သင်ဟာ သင့်အိမ်က ကြောင်ကို ချစ်လွန်းလို့ အမြဲလက်ပေါ်ကမချပဲ
ထားတတ်ပါသလား။ သူနဲ့အတူအိပ်၊ အတူကစား၊ သူနဲ့အချိန်ဖြုန်းတာများတယ်ဆိုရင်
သင့်ကျန်းမာရေးအတွက် သတိထားရမယ့်အချက်တွေ ရှိလာပါပြီ။
အဲ့ဒါကတော့ ကြောင်တွေမှာ မျက်လုံးနဲ့မမြင်နိုင်တဲ့ ရောဂါးပိုးမွှားတွေ
ရှိနေတတ်ပြီး အထူးသဖြင့် toxoplasma gondii ဆိုတဲ့
ကပ်ပါးကောင်တွေဟာ ကြောင်ချေးတွေမှာ ရှိနေတတ်ပါတယ်။
ဒီကပ်ပါးကောင်ဟာ ကြောင်သာမက လူ ၃မီလီယံမှာလည်း ရှိနေတတ်တယ်လို့
သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
နောက်ထပ် လေ့လာချက်တွေအရဆိုရင်တော့ လူ၅ယောက်မှာ ၁ယောက်က ဒီကပ်ပါးကောင်တွေ ရှိနေတယ်လို့သိရပါတယ်။
ကပ်ပါးကောင်တွေဟာ မိမိဦးနှောက်ထဲမှာ နေပြီး မိမိအမူအကျင့်ကို
ထိန်းကျောင်းနိုင်တာကြောင့် ပြသနာတစ်ခုရှိနေပါတယ်။ သုတေသနပြုချက်အရ
ယင်းကပ်ပါးကောင်ရှိတဲ့ လူတွေဟာ မိမိကိုယ်ကိုအပြစ်မြင်၊ စိတ်မူမမှန်ဖြစ်ပြီး
လိပ်ပြာမလုံ ပိုဖြစ်လာတယ်လို့ ဆိုပါတယ်။
ယောက်ျား၊ မိန်းမဖြစ်မှုပေါ်မူတည်ပြီးတော့လည်း ရောဂါလက္ခဏာ
ကွဲပြားနိုင်ပါတယ်။ ပုံမှန်အားဖြင့် အမျိုးသမီးတွေ ဟာ ပျော်ပျော်
ပိုနေတတ်လာတယ်၊ တာဝန်သိ၊ ဇွဲပိုရှိလာပြီး စာရိတ္တပိုင်းမှာ
ပိုကောင်းလာကြတယ်။ အမျိုးသားတွေ အနေနဲ့ကျတော့ စိတ်လိုက်မာန်ပါ လုပ်တာ၊
သံသယနဲ့ မနာလိုဝန်တိုမှုတွေ ပိုဖြစ်လာကြတယ်။ ဝမ်းနည်းစရာကောင်းတာက ဒီ
toxoplasmosis အတွက် ဆေးမရှိဘူးလို့ ဆိုပါတယ်။
Ref: Yourtango
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။