Ads (728x90)


သြော်..သြော်..သြော်...
ပြောတတ်လိုက်တဲ့ ပါးစပ်လေးရယ်
"စစ်သားကစစ်တိုက်ရမယ် နိုင်ငံရေးသမားကနိုင်ငံရေးလုပ်ရမယ် သူတို့အဲ့လိုမျိုးပြောကြေးဆို ငါတို့က မြို့ပေါ်မှာနေပြီး ငှက်ပျောဖတ်နဲ့ထမင်းစားပေးရမှာလား?"
တဲ့လား မင်းပါးစပ်လေးကို ရွှေချထားသင့်တယ်သိလား..
ပြောတော့ ...
"စစ်သားအားလုံးကိုမဆိုလိုပါ။ညာဉ်မရှိသောစစ်ခွေးများအားလုံးကိုရည်ညွှန်းပါသည်။"
တဲ့ မင်းအပြောလေးက ချိုမလိုနဲ့  တော်တော် ရက်စက် ခါးသီးနေမှန်း
မင်းမသိဘူးလား မင်းက မိန်းမသားပါ စစ်သားတွေရဲ့ ဘ၀တွေကို
မင်းရင်နဲ့  ရင်းပြီး နှလုံးသားနဲ့ ရင်းပြီး ကိုယ့်တွေ့ ကြုံဆုံနေရသလို
ခံစားကြည့်လိုက်စမ်းပါ မင်း မှာ ကြင်နာတတ်နဲ့ နှလုံးသား စာနာတတ်တဲ့
စိတ်သဘောထားရှိမယ်ဆိုရင် မင်း ဘယ်တော့မှ စစ်သားတွေကို
"စစ်ခွေး" လို့ ခေါ်မှာမဟုတ်တော့ဘူး နောက်ပြီးတော့ ဘယ်လိုစစ်သား
ညာလို စစ်သားလို့ လဲ မင်းခွဲခြားတော့မှာမဟုတ်ဘူး စစ်သားဆိုရင်
တစ်တန်းစားထဲပဲလို့  မင်းမြင်လာပါလိမ့်မယ်။
ငါစစ်သားမဟုတ်ပါဘူး ဒါပေမယ့် စစ်သားတွေကို ထိရင် စော်ကားရင်
ငါ့ ဆွေမျိုးသားချင်း ညီအစ်ကိုအရင်းတွေကို ထိသလို ငါနာတယ်
မင်းပြောသလို "စစ်သားက စစ်ပဲတိုက်ရမယ် နိုင်ငံရေးသမားက နိုင်ငံရေးပဲ
လုပ်ရမယ်" လို့ သတ်မှတ်ထားရင် စစ်သားအားလုံး စစ်မတိုက်ပဲ နိုင်ငံရေးပဲ
လုပ်ချင်ကြမှာအသေအခြာပဲ စစ်သားအားလုံး စစ်တိုက်ချင်လွန်းလို့ 
စစ်ထဲဝင်ပြီး စစ်သားလုပ်နေကြတာမဟုတ်ဘူး စစ်သားတိုင်းဟာ
အမြဲတမ်း သတ်ချင်ဖြတ်ချင်စိတ်ဖြစ်နေတဲ့ သွေးဆာနေတဲ့နေတဲ့သူတွေ
မဟုတ်ဘူး မင်းတို့  ငါတို့ တစ်တွေ အေးအေးချမ်းချမ်းနေရဖို့  အေးအေး
ဆေးဆေး အရိပ်ထဲမှာ စားသောက်နေနိုင်ဖို့  မင်းတို့ ငါတို့ တွေ ပိုင်ဆိုင်တဲ့
စည်းစိမ်ဥစ္စာတွေကို သူခိုး ဂျပိုး သူပုန်တွေ ရန်ကနေ ကာကွယ်ပေးနိုင်ဖို့ 
နောက်ဆုံးပြောရရင် အိမ်နီးချင်း နိုင်ငံတွေရဲ့  နယ်ချဲ့ မှုတွေ အနိုင်ကျင့်မှု
ချုပ်ခြယ်မှုတွေ မခံရအောင်လို့  သူတို့ ရဲ့ အသက်တွေ သွေးချွေးတွေနဲ့ 
ဒီနိုင်ငံအတွက် စတေးပြီး တိုက်ပွဲတွေ စစ်နွှဲနေရတာပါ မင်းပြောသလို
စစ်သားဆိုတာ စစ်တိုက်ရမယ်ဆိုတာ အဲ့ဒါတွေကြောင့်တိုက်ရတာ
နောက်ပြီးတော့ စစ်သားတွေ စစ်ပဲတိုက်ရမယ်ဆိုရင် မင်းတို့ ငါတို့ တွေ
နေထိုင်နေတဲ့ ပတ်ဝန်းကျင်က လမ်းတံတားတွေ ဆည်မြောင်း တာတမံတွေ
လူနေမှုတွေကို ဖြည့်ဆည်းပေးတဲ့ အခြေခံအဆောက်အဦးတွေကို
သူတို့ တွေ သွေးတွေ ချွေးတွေ လုပ်အားတွေနဲ့  တည်ဆောက်ပေး
ထားတာတွေကို မမေ့ပါနဲ့  ဒီလို ကျေးဇူးတရားတွေရှိတဲ့ စစ်သားဆိုသူတွေကို
မင်း "စစ်ခွေး" လို့ ခေါ်တာ မင်းလွန်တယ်မထင်ဘူးလား။
မင်းပြောတဲ့ " နိုင်ငံရေးသမားကနိုင်ငံရေးလုပ်ရမယ် " လို့ သတ်မှတ်ထားရင်
မင်း မြင်နေ တွေ့ နေရတဲ့ နိုင်ငံရေး သမားတွေတိုင်းက အစစ်အမှန် နိုင်ငံရေး
လုပ်ကြတာသေချာလား နိုင်ငံ့အရေးကို အမှန်တစ်ကယ်လုပ်နေသူ စစ်စစ်တွေလို့ 
မင်း 100% ယူဆထားသလား ...? သေချာလေ့လာကြည့်ပါ မင်း နိုင်ငံရေးသမား
တွေလို့ ယူဆထားသူတွေ သတ်မှတ်ထားသူတွေက နိုင်ငံ့အရေးကို အမှန်တကယ်
မလုပ်ကြဘူးဆိုတာ မင်းတွေ့ လာပါလိမ့်မယ်။

မင်း "စစ်ခွေး" လို့ ခေါ်တဲ့ စစ်သားတွေ
နိုင်ငံ နဲ့ လူမျိုး ဘာသာ သာသနာအတွက် သူတို့ အသက်
သွေး ချွေးတွေပေးဆပ် စစ်တိုက်ပြီး နိုင်ငံ့အရေးတွေလုပ်နေချိန်မှာ
မင်းပြောတဲ့ နိုင်ငံရေးသမားတွေဘယ်ရောက်နေလဲ...?
မင်း "စစ်ခွေး" လို့ ခေါ်တဲ့ စစ်သားတွေ
နိုင်ငံ နဲ့ လူမျိုး ဘာသာ သာသနာအတွက် သူတို့ အသက်
သွေး ချွေးတွေ လုပ်အားတွေနဲ့  မီးရထားလမ်းတွေ ကားလမ်းတွေဖောက်
တံတားတွေဆောက် ဆည်၊ မြောင်း၊ တာ တမံ တွေ တည်ဆောက်ပြီး
နိုင်ငံ့အရေး လုပ်နေချိန်မှာ
မင်းပြောတဲ့ နိုင်ငံရေးသမားတွေ ဘယ်ရောက်နေလဲ....?
မင်း "စစ်ခွေး" လို့ ခေါ်တဲ့ စစ်သားတွေ
မီးဘေး၊ ရေဘေး၊ လေဘေး တွေကြုံလာတိုင်း ရှေ့ ဆုံးကနေ ပြည်သူတွေကို
ကူညီကယ်တင်ပြီး နိုင်ငံ့အရေးလုပ်နေချိန်မှာ
မင်းပြောတဲ့ နိုင်ငံရေးသမားတွေ ဘယ်ရောက်နေလဲ....?
မင်းပြောခဲ့တဲ့အတိုင်းသာ စစ်သားက စစ်ပဲတိုက်ရမယ်သတ်မှတ်ထားရင်
ဒီလိုအလုပ်တွေ ဘာလို့ လုပ်နေကြသေးတာလဲ ဘာလို့ လုပ်ခဲ့ကြသေးလဲမသိဘူး မဆိုင်သလို နေပြီး စစ်ပဲတိုက်နေလိုက်ပြီးတာပဲကို မဟုတ်ဘူးလား...?
မင်းလွယ်လွယ်လေး ပြောထွက်တဲ့ "စစ်သားကစစ်တိုက်ရမယ် နိုင်ငံရေးသမားကနိုင်ငံရေးလုပ်ရမယ် သူတို့အဲ့လိုမျိုးပြောကြေးဆို ငါတို့က မြို့ပေါ်မှာနေပြီး ငှက်ပျောဖတ်နဲ့ထမင်းစားပေးရမှာလား?"
ဆိုတဲ့ထဲမှာပါတဲ့ "ငါတို့က မြို့ပေါ်မှာနေပြီး ငှက်ပျောဖတ်နဲ့ထမင်းစားပေးရမှာလား" လို့  မေးရင် စားပေးကြည့်ပါ
ဟိန္ဒူဘုရားကျောင်းတွေမှာပွဲလုပ်ရင် ငှက်ပျောဖက်နဲ့ ထမင်းကျွေးပါတယ်
အဲ့ဒီ ငှက်ပျောဖက်နဲ့ ကျွေးတဲ့ထမင်းကို စားဖူးပီးသွားရင် မြို့ ပေါ်မှာ
ငှက်ပျောဖက်နဲ့ စားရတဲ့ထမင်းရသာရဲ့  အပုံ ၁၀၀ ပုံ ၁ ပုံတောင်မရှိတဲ့
အရသာနဲ့  ထမင်းကို တောထဲမှာ ငှက်ပျောဖက်နဲ့ စားနေရတဲ့
စစ်သားတွေဘ၀ ဘယ်လိုရှိတယ်ဆိုတာ အနည်းငယ်တော့ ကိုယ်ချင်းလေး
စာတတ်သွားပေါ့။
ဒီတော့ စစ်သားသားတိုင်းကို မမုန်းဘူးပြောပြီး စစ်သားတွေကို "စစ်ခွေး"
တွေလို့  ခေါ်ခဲ့တာ မင်း နောင်တ ရ မရဆိုတာလေးကိုတော့ သိချင်ပါဘိ
မင်းသိသလောက် အသိဥာဏ်လေးက အပေါ်ယံ နိုင်ငံရေးလုပ်သူတွေနဲ့ 
အစစ်အမှန် နိုင်ငံ့ အရေးလုပ်သူတွေကို ခွဲခြား မသိနိုင်သေးဘူးလို့ မြင်တယ်
မင်းပြောနေတဲ့ နိုင်ငံရေးသမားတွေဆိုတာ စစ်သားတွေလောက် စစ်မှန်တဲ့
နိုင်ငံ့အရေးကို လုပ်ကြတဲ့ သူတွေမဟုတ်ဘူး စစ်သားတွေဆိုတာကမှ
နိုင်ငံ့သားကောင်းတွေ နိုင်ငံ့ဝန်ထမ်းစစ်စစ်တွေ မင်းပြောပြောနေတဲ့
နိုင်ငံရေးသမားတွေထက် နိုင်ငံ့အရေး အမှန်အကန်လုပ်သူ နိုင်ငံရေးသမား စစ်စစ်ကြီးတွေပါ။
ဒီလောက်ဆို စစ်သားတိုင်းကို မမုန်းပါဘူး ပြောပြီး "စစ်ခွေး" လို့ ခေါ်နေသူတွေ
နားလည်သဘောပေါက်ကြပြီလို့ ထင်ပါတယ် ဒီလောက်ပြောထားတာမှ
သဘောမပေါက်သေးဘူး "စစ်ခွေး" လို့ ခေါ်မြဲအတိုင်း ခေါ်နေဦးမယ်ဆိုရင်တော့
ကျွဲပါး စောင်းတီးမိသည့် မိမိတွင်သာ အပြစ်ရှိသည်လို့ မှတ်ယူလိုက်ပါတော့မည်။
Ps. အဘဘောမှမဟုတ်သလို မင်းတို့ ခေါ်ခေါ်နေတဲ့ စစ်ခွေးလည်းမဟုတ်ဘူး
စောက်ကျေးဇူးတရား မသိတတ်တဲ့ ကျေးဇူးကန်တဲ့ ခွေးတိရိစ္ဆာန်လောက်တောင်
ကျေးဇူးမသိတဲ့ လူ့ အန္တတွေအတွက် ဘယ်စစ်သားတွေကိုမဆို နောက်နောင် "စစ်ခွေး" လို့ မခေါ်မိအောင် ရှောင်ကြဉ် နိုင်ကြစေဖို့  အသိတရား ကျေးဇူးတရား
လေးတွေကို သိတတ်စေဖို့  ဒါကိုရေးပေးတာ စစ်သားတွေရဲ့ ဆိုးကွက်တွေက ဘာတွေညာတွေဆိုပြီး လာထောက်မပြနဲ့  စစ်သားတွေရဲ့ ကောင်းကွက်တွေ
က မင်းတို့ ပြောတဲ့ ဆိုးကွက်တွေထက်ပိုများတယ်ဆိုတာ သိထားလိုက်ကြဦး
ငါပြောတာ လက်မခံနိုင်ဘူးဆိုရင် လက်တွေ့ သိရအောင်
လေ့လာကြည့်လိုက်ပါဦး ဒီလောက်ပါပဲ။
Aung Kyaw Soe ( 27.4.2016 - 01:05 AM )



Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...