Ads (728x90)


တနင်္ဂနွေ
ဒီကာလအတွင်း တနင်္ဂနွေသားသမီးတွေအထူးကံကောင်းနေတတ်ပါတယ်။ ကြံစည်သမျှအောင်မြင်မဲ့ အချိန်ပါ။ ကုန်သွယ်မှု လုပ်ငန်း ၊ ခရီးသွားလုပ်ငန်း ၊ ဘဏ်လုပ်ငန်းတွေ အထူးကောင်းကျိုးပေးချိန်ပါ။ အနာဂတ်စီမံကိန်းချထားတဲ့ ကိစ္စများ လက်တွေ့အကောင်အထည်ဖော်နိုင်မဲ့အချိန်ပါပဲ။ လူငယ်တွေ အချစ်ရေးကံကောင်းနေပါတယ်။ စန်းလဲပွင့်နေပါတယ်။ အလုပ်အကိုင်တွေလဲ အရှိန်အဟုန်တွေနဲ့ တိုးတတ်နေပါတယ်။ အထက်လူကြီးရဲ့ချီးမြှောက်ခြင်းခံရတတ်ပါတယ်။ ရာထူးတိုးခြင်း၊ နေရာကောင်းရခြင်း အလုပ်ရှာနေသူများ အလုပ်သစ်ရခြင်းမျိုးတွေကြုံရတတ်ပါတယ်။
အကျိုးပေးဂဏန်း ၂/၆/၁
အထူးဟော ကောင်းသောကံများဖြစ်ထွန်းနေမည်။
ယတြာ အနီရောင်များများပါသော အဝတ်အစားများအားပြုဝတ်ဆင်ပါ။

တနင်္လာ
ဒီကာလမှာတနင်္လာသားသမီးတွေအနေနဲ့ ရပ်ဝေးကနေအကူအညီတွေရတတ်သလို သတင်းကောင်းတွေလဲ ကြားရတတ်ပါတယ်။ လူမျိုးခြား ဘာသာခြား တစိမ်းတွေရဲ့ အထောက်အပံ့တွေရလာတတ်ပါတယ်။ ကျန်းမာရေး အားနည်းသူတွေ နလန်ပြန်ထမဲ့အချိန်ပါပဲ။ နာတာရှည် ဖြစ်နေသူတွေတောင် ဆေးကောင်းဝါးကောင်းတွေ့သွားတတ်တဲ့အချိန်ပါပဲ။လက်စမသတ်ရသေးသောအလုပ်များအပြီးမသတ်ရသးသောကိစ္စများ အဆုံးသတ်နိုင်ပါလိမ့်မယ်။ အချစ်ရေးမှာ လမ်းခွဲထားပြီးဖြစ်တဲ့ ချစ်သူဟောင်းက ပြန်လည်ဆက်သွယ်လာတာမျိုးကြုံရတတ်တယ်။ ဖုန်းအသစ်တွေလဲ လက်ဆောင်ရတတ်တဲ့ ကာလပါပဲ။
အကျိုးပေးဂဏန်း ၇/၀/၂
အထူးဟော ငွေကံကောင်းနေမည်။
ယတြာ ဖီးကြမ်းဌက်ပျောသီး ၆ လုံးဘုရားကပ်လှူပါ။

အင်္ဂါ
ဒီကာလဟာ စိတ်ညစ် စိတ်ရှုပ်ရတတ်တဲ့ကာလပါပဲ။အလုပ်ပို ကိစ္စပိုတွေနဲ့ အချိန်ကုန်ငွေကုန်ဖြစ်နေတတ်ပါတယ်။ အလုပ်အပြောင်းအရွေ့ကိစ္စ အိုးအိမ်အပြောင်းအရွှေ့ကိစ္စတွေမှာ စိတ်ရှုပ်စရာလေးတွေတွေ့ရတတ်ပါတယ်။ အိမ်မကပ်ရဘဲ ခရီးတို ခရီးရှည်သွားနေရတတ်ပါတယ်။ လုပ်စရာကိစ္စတွေလဲအပြီးမသတ်နိုင်ဖြစ်နေတတ်ပါတယ်။ ရေရှည်လုပ်ရမဲ့အလုပ်တွေ ၊အများနဲ့တိုင်ပင်ပြီးလုပ်ရမဲ့အလုပ်တွေ မစသင့်သေးပါဘူး။ ပေါ်ပင်အလုပ်ငွေအပေါ်မြန်တဲ့အလုပ်တွေသာလုပ်နေသင့်တဲ့ကာလပါ။
အအိပ်ပျက် အစားပျက်ရတာမျိုးကြုံလာနိုင်တဲ့အတွက် ကျန်းမာရေးဂရုစိုက်မှ တော်ကာကျပါလိမ့်မယ်။ အချစ်ရေးလဲ အညံ့ထဲရောက်နေပါတယ်ဗျာ။
အကျိုးပေးဂဏန်း ၁/၈/၎
အထူးဟော အလုပ်ရှုပ် စိတ်ရှုပ်ရမဲ့အချိန်ပါ။
ယတြာ စိတ်ဝေဒနာရှင်တွေကို အာဟာရဒါနပြုပါ။

ဗုဒ္ဓဟူး
ဒီကာလဟာငွေ အဝင်ကြမ်း အထွက်ကြမ်းဖြစ်နေတတ်တယ်။ ငွေဝင်သလောက်အဖတ်မတင်ဘဲပြန်ကုန်သွားတတ်တယ်။ ငွေကြေးချေးဌားခြင်းကို ရှောင်သင့်တဲ့ ကာလပါပဲ။ မိမိကြိုးစားမှုကြောင့် အလုပ်ထဲမှာ နေရာပေးခံရတာ မျက်နှာသာအပေးခံရတာကို မနာလိုတဲ့သူတွေ ရှိနေတတ်ပါတယ်။ အလုပ်စီးပွားလဲ စတင်တိုးတတ်နေချိန်ဖြစ်တဲ့အတွက် အတိုက်အခိုက် အနှောက်အယှက်လေးလေးတွေရှိနေတတ်ပါတယ်။ ခရီးထွက်ဖို့ကြုံလာရင် တောင်အရပ်မျက်နှာမူပြီး ထန်းလျက်တစ်ခဲ စားပြီးမှသွားပါ။ အချစ်ရေးမှာ မိမိဆီက ရလိုမှုတစ်ခုကြောင့်မြူဆွယ်သိမ်းသွင်းခြင်းခံရတတ်ပါတယ်။ ပညာရေးကိစ္စအထူးအောင်မြင်မည်။
အကျိုးပေးဂဏန်း ၂/၅/၈
အထူးဟော ရန်များနေတတ်သည်။
ယတြာ ပန်းပေါင်းစုံ ၅မျိုး ဘုရားလှူပေးပါ။

ကြာသပတေး
လုပ်ငန်းစီးပွားလွန်စွာမှကောင်းနေတတ်ပါတယ်။ အခွင့်အလမ်းသစ်တွေ အလုပ်အကိုင်သစ်တွေရလာပါလိမ့်မယ်။ ရလာတဲ့အခွင့်အရေးကိုဖမ်းဆုပ်နိုင်ဖို့ပဲ လိုအပ်ပါတယ်။ ရှယ်ယာအလုပ်များ ၊ ကိုယ်စားလှယ်အလုပ်များ ၊လက်ကားအလုပ်များ အထူးကောင်းနေချိန်ပါပညာရေးကံမြင့်မားနေပါတယ်။ မိမိတတ်တဲ့ပညာနဲ့ စီးပွားရေးလုပ်ဖို့ အချိန်ကောင်းပါ။ ပညာရပ်တစ်ခု စတင်သင်ကြားဖို့ ရည်ရွယ်နေသူရှိရင်ဒီကာလအတွင်းစတင်လိုက်ပါ၊အချစ်ရေးကံကတော့အထူးညံ့နေတယ်။ မိန်းကလေးဆိုပိုညံ့တဲ့အချိန်ပါ။ မိတ်ကောင်းဆွေကောင်းတွေရဲ့အကူအညီတွေအများကြီး ရလာတတ်ပါတယ်။ လူကြီးမိဘတွေရဲ့စောင်မကြည့်ရှုခြင်းကိုခံရမဲ့အချိန်ပါပဲ။
အကျိုးပေးဂဏန်း ၆/၃/၅
အထူးဟော အထောက်အပံ့ကောင်းတွေရမည်။
ယတြာ ဘုရားမှာ ငွေပန်းလှူပါ။

သောကြာ
ခရီးအလွန်များနေရတတ်တယ်။ ခရီးလွန်နေတာမျိုး အလုပ်ကိစ္စကြောင့် ခရီးရက်ရှည်ထွက်ရတာမျိုးကြုံရတတ်တယ်။ တပည့်အောက်လက်ငယ်သားတွေကို အရေးကိစ္စတွေ မျက်နှာလွှဲခိုင်းလိုက်မိခြင်းကြောင့် အထူးပြဿ နာတတ်လိမ့်မည်။ အနီးကပ်အတူလုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို မယုံကြည်သင့်ပါဘူး။ ထိုသူတွေရဲ့ ချောက်ချခြင်းကြောင့် လက်ရှိအနေအထားကနေ တဆင့်နိမ့်ပါးသွားတာမျိုးကြုံရတတ်တဲ့အချိန်ပါပဲ။ အလုပ်တွေများနေတတ်ပြီး ငွေအဝင်နည်းနေတတ်ပါတယ်။ ဒီကာလဟာအချစ်ရေးကံက အကောင်းအဆိုးတွေဒွန်တွဲနေတတ်ပါတယ်။ ချစ်သူရဲ့အဆင်မပြေမှုတွေက မိမိဆီကိုပါ ကူးစက်လာနိုင်တဲ့အနေအထားမျိုးတွေ့ရပါတယ်၊
အကျိုးပေးဂဏန်း ၄/၂/၁
အထူးဟော ခေါင်းအေးအေးထားပြီးလုပ်ပါ။
ယတြာ သစ်တော်သီးလေးတွေကို မိမိထက်နိမ့်ပါး တဲ့သူတွေကိုလက်ဆောင်ပေးလိုက်ပါ၊

စနေ
ဒီကာလအတွင်းမှာ မိသားစုအလုပ်တွေနဲ့ အလုပ်များရတတ်ပါတယ်။ မိသားစုတာဝန်တွေပိနေတတ်တာမျိုးပေါ့။ အလုပ်ထဲမှာ အခြားသူရဲ့အလုပ်တွေပါ ဝိုင်းလုပ်ပေးနေရတတ်ပါတယ်။ အတိတ်ကပြုလုပ်ခဲ့တဲ့ကောင်းမှုတွေက အခုကာလမှာတဖန်ပြန်လည်အကျိုးပြုမဲ့အချိန်ပါပဲ။ ကိုယ်ပိုင်လုပ်ငန်းလုပ်သူများ ငွေထပ်ပြီးမမြုပ်နှံပါနဲ့။လုပ်ငန်းသစ်စမည့်သူများ ဒီကာလအတွင်းမှာ မစသင့်သေးပါဘူး။ ငွေအမြုပ်မခံသင့်တဲ့ကာလပါပဲ၊ စပ်တူလုပ်ငန်းဆိုတာမျိုးလဲ အကျိုးမပေးပါဘူး၊ လူငယ်တွေအနေနဲ့. မိမိမချစ်မနှစ်သက်သူရဲ့ အနှောက်အယှက်ပေးတာမျိုးကြုံရတတ်ပါတယ်၊ ပညာရေးအထူးအားကောင်းနေပါတယ်။ဒီကာလမှာ ဘယ်လိုအခက်အခဲကြုံကြုံ အဆုံးသတ်ဖြေရှင်းနိုင်ပါလိမ့်မယ်ဗျာ၊
အကျိုးပေးဂဏန်း ၇/၀/၅
အထူးဟော အခက်အခဲကြုံပြီးမှ အဆင်ပြေမည်၊
ယတြာ ထီးဖြူ ၇လက် စနေထောင့်တွင်လှူပါ၊
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...