Ads (728x90)


အန္တရာယ်ကြီးမားလှသည့် ရေခဲပြိုကျမှုများ (avalanches)ကြောင့် လွန်ခဲ့သည့် တောင်တက်ရာသီ (၂)နှစ်ဆက်တိုက် တောင်တက်ခရီးစဉ်များ ရပ်နားထားခဲ့ရသော ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်ထောင်ထိပ်တွင် နိုင်ငံတော် အလံအား ဂုဏ်ယူစွာဖြင့် စိုက်ထူနိုင်ရန် မြန်မာတောင်တက်သမားလူငယ် (၃)ဦးအနက် နှစ်ဦးဖြစ်သော ကိုပြည့်ဖြိုးအောင်နှင့် ကိုဝင်းကိုကို တို့ နှစ်ဦး အပြင်းအထန် ကြိုးစားလျက် ရှိပါသည်။
၎င်းတို့ နှစ်ဦးသည် လက်ရှိအချိန်တွင် အမြင့် (၆,၄၀၀) မီတာရှိသော Camp-2 သို့ အောင်မြင်စွာ ရောက်ရှိနေပြီး ဆက်လက် တက်ရောက်ရန် ပြင်ဆင်လျှက်ရှိပါ သည်။
တောင်တက်အဖွဲ့ဝင် တစ်ဦးဖြစ်သော ကိုညီညီအောင်မှာ ကျန်းမာရေး အခြေ အနေကြောင့် ဆရာဝန်များ၏ ညွှန်ကြားမှုဖြင့်
တောင်ခြေစခန်း(Base Camp) တွင် ကျန်ရစ်ခဲ့ပါသည်။
ကိုညီညီအောင်၏ ကျန်းမာရေး အခြေအနေကို တောင်ခြေစခန်းတွင် ခေတ်မီစက်ကိရိယာ များဖြင့် (၃)ကြိမ်တိုင်တိုင် စစ်ဆေးကြည့်ရှုခဲ့ရာ နှလုံးခုန်မြန်ပြီး သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုမှာ (၅၇) ရာခိုင်နူန်းအထိ ကျဆင်းနေသည်ကို တွေ့ရှိခဲ့ရပါသည်။
တောင်တက်ခရီးစဉ်အတွင်း ရုတ်တရက် နှလုံးခုန် ရပ်တန့်သွားနိုင်ပြီး အဆုတ်နှင့် သွေးလည်ပတ်မှု စနစ်များ ထိခိုက်နိုင်သည့် အခြေအနေတွင် ရှိနေပါသည်။ ထို့အပြင် ပင်လယ်ရေမျက်နှာပြင် မှ မြင့်တက်လာ သည်နှင့်အမျှ ကိုညီညီအောင်သည် High Altitude pulmonary edema (HAPE) ကို မလွဲမသွေကြုံနိုင်သည့် အနေအထားတွင် ရှိနေကြောင်း တွေ့ရှိရသဖြင့် တောင်ထိပ်သို့ တက်မည့် အချိန်တွင် မပါဝင်ဘဲ ကျန်ခဲ့ရခြင်း ဖြစ်ပါသည်။
ဆက်လက်တက်ရောက်လျှက်ရှိသော တောင်တက်သမားနှစ်ဦးသည် မနက်ဖြန် မေလ (၁၇)ရက်နံနက် (၆) နာရီခန့်တွင် အမြင့် (၇,၁၆၂)မီတာရှိသော Camp-3 သို့ တက်ရောက်မည်ဖြစ်ပါသည်။
ဧ၀ရတ်တောင် အောင်နိုင်ရေး ခရီးစဉ်တွင် တောင်တက်သမားများသည် တောင်ခြေစခန်း (Base Camp) မှ နေပြီး Camp (၄)ခုကို ဖြတ်သန်း တက်ရောက်ကြရပါသည်။ ထိုနောက် တောင်တက်သမားများသည် Camp – 4 မှနေပြီး summit push အဖြစ် တောင်ထိပ်သို့ အရောက် တက်ရောက်ကြခြင်း ဖြစ်ပါသည်။
နောက်ဆုံး Camp -4 မှာ အမြင့် (၈,၀၀၀) မီတာ ရှိပြီး တောင်တက်သမား များအတွက် သေမင်းတမန်ဇုံဟု တင်စားခေါ်ဝေါ်သည့် နေရာဖြစ်ပါသည်။
ဧ၀ရတ်တောင်ထိပ်ရှိ အပူချိန်၊ လေတိုက်နူန်း စသည့် ရာသီဥတု အခြေအနေများ ကောင်းမွန်နေပါက မူလအစီအစဉ်အတိုင်း မေလ (၁၉)ရက် မနက်ပိုင်းတွင် မြန်မာတောင် တက်သမားများသည် တောင်ထိပ်သို့ အရောက် တက်ရောက်ကြမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ဂုဏ်ကို တောင်တက်အားကစားဖြင့် သက်စွန့်ကြိုးပမ်းမြှင့် တင်လျှက်ရှိသော မြန်မာလူငယ် တောင်တက်သမားများအား ကူညီခွင့်ရရှိခဲ့သဖြင့် ထူးဖောင်ဒေးရှင်းအနေဖြင့် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ဖော်ပြအပ်ပါ သည်။ လူငယ်တောင်တက်သမားများ အနေဖြင့်လည်း ဘေးမသီရန်မခဘဲ နိုင်ငံ၏ ဂုဏ်ကို ဆောင်နိုင်ကြ ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

Htoo Foundation

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...