယ်ဇာတာမကောင်းပါ။ ပင်ပန်းရတတ်တယ်။ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်လွယ်တယ် ။ အိုဇာတာကတော့ ပထမတန်းစားကောင်းသူပါ။ မရဏဖွားတွေဟာ မိမိအပူသောကတွေကို သူများတွေကို လက်ဆင့်မကမ်းတတ်သူပါ။ ဒုက္ခတွေကို တစ်ယောက်ထဲခါးစည်းခံမဲ့သူတွေပါ။ ရောဂါဖြစ်ရင်တောင် အိမ်သားတွေမပြောဘဲ တစ်ယောက်ထဲကြိတ်ခံ တတ်တာမျိုးပါ။
ဘဝကိုအရှုံးမပေးတတ်သူတွေပါပဲ။ ဘယ်လိုအခက်အခဲကြုံကြုံရင်ဆိုင်သွားတတ်သူပါ။ ကံကြမ္မာကလဲ အခွင့်အရေးကောင်းတွေ မကြာခဏပေးတတ်ပါတယ်။ မိမိကဖမ်းဆုပ်တတ်ဖို့ပဲလို
ပါတယ်။ ကိုယ့်ကိုယ်ကို ဖျက် သံချေးတတ် ဆိုတာမျိုးမဖြစ်အောင် ဂရုစိုက်ပါ။ ကံက အတိုက်အခံတွေ့လေ အောင်မြင်လေပါပဲ။ မင်္ဂလာတရားတော်ထဲက 'အတ္တသမ္မာ ပဏိဓိ စ" ဆိုတဲ့ မင်္ဂလာတရားတော်နဲ့အညီ မိမိကိုယ်ကိုစောင့်ထိန်းနိုင်မယ်ဆိုရင်တော့ အောင်မြင်မှုဆိုတာကို မလွဲမသွေ ခံစားရမှာပါ......။ ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...