Ads (728x90)


အမေရိကန်ပြည်ထောင်စု၊ ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲ ဝင်နေသည့် ဟီလာရီ ကလင်တန်သည် ကွန်ပျူတာဆော့ဖ်ဝဲနှင့် ဟာ့ဒ်ဝဲများ ထုတ်လုပ်သည့် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းမှ ဈေးအပေါဆုံး အိုင်တီပစ္စည်းများ ထုတ်လုပ်ပြီး ဒေါ်လာ ၁၀ သန်း ဝင်ငွေရရှိခဲ့ကြောင်း New York Post သတင်းတွင် ဖော်ပြထားသည်။

Super Cheap ဟု ခေါ်သည့် တန်ဖိုးနည်း ကွန်ပျူတာပစ္စည်းများ ထုတ်လုပ်နေသော Denver ကုမ္ပဏီကို ဟီလာရီသည် ကိုယ်ပိုင်လုပ်ငန်းတစ်ခု အနေနှင့် ထူထောင်ထားပြီး ယင်းကုမ္ပဏီ ဝန်ထမ်းတစ်ယောက်နှင့် New York Post တို့ အင်တာဗျူးတွင် ယင်းသို့ ထုတ်ဖော်ပြေကြားခြင်း ဖြစ်သည်။

“ကွန်ပျူတာနဲ့ ပတ်သက်တဲ့ တန်ဖိုးနည်း ပစ္စည်းတွေ ထုတ်လုပ်တာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ကတည်းက ထူထောင်ထားတာ ဖြစ်ပြီး အမှတ် ၄၄၃၊ မက်ဒီဆင်ရိပ်သာလမ်းမှာ ဟီလာရီကိုယ်တိုင် ရုံးထိုင်ပါတယ်” ဟု ယင်းကုမ္ပဏီမှ အိုင်တီပညာရှင် ပေါလ်ကွမ်ဘက်တီက သူ၏ အီးမေးလ်တွင် ထုတ်ဖော်ရေးသားထားသည်။

ဟီလာရီ၏ မန်နေဂျာကလည်း ၁၉ လက်မနှင့် ၂၀ လက်မအရွယ် မော်နီတာများကို တန်ဖိုးနည်းနည်းဖြင့် ရောင်းချနိုင်စေရန် စီစဉ်ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး  အကျိုးအမြတ်များ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

အခြားကွန်ပျူတာ ဈေးနှုန်းများထက် တန်ဖိုးနည်း ပစ္စည်းများကို ထုတ်လုပ်မှုအား ဦးစားပေးခဲ့ခြင်းကြောင့် ယခုလို အောင်မြင်ခဲ့ရသည်ဟု အော်ပရေးရှင် မန်နေဂျာ မာရီဆာ မက်အော်လီဖီးကလည်း ဆိုသည်။

ဟီလာရီနှင့် ဘီလ်ကလင်တန်တို့ ဇနီးမောင်နှံ နှစ်ဦးသည် ၂၀၁၅ ခုနှစ်ကလည်း စာအုပ်ထုတ်ခြင်းဖြင့် ရရှိသော အကျိုးအမြတ်မှာ ဒေါ်လာ ၁၀ သန်းကျော် ဖြစ်ကြောင်း၊ ယင်းဝင်ငွေထဲတွင် ဟောပြောပွဲနှင့် အကြံပေးခများမှ ရသော ငွေများလည်း ပါကြောင်း New York Post တွင် ရေးသားထားသည်။

ဟီလာရီသည် မိမိသမ္မတအဖြစ် ရွေးကောက်ခြင်း ခံရလျှင် အိမ်တွင်းမှု လုပ်ငန်းများနှင့် အသေးစား အိုင်တီလုပ်ငန်းလေးများ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်ပေးမည်ဟု ကတိပေးထားသည့်အပြင်၊ ယင်းအိမ်တွင်းမှု လုပ်ငန်းများကိုလည်း အွန်လိုင်းကတစ်ဆင့် ကြော်ငြာပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ကြံဆောင်ပေးမည် ဖြစ်ကြောင်း ပြောကြားသည်ဟု CNN သတင်းတွင် ဖော်ပြထားသည်။

သေးငယ်သော လုပ်ငန်းလေးများက တစ်ဆင့် ကြီးမားသော လုပ်ငန်းကြီးများဆီသို့ ဦးတည်ပြီးနောက် လူတစ်ဦးချင်းစီ ကြွယ်ဝချမ်းသာလာမှုသည် မိမိ၏ပန်းတိုင် ဖြစ်ကြောင်းလည်း ဟီလာရီက ပြောကြားခဲ့သည်။

 <မူရင်းတင်ထားသည့်နေရာမှပို့ စ်>

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...