Ads (728x90)


ပြည်သူ့အတွက်ပထမရက်ပေါင်း ၁၀၀ အတွင်းလျှပ်စစ်ကဏ္ဍသည် ပြည်သူတွေအတွက် အလွန်အရေးပါသည့် အချက် တစ်ချက် ဖြစ်သောကြောင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို တိုးချဲ့တည်ဆောက်ပြီး လျှပ်စစ် ဓာတ်အား ပိုမိုဖြန့်ဖြူးနိုင်ရန် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှာ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ခွဲရုံများကိုတိုးချဲ့ တည်ဆောက် သွားမည်ဖြစ်ပါသည်။


လက်ရှိကြုံတွေ့နေရသည့် ဓာတ်အားပျောက်ဆုံးမှုကိုလျော့နည်းစေပြီး ဓာတ်အားပိုမိုပို့လွှတ်ပေးနိုင်ရန် တည်ငြိမ်သည့် ဗို့အားနှင့် ဓာတ်အား ဖြန့်ဖြူးပေးရန် စီမံတာများကို အဓိကလုပ်ဆောင်သွားမည် ဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီး တွင် လက်ရှိကြုံတွေ့နေ ရသည့် အခြေအနေအရ လှော်ကားဓာတ်အားပေး စက်ရုံမှာ GT ဓာတ်အားပေးစက်များ စွမ်းအားပြည့်မောင်းနှင်သည့် အနေ အထားမှာ ပုံမှန် ဓာတ်အားပေးနိုင်ပေးနိုင်သည့်အောက် ထုတ်လုပ်မှုကျဆင်းနေသည့်အတွက် ယခုအချိန်တွင် ၂၃၀ ကေဗွီ (၁၀၀) အမ်ဗွီအေ Bank အမှတ် ၄ က Overload ဖြစ်နေသဖြင့် ၀န်အား ၂၀ မဂ္ဂါဝပ်လျှော့ပေး နေရပြီး ရွာမပင်ဓာတ်အားခွဲရုံမှာလည်း စက်အခက်အခဲကြောင့် ရန်ကုန်စက်မှုဇုန်ကို ၅ မဂ္ဂါဝပ် နေ့စဉ် ၀န်အား လျှော့ချနေရသောကြောင့် အမြန်ဆုံး ပြင်ဆင်ဖြည့် တင်းနေပြီး ဖြေရှင်းပေးနိုင်ရန် ရန်ကုန်တိုင်း ဒေသကြီးခရိုင်လေးခရိုင်အတွင်းမှာ ၁၁-၆ ဒသမ ၆နှင့် ၀ ဒသမ ၄ ကေဗွီ ၂၀၀ ကေဗွီအေ ဖြန့်ဖြူးရေးထရန်စဖော်မာအလုံး ၁၅၀ နှင့် ဆက်စပ်ဓာတ်အားလိုင်းများ တည်ဆောက်ခြင်းကို အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

စွမ်းအင်ကဏ္ဍတွင် ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် သစ်တောပြုန်းတီးမှုကို လျော့ချရန် ထင်းအစားထိုး မီးဖိုချောင်သုံးလောင်စာ အဖြစ် ရေနံ ဓာတ်ငွေ့ရည် တင်သွင်းသိုလှောင် ဖြန့်ဖြူးရောင်းချခြင်းများကို ၂၀၁၁ခုနှစ် ကတည်းကပုဂ္ဂလိကလုပ်ငန်းရှင်များကို ခွင့်ပြုထားခဲ့ပြီး ယခုအချိန်တွင် ပြည်သူများပိုမိုသုံးစွဲနိုင်ရန် လုပ်ငန်းလိုင်စင်နှစ်မျိုးမှငါးမျိုးအထိ တိုးချဲ့ပြီးခွင့်ပြုနိုင်ရန် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် ပူးပေါင်းစီမံသွားမှာဖြစ်ပြီး ယခုအချိန်ထိပုဂ္ဂလိကကုမ္ပဏီ ၁၃ ခုကို လုပ်ကိုင် ခွင့်ပြုထားပြီး ဖြစ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ပြေးဆွဲနေသည့် City Bus များအတွက် စီအန်ဂျီသဘာဝဓာတ်ငွေ့များ တိုးတက်ဖြန့်ဖြူးပေး ရန်၊ ရေနံ ဓာတ်ငွေ့ရည် ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းများစည်းကမ်းတကျနှင့် တိုးတက်စေရန်၊ လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးခြင်းနှင့် ဖက်စပ်လုပ်ငန်းများတိုးချဲ့ရန်နှင့် ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များနှင့် စက်သုံးဆီဈေးနှုန်းများ ကမ္ဘာ့ပေါက်ဈေးနဲ့အညီ ပြည်သူလူထု ထိုက်သင့်သည့်ဈေးနှုန်းတွေဖြစ်လာစေရန် ဦးစားပေးဆောင်ရွက် သွားမည်ဖြစ်ပါသည်။

နေပြည်တော်၊ တံတားဦး၊ မြစ်ကြီးနား၊ ဟဲဟိုး၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ ထားဝယ်၊စစ်တွေ၊ မော်လမြိုင်နှင့် ကျောက်ဖြူ လေယာဉ် ဆီဌာနခွဲ ၁၁ ခုမှာလေယာဉ်ဆီဖြန့်ဖြူး ရောင်းချခြင်းများကို စတင်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

ဓာတ်ဆီ၊ ဒီဇယ်ဆီသုံးစွဲမှုကို လျှော့ချနိုင်ရန် သဘာဝ ဓာတ်ငွေ့သုံးမော်တော်ယာဉ်အဖြစ် ယခုအချိန် တွင် အစီးရေ၂၈၂၃၄ စီး အထိခွင့်ပြုထားသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည် ပို့ဆောင်ရေး ကဏ္ဍအတွက် City Bus များကို တိုးတက်ဖြန့်ဖြူးပေးနိုင် ရန် ပြင်ဆင်နေပြီးအများနှင့်သက်ဆိုင်သည့် ကုမ္ပဏီများကယာဉ်သစ် ၆၅ စီးကိုတစ်စီးလျှင် ဓာတ်ငွေ့ ၆၀၀ လီတာ နှုန်းနှင့် တိုးမြှင့်ဖြန့်ဖြူးပေး နိုင်ရေးစီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

(မှတ်ချက်။လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီးဌာန၏ပထမရက်၁၀၀အတွင်း ပြည်သူ့အတွက် ရှေ့ရှု ဆောင်ရွက်မည့် လုပ်ငန်းများ အကြောင်း အသေးစိတ်ကို ၁၅-၅-၂၀၁၆ရက်နေ့ ည(၈)နာရီသတင်း အပြီးတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လွှင့်သွား မည်ဖြစ်ပြီး ၁၆-၅-၂၀၁၆ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများဖြစ်သော မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစားများတွင် အပြည့်အစုံ ဖော်ပြပေး သွားမည်ဖြစ်ပါသည်။)




Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...