Ads (728x90)



အင်အားကြီးတဲ့ ဘာသာကြီးတွေကြားထဲမှာ
ကာလကြာရှည်စွာ ရပ်တည်နိုင်ခဲ့တာဟာ
စစ်မှန်တဲ့ဘာသာဖြစ်တာက တကြောင်း

ပြီးတော့
သာသနာပြု ရဟန်းသံဃာတော်များရဲ့ အသက်
သွေးချွေး ပေါင်းမြောက်များစွာကလည်း ပေးဆပ်
လာခဲ့ရတာကတကြောင်း မို့  ဒီနေ့ ထိ ရပ်တည်
နေနိုင်တာပါ
အတိတ်ကိုပြန်ကြည့်မယ်ဆိုရင်
ဗုဒ္ဓဘာသာပျောက်ကွယ်ဖို့  အကြိမ်ပေါင်းများစွာ
ဖြစ်ခဲ့ဘူးပြီးပါပြီ
ဗုဒ္ဓဘာသာကို လွှမ်းမိုးဖို့  ဘာသာကြီးတွေက
အမြဲတမ်း ကြိုးပမ်းနေခဲ့တယ် စနစ်တကျ
ဖျတ်စီးနေခဲ့တာ လို့ ပြောရင် မလွန်လောက်ပါဘူး
သိပ္ပံနည်းကျ ဘာသာမို့  သူတို့ တွေ
မယှဉ်နိုင်ပါဘူး ဒါကို
ကြိတ်မနိုင်ခဲမရဖြစ်နေကြတာပါ
ထေရဝါဒ နိုင်ငံတွေထဲကမှ မြန်မာနိုင်ငံကို
ဖြိုလှဲနိုင်ခဲ့ရင် ဗုဒ္ဓဘာသာ ကျဆုံးပြီ
ဒါကို သူတို့ ကောင်းကောင်းသိတယ်
ခတ်တာက
အသားထဲက လောက်ထွက်တာတွေကြောင့်ပဲ
စိုးရိမ်နေရတာ
သာသနာတော်ကို နှစ်ပေါင်းများစွာ မမြှောက်စားပဲ
ပစ်ထားခဲ့တဲ့အတွက် အခု သာသနာပြုသူတွေ
ပင်ပမ်းနေရပြီ
အုပ်ချုပ်သူတွေရဲ့ ညံ့ဖျင်းခဲ့မှု့ကြောင့်
အင်အားနည်းနေတဲ့ကြားထဲက ဖရိုဖရဲ ကွဲပြိုပြီး
ဗုဒ္ဓဘာသာအချင်းချင်း စိတ်ဝမ်းတွေကွဲခဲ့ရပြီ
တကမ္ဘာလုံးအတိုင်းအတာနဲ့  ဗုဒ္ဓဘာသာဟာ
ခြောက်ရာခိုင်နုန်းသာ ရှိနေပေမဲ့လည်း
တကယ်တမ်း ဘာသာ သာသနာကိုတန်ဘိုးထားသူဟာ အနည်းငယ်ပဲ
ရှိလိမ့်မယ်
ခုလို ထောက်ပြတဲ့သူမျိုးကိုတောင်
ဘာသာရေးလှုံ့ဆော်မှု့လုပ်တာလား ဆိုတဲ့
အမြင်ရှိသူတွေဟာ တော်တော်များနေပြီ
အဲဒီလိုဗုဒ္ဓဘာသာတွေဟာ တခြားဘာသာကို
အားပေးအားမြှောက်လုပ်သလို ဖြစ်နေတယ်
တာဝန်ရှိတဲ့ အကြီးအကဲတွေ နေရာရနေသူတွေကို လေ့လာကြည့်တော့လည်း
တခြားနိုင်ငံက ဘာသာရေးခေါင်းဆောင်တွေလို
သတ္တိမရှိဘူး မပြတ်သားရဲဘူး တခုခုကို
ကြောက်နေသလိုပဲ တွေ့ နေရတယ် လူ့ အခွင့်
အရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ လုံးလည်
ပတ်ချာလိုက်နေတယ်
တကယ်ဆို ဥရောပက လူ့ အခွင့်အရေး နိုင်ငံကြီး
တွေတောင် လူ့ အခွင့်အရေးစကား မပြောနိုင်တော့ဘူး လူ့ အခွင့်အရေးဆိုတာ လူလိုနေတဲ့သူ
ပဲ ရနိုင်တယ်ဆိုတာ သိသင့်တယ်
ရဟန်းသံဃာတော်တွေလည်း ပင်ပမ်းနေပြီ
တနှစ်ကို ခုနှစ်သောင်းလောက်လျှော့နေပြီ
တနိုင်ငံလုံးအတိုင်းအတာမှ ငါးသိန်းပဲရှိတယ်
ဒီပုံစံနဲ့ ဆို ဘာမှ မကြာလောက်တော့ဘူး
ခြောက်ရာခိုင်နုန်းရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေကလည်း ခုထိ ငြင်းနေကြတုန်း
သာသနာတော်အတွက် စည်းလုံးမှ ရမယ်ဆိုတာ
သိနေပေမဲ့ စည်းလုံးမှု့ဆိုတာ ဘယ်လိုတည်ဆောက်ရမှန်းကို မသိတော့ဘူး
သာသနာအတွက်
တွေးမိတိုင်း
ရင်မောနေရပြီ
လူ့ အခွင်အရေးတခုတည်းကြည့်မယ်ဆိုရင်
ဗုဒ္ဓဘာသာအတွက် စိတ်မချရဘူး
ဘာသာကွယ်ရင် အခုရှိနေသူတွေရော
နောင်မွေးလာမဲ့ သူအားလုံးရော
မြင်အပ် မမြင်အပ် ၃၁ ဘုံ သားတွေအားလုံး
အပါယ်ဆင်းကြရတော့မယ်
တကယ်ဆို
အဲဒီလို ဘာသာသာသနာပျောက်ရင်
အပါယ်ဆင်းကြရမဲ့ နောင်မွေးလာမဲ့ သူအားလုံးရဲ့
လု့ အခွင့်အရေး ကို လည်း ကြည့်သင့်တယ်လို့ 
ထင်တယ်
ဗုဒ္ဓဘာသာဝင်များအားလုံး
လေးအသင်္ချေ ကမ္ဘာတသိန်း ပေးဆပ်ခဲ့ရတဲ့
ဘုရားရှင်ရဲ့ သာသနာတော်တန်ဘိုးကို
နားလည်နိုင်ပါစေလို့ ပဲ
ဆုတောင်းမိပါတော့တယ်။
ဦးမြင့်ခိုင်

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...