Ads (728x90)


ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်ခဲ့ သည့် မြန်မာ လူငယ်တောင်တက်သမား (၃)ဦးသည် ယနေ့ မေလ (၂၅)ရက်၊ နံနက်(၈)နာရီ(၅၀)မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ
လေဆိပ်သို့ လေကြောင်း ခရီးစဉ် အမှတ် TG.303ဖြင့် ပြန် လည်ရောက်ရှိခဲ့ပါသည်။

နိုင်ငံဂုဏ်ကို သက်စွန့်ကြိုးပမ်း မြှင့်တင်ခဲ့ကြသော လူငယ်တောင်တက်သမား(၃)ဦးအား အဆိုပါတောင်တက်သမားတို့၏မိသားစုဝင်များ၊ ထူးဖောင်ဒေးရှင်း၊ ထူးကုမ္ပဏီများအုပ်စု၊ အဲပုဂံ၊ AGD Bank ၊ Aureum Palace Hotel၊ Myanmar Treasure Hotel၊ AGD Bank၊ Myanmar Cargo Services (CMS)၊ Htoo Housing & Property Developmentနှင့် Yangon Air Port Group ၊ ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း နှင့် ထူးကုမ္ပဏီများအုပ်စု၏ ဝန်ထမ်းမိသားစုများ နှင့် တာဝန်ရှိသူများ၊ Technical Climbing Club of Myanmar မှ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တပ်မတော် ကြည်း၊ ရေ၊လေ တပ်မတော်သားများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ သဘာဝခေါ်သံ ဖောင်ဒေးရှင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်အားကစားနှင့် ကာယပညာသိပ္ပံမှ လူငယ်များမှ လှိုက်လှဲဂုဏ်ယူစွာ ကြိုဆို ခဲ့ကြပါသည်။

မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင်အား ပထမဆုံး အကြိမ် အောင်မြင်စွာ တက် ရောက်ခဲ့ကြသော လူငယ်တောင်တက် အဖွဲ့ဝင်များဖြစ်ကြ သည့် ကိုပြည့်ဖြိုးအောင်၊ ကိုဝင်းကိုကိုနှင့် ကိုညီညီ အောင်တို့ (၃)ဦးအား ကြိုဆို နူတ်ဆက် သူများက ရန်ကုန်လေဆိပ်မှ ပြည်လမ်းတစ်လျှောက် ရှစ်မိုင်မီးပွိုင့်၊ ထိုမှ တဆင့် ကမ္ဘာအေး ဘုရားလမ်းအတိုင်း ဦးထောင်ဘိုအဝိုင်း၊ ထိုမှတဆင့် ကန်တော်ကြီး ဟိုတယ်သို့ ပို့ ဆောင်ပေး ခဲ့ကြပါသည်။

မြန်မာလူငယ်တောင်တက်သမားတစ်ဦးဖြစ်သော ကိုပြည့်ဖြိုးအောင်က ကမ္ဘာ့အမြင့်ဆုံးတောင်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ ယခုလို ပြောကြားခဲ့ပါသည်။ “ တောင်ထိပ်ကို တက်တဲ့နေ့ (Summit push) မှာ ကိုယ့်ကို ယုံကြည်အားပေးနေကြတဲ့ မြန်မာပြည်သူ သန်း (၅၀)ကို စိတ်ထဲမှာ မြင်ပြီး အားတင်း ထားခဲ့တာပါ၊ အဲဒီစိတ်ကြောင့်ပဲ ကျွန်တော်တို့ တောင်ထိပ်ကိုရောက်ခဲ့ တယ်လို့ ပြောရပါ မယ်၊ တောင်ထိပ်ပေါ်ရောက်တဲ့အချိန်မှာ အင်မတန် မှ ပျော်ရွှင်ခဲ့ရပါတယ်” ဟု ပြောကြား ခဲ့ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ တောင်တက် အားကစား အဖွဲ့အစည်း အားလုံး စုပေါင်းကာ မျိုးဆက်သစ် လူငယ်တောင်တက်သမား များကို မိမိတို့၏ အတွေ့ အကြုံနှင့် တောင်တက် ပညာများကို မျှဝေသွားရန် ရည်ရွယ်ချက်ရှိကြောင်းလည်း ဆက် လက်ပြောကြားခဲ့ပါသည်။

မြန်မာလူငယ်တောင်တက်သမား (၃)ဦးသည်ကမ္ဘာကျော် ဧ၀ရတ်တောင်အား အောင် မြင်စွာ တက်ရောက်ခဲ့သည့် အတွေ့အကြုံများနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို လာမည့်မေလ(၂၇)ရက်တွင် ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်ရှိ မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ သတင်းစာရှင်းလင်းပွဲ ကျင်းပမည့်အစီ အစဉ်အသေး စိတ်အချက်အလက်များကို မကြာခင် ဆက်လက်ဖော်ပြသွားမည်ဖြစ်ပါသည်။

တောင်တက်သမားများ ဘေးကင်းလုံခြုံစွာဖြင့် အောင်မြင်မှုရရှိရန် ၀ိုင်းဝန်း ဆုတောင်းပေးခဲ့ကြသောမြန်မာနိုင်ငံ သားများအားလုံးကိုလည်း ထူးဖောင်ဒေးရှင်း မှ ကျေးဇူးတင်ရှိပါကြောင်း လေးစားစွာဖြင့် ဖော်ပြအပ် ပါသည်။

ယခုကဲ့သို့ တောင်တက်အားကစား၏ သမိုင်းမှတ်တမ်းသစ် ရေးထိုးနိုင်ရေး အပြင် အခြားတစ်ဖက် တွင်လည်း ထူးဖောင်ဒေးရှင်း သည် မြန်မာနိုင်ငံ၏ အမှန်တကယ် လိုအပ်ချက် ရှိနေသောဒေသများတွင် ကျန်းမာရေး၊ ပညာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များကို စွမ်းနိုင်သမျှ ကူညီဆောင်ရွှက် လျက်ရှိနေပါသည်။ အနာဂါတ် ကာလ တွင်လည်း အများပြည်သူတို့အတွက် အကျိုးရှိစေမည့် ပရဟိတလုပ်ငန်းများကို စွမ်းစွမ်း တမံဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။



Htoo Foundation

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...