Ads (728x90)


မြန်မာမယ်စကြာဝဋ္ဌာ (Miss Universe Myanmar) အဖွဲ့၏ ကချင်ပြည်နယ်၊ ပူတာအိုမြို့သို့ (၄)ရက်ကြာ ပရဟိတခရီးစဉ်အား ထူးဖောင်ဒေးရှင်းမှ စပွန်ဆာ ပေးအပ်ကူညီပေးခဲ့ပါသည်။ မယ်စကြာဝဋ္ဌာပြိုင်ပွဲဝင်များ၏ အဆိုပါခရီးစဉ်အား ဝေဠုကျော် ဖောင်ဒေးရှင်းမှလည်း ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရှိရပါသည်။
ထူးဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ မယ်စကြ၀ဋ္ဌာပြိုင်ပွဲဝင် များနှင့် ဝေဠုကျော်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတို့သည် ယမန်နေ့ စက်တင်ဘာ (၁၈)ရက်၊ နေ့လည် (၃)နာရီခန့်တွင် ပူတာအိုမြို့နယ်၊ လုံးစွတ်ရပ်ကွက်တွင် တည်ရှိသော ကချင်စစ်ဘေးရှောင် ဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့ကြပါသည်။
အဆိုပါစစ်ဘေးရှောင်စခန်းတွင် ဒုက္ခသည် အိမ်ထောင်စု (၅၀)ရှိပြီး ပူတာအိုဇုန်နယ် နှစ်ခြင်းအသင်းတော်များအဖွဲ့မှ စောင့် ရှောက်ပေးနေကြောင်း သိရှိရပါသည်။ ထူးဖောင်ဒေးရှင်းသည် ၄င်းဒုက္ခသည်စခန်းအား တာဝန်ယူစီမံဆောင်ရွက်ပေးနေသည့် ပူတာအိုဇုန်နယ် နှစ်ခြင်း အသင်းတော်များအဖွဲ့အား အလှူငွေ (၁၀)သိန်းကျပ်ပေးအပ်လှူဒါန်းခဲ့ပါသည်။
မြန်မာမယ်စကြာဝဋ္ဌာအဖွဲ့မှလည်း ဒုက္ခသည်စခန်းသို့ ဆန်အိတ် (၆၀)နှင့် ငါးခြောက်အိတ်(၆၀)လှူဒါန်းခဲ့ပါသည်။ ထို့အတူ ဝေဠုကျော်ဖောင်ဒေး ရှင်းမှလည်း အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက် စစ်ဘေးရှောင်ဒုက္ခသည်များအား အားပေးနှစ်သိမ့်သည့် အနေဖြင့် အားလုံး တစုတဝေးတည်း ပျော်ရွှင်စွာ သီချင်းများ ဆိုခဲ့ကြပါသည်။
ထူးဖောင်ဒေးရှင်းအနေဖြင့် ယခုပရဟိတခရီးစဉ်အား ပါဝင်ကူညီခွင့်ရရှိပြီး မိမိတို့၏ တိုင်းရင်းသားညီအစ်ကို မောင်နှမများ ဖြစ်ကြသော စစ်ဘေးရှောင်ပြည်သူများကို အတိုင်းအတာတစ်ခုအထိ ပံ့ပိုးကူညီခွင့် ရရှိခဲ့သဖြင့် များစွာဝမ်းမြောက် မိပါကြောင်း ဖော်ပြအပ်ပါသည်။
alt
Htoo Foundation added 25 new photos.

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...