Ads (728x90)



ဒီရက်ပိုင်းထဲမှာ Spam Link တွေ ပိုးစိုးပက်စက်ကြီးကိုတွေ့ လာနေရတယ်
အရင်တုန်းကလို သူများနိုင်ငံကလုပ်တဲ့ Spam link တွေချည်းမဟုတ်တော့ပဲ
ပြည်တွင်းက ခြေဆော့လက်ဆော့လုပ်တဲ့ သူတွေရဲ့  Link တွေပါတွေ့ လာရတယ်။


လူစိတ်ဝင်စားမယ်ထင်တဲ့ ဒီဇိုင်းမျိုးစုံနဲ့  Click နှိပ်ပြီး(မ၀င် ၀င်အောင်)ကြည့်အောင် ဆွဲဆောင်ထားတာမျိုးတွေ တွေ့ ရတယ် ဒါမျိုးတွေက Spam Virus link တွေပဲဆိုတာမျိုး သိတဲ့သူတွေကတော့ ၀င်မကြည့်ပေမယ့်
မသိတဲ့သူတွေကတော့ တစ်ယောက်နှိပ်လိုက် သူ့ အကောင့်ကနေ သူမသိပဲ
ဆင့်ပွား Share တွေလုပ်လိုက် အဲ့ဒါကိုတွေ့ တဲ့သူက ထပ်ပြီးတော့ ဆင့်ပွား
Share လိုက်နဲ့  သံသရာလည်ပြီး Spam Virus Link တွေ Facebook ကြီး
ပေါ်မှာ ပွထကုန်တော့တာပဲ။


ပုံထဲမှာပဲ ကြည့်ပါ BY : NBC News ဆိုပြီး အမှန်ခြစ်(Facebook Verified badge ) လေးပါတဲ့ Page နဲ့ တွဲပြီးပြထားတယ် မသိတဲ့သူဆို ဒါက အဲ့ဒီ Page ကတင်တဲ့ဟာပဲကွ လို့ ထင်လိုက်ကြမှာပါ နောက်ကွယ်က လင့်ကတော့ Free DNS Service ပေးထားတဲ့ http://www.noip.com/ က Sub Domain လင့်နဲ့ 
phumalay11[.]ddns[.]net မှာ Script သုံးပြီး looping ပတ်ထားပါတယ်
ဒီ Sub Domain Name ကို ကြည့်လိုက်ရင် မြန်မာပြည်က လုပ်ထားတယ်လို့ 
ကောက်ချက်ချမိမှာ အသေအခြာပါပဲ ဖြူမလေး11.ddns[.]net လို့ ပေးထားတာကိုး ဒါကြောင့် ပြည်ပက လုပ်တဲ့ Spam Virus link တင်မဟုတ်ပဲ ပြည်တွင်းထုတ် Spam Virus link တွေပါကြုံနေရပြီဆိုတာကို
သတိပြုကြရမှာပါ အများဆုံးက ဗီယက်နမ်၊ တရုတ်၊ အိန္ဒိယ ကလုပ်တဲ့
Spam Virus link တွေပဲကြုံရတာများပါတယ် ခုနောက်ပိုင်းတော့ ပြည်တွင်းကလူတွေလုပ်တဲ့ Spam Virus link တွေကိုပါ မြင်တွေ့ လာနေရပါပြီ။


ဒီတော့ ဘာလုပ်ကြရမလဲဆိုတော့ သာမန် User တွေရော Group Admin
တွေရော Spam Virus link တွေကို ၀ိုင်းဝန်းပြီးထိန်းချုပ်သွားကြဖို့ လိုနေပါပြီ
မဟုတ်ရင် ဆင့်ပွားဆင့်ပွားနဲ့  ပိုးစိုးပက်စက်တွေ နှိပ်လိုက်ကြ Share လိုက်ကြ
နဲ့ ဖြစ်နေဦးမှာမို့ ပါ တစ်ချို့ တွေက စိတ်ဝင်စားလို့ ဆိုပြီး နှိပ်ကြီးတယ် နှိပ်လိုက်
ပေမယ့် ဘာမှ မကြည့်ရပဲ နောက်ကွယ်ကနေ ညစ်တီးညစ်ပတ် Sex ပုံတွေနဲ့ 
ကိုယ့် Account ကနေ ကိုယ်မသိပဲ ဟို Group ထဲ လျှောက်တင် ဒီ Group ထဲ
လျှောက်တင် တင်နေတော့ ကိုယ်နဲ့ သိတဲ့သူတွေ ကိုယ့် Friend list ထဲရှိတဲ့
လူတွေက မြင်တွေ့ သွားတော့ ကိုယ်ပဲ အရှက်ရတာပေါ့ ဒါကြောင့်မို့ လို့ 
အရှက်မကွဲချင်ရင် တွေ့ သမျှ လျှောက်မ၀င်နဲ့  လျှောက်မနှိပ်နဲ့ လို့ ပဲ သတိပေးပါရစေ။



ကဲ... အောက်မှာ သာမန် User တွေ Group Admin တွေ ဘာတွေ
လုပ်ရမလဲ လုပ်သင့်သလဲ ဆိုတာ ကြည့်လိုက်ကြပါဦး ......


Facebook Team ကို အသိပေးအကြောင်းကြားရန်
=========================================
Post ညာဘက်ထောင့်လေးမှာရှိတဲ့ အောက်ကိုစိုက်နေတဲ့ မျှားလေးကို Click ပါ။
Report Post => It's spam => Mark this post as spam => Done
How was your experience of getting help with this issue? ဆိုတဲ့စာလေးနဲ့ 
အောက်မှာ Smile ပုံလေးတွေပေါ်လာရင် Smile icon လေးတစ်ခုကို နှိပ်
What went wrong? How could it be better? ဆိုပြီး ဘောက်လေးတစ်ခုထပ်ကျလာရင်
အဲ့ဒီအောက်ထဲမှာ မိမိရေးချင်တာလေးရေး(မရေးချင်လည်းဒီတိုင်းထား)ပြီးရင် Submit ကိုနှိပ်။



Group Admin ကို အသိပေးအကြောင်းကြားရန်
=====================================
Post ညာဘက်ထောင့်လေးမှာရှိတဲ့ အောက်ကိုစိုက်နေတဲ့ မျှားလေးကို Click ပါ။
Report to Admin ကို နှိပ်ပါ
Are you sure you want to report this post to the admin? ပေါ်လာလျှင် Report ကိုနှိပ်ပါ။
( Spam Post တစ်ခုတွေ့ တိုင်း အထက်ပါ ၂ ခုလုံး လုပ်ပေးရင် ပိုကောင်းပါတယ် )

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~



Group Admin များလုပ်ဆောင်ရန်
=======================
Post ညာဘက်ထောင့်လေးမှာရှိတဲ့ အောက်ကိုစိုက်နေတဲ့ မျှားလေးကို Click ပါ။
Delete Post And Remove User ကိုနှိပ်ပါ ပေါ်လာတဲ့ထဲက
Confirm ကိုနှိပ်ပေးပါ။
( Delete Post ပဲလုပ်ရင် အဲ့ဒီ User က Spam မိနေတဲ့အတွက် ထပ်ပြီး တင်လာပါဦးမယ် ဒါကြောင့် User ကိုပါ Remove လုပ်ခိုင်းတာပါ )
ပြီးလျှင် Group Settings ထဲကိုဝင်ပါ
All group posts must be approved by an admin or a moderator. ကိုရှာပြီး
Post Approval မှာ အမှန်ခြစ်ပါ Save လုပ်ပါ။




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


အထက်ပါနည်းလေးတွေအတိုင်း Group Admin တွေရော သာမန် User င်္တွေကပါ လိုက်နာပြီး လုပ်ဆောင်လိုက်ကြမယ်ဆိုရင်
အဲ့ဒီလို Spam Virus link နည်းပါးသွားပါလိမ့်မယ်။



Aung Kyaw Soe ( 5.7.2015 - 4:30 PM )


မူရင်းတင်ထားသည့်ပို့ စ် => 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...