Ads (728x90)


Facebook မှာ Temporary Profile ချိန်းနည်းကို ဟိုးအရင်တုန်းက
ရေးပေးခဲ့ဖူးပါသေးတယ် ဘယ် Link ကနေ၀င်ပြီး ဘယ်လိုလေးလုပ်ရတယ်
ဆိုတာလေးတွေကို အသေးစိပ်ရေးပေးခဲ့ဖူးပါတယ် အဲ့ဒါကို ဖတ်ဖူးသူတွေ
Temporary Profile ကို ခနတိုင်း ချိန်းဖူးသူတွေတော့ အဲ့ဒါက ရိုးနေပြီထင်ပါတယ်။

ခု ပြောပြမှာကတော့ Profile Photo ကို Upload တင်နေရင်းနဲ့  တစ်ခါထဲ
Edit လုပ်တာလေးရယ် Temporary Profile ပြုလုပ်တာလေးရယ်ကိုပြောပြ
ပေးသွားမှာပါ အဲ့ဒါကြောင့်အရင်ဆုံး ကိုယ့်ရဲ့ Limeline ကိုသွားလိုက်ပါ။
ပြီးရင် Profile Photo လေးကို Upload တင်ဖို့ နှိပ်လိုက်ပါ( ဒါတော့သိတယ်မလား :D )
 
 
အပေါ်မှာပြထားတဲ့အတိုင်း Profile ကိုနှိပ်လိုက်ရင်အောက်ကအတိုင်းမြင်တွေ့ ရပါမယ်။
 

ကဲ... အထက်ပါနေရာကိုရောက်ပြီဆိုရင်တော့ +Upload Photo ဆိုတာလေးနှိပ်ပြီး ကိုယ့်ရဲ့  Computer ထဲက စိတ်ကြိုက်ပုံတစ်ပုံကို ရွေးခြယ်ပြီး တင်လိုက်ပါ။
 
အပေါ်ပုံထဲမှာပြထားတယ်တွေ့ လား နံပါတ်လေးတွေနဲ့ ပြထားတယ် ၁ ကနေ ၄ အထိပြပေးထားတယ်
 


1. နံပါတ် ( 1 ) ကတော့ ပုံကို Edit လုပ်ဖို့  ( ဘယ်လိုလုပ်တာလဲဆိုတာ နှိပ်ကြည့်ရင်သိပါမယ် )။
2.Make Temporary လေးကိုနှိပ်လိုက် ရင် 1 Hour(၁ နာရီ ထားမလား ) 1 Day ( ၁ ရက်ထားမလား
) 1 Week ( ၁ ပတ်ထားမလား ) Never (လုံးဝမှပြန်မချိန်းဘူး) Custom ( စိတ်ကြိုက်သတ်မှတ်မလား )
ဥပမာပေါ့ 1 Hour ကိုရွေးလိုက်ရင် အဲ့ဒီ Profile ပုံကိုတင်ပြီး ၁ နာရီလောက်ကြာတာနဲ့ နဂို မူရင်းတင်ထားတဲ့
Profile ပုံကို အလိုလျောက် ပြန်ချိန်းသွားမှာပါ Never ကိုပေးထားရင်တော့ ကိုယ်ကိုယ်တိုင်က နောက်ထပ်
ပုံမချိန်းမချင်း အဲ့ဒီပုံက ရှိနေမှာပါ။

3. Skip Cropping ဆိုတာလေး ကတော့ ပုံကို စိတ်ကြိုက်ထားပြီး Cropping ဖြတ်တာကို မလုပ်တော့ဘူးဆိုပြီး ကျော်ပစ်တာလေးပါ( ပုံသေ Cropping အကွက်လေးပေးထားပါတယ် ပုံပေါ်မှာ ဖိနှိပ်ပြီး မိမိလိုချင်တဲ့ အနေအထားလေးကို ပုံသေ Cropping လေးထဲမှာ ချိန်လိုက်လို့ ရပါတယ်။ )
4. Photo ကို မိမိလိုချင်တဲ့အနေအထားဖြစ်အောင် ဟိုဘက်ဒီဘက် ဆွဲပြီးထားလို့ ရတာလေးပါ အနီးကပ်ဆွဲကြည့်တယ် အဝေးကမြင်တဲပုံအတိုင်းပဲထားတယ် ဆိုတာမျိုးလုပ်လို့ ရပါတယ်။

ကဲ... ခုကတော့ Upload တင်ထားတာကို Edit လုပ်မှာဆိုတော့ နံပါတ် ( ၁ ) က Edit ဆိုတာလေးကို နှိပ်လိုက်ပါ။
 
Photo Edit ဆော့ဖ်ဝဲလ်လေးတွေသုံးဖူးရင် ဒါမြင်လိုက်တာနဲ့ ကလိတတ်ပါလိမ့်မယ် :P
 


ကဲတွေ့ ပြီလား ပုံကို Edit လုပ်တဲ့နေရာမှာ အောက်ကအတိုင်း အကုန်လိုက်ထည့်လို့ ရတယ်။
 
 

အပေါ်မှာ အစုံလုပ်ပြထားတာတွေ့ တယ်မလား အောက်မှာကြည့်လိုက် တစ်ခုချင်း ပြပေးထားတယ်။
 
စာရေးမလား
 


 
Sticker လေးထည့်မလား
 


 
Frames လေးတွေ ထည့်မလား
 


အပေါ်ကအတိုင်း လုပ်ချင်တာလုပ်လို့ ရပြီပေါ့နော။ :D

တော်တော် များများကတော့ Frames လေးတွေထည့်တာ များပါတယ် ကိုယ်အားပေးတဲ့ဘောလုံးအသင်း လေးတွေ ဖြစ်ဖြစ် ချိန်းကြတာများပါတယ် ဒါကြောင့် Frames လေးတွေ ဘယ်လို ရွေးချယ်ရလဲ ဘယ်လို ထည့်ရလဲဆိုတာလေးကို အောက်မှာပြောပေးသွားပါ့မယ်။
 
ကျွန်တော်ကတော့ Man U Fan မို့ လို့  မန်ယူ အသင်းနဲ့ ပဲလုပ်ပြလိုက်ပါတယ်
 


1. နံပါတ် ၁ အနေနဲ့ ကတော့ Frames ဆိုတာလေးကို အရင်ဆုံးနှိပ်လိုက်ပါ။
2. နံပါတ် ၂ ပြထားထားတဲ့ နေရာလေးကိုနှိပ်ပြီး မိမိ ကြိုက်နှစ်သက်သည့် ပရီးမီးယားလိဂ်ဆို ပရီးမီးယားလိဂ် ချန်ပီယံလိဂ်ဆို ချန်ပီယံလိဂ် ရွေးချယ်လို့ ရပါတယ် ဘောလုံးတင်လားဆိုတော့ မဟုတ်ပါဘူး ဘတ်စကတ်ဘော တွေ တင်းနစ်တွေ ခရစ်ကတ်အသင်းတွေ ထိပါဝင်ပါတယ် စိတ်ကြိုက်ခေါင်းစဉ်ကို အဲ့ဒီ 2 လေးထဲကို နှိပ်ပြီး ရွေးချယ်လိုက်ပါ။
3. နံပါတ် ၃ ကတော့ ကျွန်တော်ရွေးချယ်ထားတဲ့ မန်ယူအသင်းရဲ့  Frames တွေ ဘယ်နှခုရှိတယ်ဆိုတာ ပြထားတာလေးပါ ပုံထဲမှာ မြင်ရသလိုပဲ မန်ယူ အသင်းရဲ့  Frames လေးတွေ က ဒီဇိုင်း ၃ မျိုးနဲ့ ရှိနေပါတယ် < နဲ့  > မျှားလေးတွေကို အသုံးပြုပြီး ဟိုဘက် ဒီဘက် ဒီဇိုင်းလေးတွေကို ပြောင်းပြီး ရွေးချယ်နိုင်ပါတယ် အောက်မှာ မန်ယူအသင်းက ဒီဇိုင်းလေး ၃ ခုကို တင်ပေးထားပါတယ်ကြည့်လိုက်ပါ။
 
 
Frames - 1 ဒီဇိုင်း


 
Frames - 2 ဒီဇိုင်း
 


 
Frames - 3 ဒီဇိုင်း
 


ကဲ.. ကျွန်တော်က မန်ယူဖန်မို့ လို့  မန်ယူဒီဇိုင်းလေးတွေနဲ့ ပြပေးတာနော် စိတ်ကြိုက်အသင်း
ကိုယ်အားပေးတဲ့အသင်း ချဲလ်ဆီးလ်၊ အာဆင်နယ်၊ လီဗာပူးလ်၊ မန်စီးတီး၊ လက်စတာ၊ စတဲ့အသင်းတွေကို ကွကိုယ် စိတ်ကြိုက်ရွေးချယ်ပြီးသာ တင်ကြတော့ :D 
 
Filters ကိုနှိပ် ဘေးကအကွက်ထဲက ကြိုက်တဲ့ကာလာကိုရွေး Save ကိုနှိပ်
 


ကဲ... နောက်ဆုံးအဆင့်ကတော့ Filters လေးကို နှိပ်လိုက်ပါ ဘေးနားမှာ ကိုယ်တင်ထားတဲ့ပုံလေးတွေနဲ့  အကွက်လေးတွေကျလာပါလိမ့်မယ် ကြိုက်နှစ်သက်တဲ့ ကာလာကို ရွေးချယ်ပါ ပြီးရင် Save ကို နှိပ်ပေးလိုက်ရင် ပြီးပါပြီဗျာ...။ ;)

အမှန်က လိုက်လုပ်ကြည့်လိုက် လွယ်လွယ်လေး စာတွေနဲ့ ပုံတွေနဲ့ ပြထားလို့ သာ မျက်စိရှုပ်ပြီး ပြရတဲ့သူလည်း အချိန်ကုန်တယ် ကြည့်ရတဲ့သူလည်းအချိန်ကုန်တယ် ဖြစ်နေတာ လက်တွေ့ လိုက်လုပ်ကြည့် လုပ်တတ်သွားရင် နောက်တစ်ကြိမ်ကျရင် လွယ်မှလွယ် မြန်မှ မြန်ဖြစ်သွားလိမ့်မယ်။ :P
ကဲ... လက်ရှိ ပုံကို မချိန်းပဲနဲ့  Temporary Profile လေး လုပ်ချင်တဲ့သူတွေကတော့ အောက်က Link တွေကနေသာ ၀င်လုပ်တော့ဗျာ။ ;)
 
လက်ရှိပုံနဲ့  လုပ်မယ်ဆို ဒီလိုလေး မြင်ရပါမယ်
 



Temporary Profile
Change Your Profile Picture =>

အားလုံးပဲအဆင်ပြေကြပါစေ...။
Aung Kyaw Soe ( 30.5.2016 - 4:43 PM )

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...