မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ယခုလက်ရှိတွင် လမ်းဘေး၌ စည်းကမ်းမဲ့ ရပ်နားထားသော ကားများကို Tow Truckယာဉ်ဖြင့် ချိတ်ဆွဲ၍ ပြစ်ဒဏ်ချမှတ်မှုများလုပ်ဆောင်နေ သော်လည်း စည်းကမ်းလိုက်နာမှုမ ရှိသည့်အတွက် အဆိုပါစနစ်ကိုကျင့်သုံးရန်ဆောင်ရွက်ခြင်းဖြစ်ပြီး မန္တလေးမြို့တွင်း အဓိကလမ်းမကြီးဖြစ် သည့် ၂၆လမ်း၊လမ်း၃၀၊လမ်း၈၀နှင့်၇၈လမ်းအပါအ၀င် ယာဉ်ရပ်နားမှုများပြားသောနေ ရာများ၌ လုပ်ဆောင်သွားမည်ဖြစ်သည်။ “အရင်ဆုံးမော်တော်ယာဉ်မောင်းသူဘက်ခြမ်းမှာရှိတဲ့ အရှေ့ကားဘီးကိုသော့ခတ်မယ်။ ပြီးရင်ပြေစာကပ်မယ်။ဒဏ်ငွေဆောင် ခိုင်းမယ်ဒါပါပဲ။ ဖမ်းဆီးရေးအဖွဲ့ကိုလည်း နှစ်ဖွဲ့နဲ့ လုပ်ဆောင်သွားမှာပါ။ ၃၅လမ်းတောင်ဘက်နဲ့ မြောက်ဘက်ခြမ်းဆိုပြီး ခွဲခြားထားတယ်။ အဓိကကျတဲ့ လမ်းမကြီးတွေနဲ့ ယာဉ်ကြောကြပ်တဲ့နေရာတွေမှာ လုပ်ဆောင်သွားမှာပါ။ မန္တလေးမြို့နယ်(၆)မြို့နယ်လုံး မှာ နေ့စဉ် လုပ်ဆောင်သွားမှာပါ။”ဟု ၎င်းကဆက်လက်ပြောကြားသည်။
ယာဉ်ဖမ်းဆီးရေးအဖွဲ့တွင် စည်ပင်သာယာရေးဝန်ထမ်းအရာရှိ၊ စည်ပင်သာယာရဲနှင့် ယာဉ်ထိန်းအဖွဲ့တို့ပါဝင်မည်ဖြစ်ပြီး ယာဉ်နှစ်ထပ်ရပ်နားခြင်း၊ လမ်းပြောင်းပြန်ရပ်နားခြင်း၊ ဖြူနီကြားရပ်နားခြင်း၊ မီးပွိုင့်ဧရိယာ အတွင်းရပ်နားခြင်း၊ အခြားယာဉ်များ၊လမ်းအသုံးပြုသူများကို အနှောင့်အယှက်ဖြစ်စေသော လမ်းပိတ်ဆို့ရပ်နားခြင်း၊ လမ်းဆုံလမ်းခွမှေ ပ(၂၀)အတွင်း ရပ်နားခြင်း ၊ ခရီးသည် တင်ယာဉ်/ဘတ်စ်ကား/လိုင်းကားများ သတ်မှတ်ထားသော မှတ်တိုင်များ၌ ရပ်နားခြင်းမရှိဘဲ အခြားနေရာများတွင် စည်းကမ်းမဲ့ရပ်နား၊တင်/ချ၊ခရီးသည်စောင့်ဆိုင်းခြင်း၊ မော်တော်ယာဉ်ပျက်လျှင် လမ်းဘေးသို့ချမရပ်ဘဲ လမ်းမပေါ်၌ပြင်ဆင်ခြင်း၊ ကျောင်း ပို့ကျောင်းကြိုယာဉ်များ စည်းကမ်းမဲ့လမ်းပိတ်ဆို့ရပ်နားခြင်းများ ကို ဖမ်းဆီးသွားမည်ဖြစ်သည်။
သော့ခတ်ပြေစာကပ်ဖမ်းဆီးမှုစနစ်တွင် မော်တော်ယာဉ်မောင်းသူအား ယာဉ်နှင့်အတူတွေ့ရှိလျှင် ကားလေးစည်းမဲ့ဒဏ်(ပေးဆောင်ရမည့်နေရာ၌ ဒဏ်ငွေပေးဆောင်နိုင်ခြင်းမရှိပါက ယာဉ်ကိုခေတ္တ Car Wheel Lockခတ်၍ ဖမ်းဆီးဆောင်ရွက်မှု) ဒဏ်ငွေကျပ်(၁၀၀၀၀)၊ ကားလတ်နှင့်ကားအကြီး တစ်စီးလျှင် ဒဏ်ငွေကျပ်(၃၀၀၀၀)ကိုလည်းကောင်း၊ ဖမ်းဆီး မှုပြုရာ၌ ယာဉ်မောင်းသည်မော်တော် ယာဉ်နှင့်အတူမရှိပါက Car Wheel Lockခတ်၍ တပ်ဆင်ဖမ်းဆီးမည်ဖြစ်ပြီး ဒဏ်ငွေအဖြစ် ကားလေး၊ ကားလတ်၊ကားကြီးအတွက် ငွေကျပ်(၅၀၀၀၀)ကိုလည်းကောင်း ပေးဆောင်ရမည်ဖြစ်သည်။ ထို့အပြင် ဖမ်းဆီးသည့်နေ့ရက် အတွင်း နေ့ ခြင်းလာရောက်ဒဏ်ဆောင်ရွေးယူခြင်းမရှိပါက ပိုမိုကျော် လွန်နောက်ကျရက်လွန်ဒဏ်ကြေး(၁)ရက်အတွက် ငွေကျပ်(၅၀၀၀)ထပ်မံဒဏ်ငွေပေးဆောင်ရမည် ဖြစ်ပြီး ယာဉ်နှစ်ထပ်ရပ်နားခြင်း၊ ရက်အချိန်ကြာမြင့်စွာ သတ်မှတ်ဒဏ်ငွေမပေးဆောင် ဘဲ ရပ်နားထား ခြင်းများသည် လမ်းယာဉ်ပိတ်ဆို့မှုဖြစ်ပေါ်လာနိုင်ပါက Tow Truckယာဉ်ဖြင့် ချိတ်ဆွဲ၍ ရွှေ့ပြောင်းဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။
MTK
#Democracytoday
<မူရင်းပို့ စ်တင်ထားသည့်နေရာ>
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။