Ads (728x90)


မြန်မာ့ဂုဏ်ဆောင် တောင်တက်သမားနှစ်ဦးသည် ဒေသစံတော်ချိန် နံနက် (၉)နာရီခန့်တွင် အမြင့် မီတာ(၈,၀၀၀) ရှိသော Camp-4 မှ စတင်ထွက်ခွာခဲ့ရာ Camp-2 သို့ အောင်မြင်စွာဖြင့် ပြန်လည်ရောက် ရှိပြီ ဖြစ်ပါသည်။ တောင်တက်သမားနှစ်ဦးအ နက် ကိုပြည့်ဖြိုးအောင်သည် Camp-2 သို့ ညနေ (၃)နာရီ (၅၀)မိနစ်တွင် ချောမွေ့စွာ ပြန်လည်ရောက် ရှိခဲ့ပြီး ကိုဝင်းကိုကိုသည် ညနေ (၅) နာရီ တွင် ရောက်ရှိခဲ့ပါသည်။ တောင်တက်သမား ၂ ဦးလုံး ကျန်းမာရေး အထူးကောင်းမွန်ကြောင်း သိရသည်။
ပြန်လည်ဆင်းသက်သည့် ခရီးစဉ်တစ်လျောက်တွင် မြန်မာတောင်တက် သမားနှစ်ဦးဖြစ်သော ကိုပြည့်ဖြိုးအောင်နှင့် ကိုဝင်း ကို ကိုတို့ နှစ်ဦးသည် ရာသီဥတုမကောင်းသောကြောင့် ဆီးနှင်းများပိတ်မှောင်နေပြီး တစ်ဦးကို တစ်ဦး လှမ်းမမြင်ရကြောင်းလည်း သိရှိရပါသည်။ ထို့အပြင် ယနေ့ဧ၀ရတ်တောင်ထိပ်သို့ နိုင်ငံတကာမှ တောင်တက်သမားပေါင်း (၁၅၀)ခန့် တက်ရောက်လျက် ရှိသဖြင့် Camp-3 နှင့် Camp – 4 ကြားတွင် တောင်တက်သမားများ များပြားကာ ပိတ်မိနေသည့်အနေအ ထားရှိသောကြောင့် ပြန်လည်ဆင်းသက်ရာတွင် အနည်းငယ် ကြန့်ကြာနေခဲ့ခြင်းဖြစ်ကြောင်း တောင်ခြေစခန်းမှ ပေးပို့သော သတင်းများအရ သိရှိရပါသည်။
မြန်မာတောင်တက်သမားနှစ်ဦးသည် လက်ရှိရောက်ရှိနေသည့် Camp-2 မှာ ညအိပ်နားပြီးမှ Base Camp သို့ ဆင်းသက်ပါမည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...