Ads (728x90)


မန်ယူအသင်း၏ ဂန္ထ၀င်နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်သည် ၂၀၁၁ ခုနှစ်က အသင်း၏ ဂိုးသမားကြီး ဗန်ဒါဆား ကစားသမားဘ၀မှ အနားယူရန် ကြေငြာသည့်အချိန်တွင် ၎င်း၏နေရာကို အစားထိုးရန် ဒီဂီယာထက် နူအာကို ခေါ်ယူရန် အလိုရှိခဲ့သော်လည်း ဂိုးနည်းပြ Eric Steele ၏ တိုက်တွန်းမှုကြောင့် ဒီဂီယာကို ခေါ်ယူဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

ဖာဂူဆန်က ``Eric အနေနဲ့ ဒီဂီယာကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ပြီးသား ဖြစ်နေတယ်။ သူ့အနေနဲ့ ဒီဂီယာကိုပဲ ခေါ်ယူဖို့ ကျွန်တော့်ကို တွင်တွင် တင်းခံနေခဲ့တယ်။ ကျွန်တော်က သူ့ကို နူအာက ပြီးပြည့်စုံတဲ့ ဂိုးသမားဖြစ်ကြောင်း ၊ ရင့်ကျက်မှုလည်း ရှိနေပြီဖြစ်ကြောင်း ၊ သူရဲ့ ရုပ်ပိုင်းဆိုင်ရာ အနေအထားသည်လည်း မယုံကြည်နိုင်စရာ ကောင်းနေပြီဖြစ်ကြောင်း ပြောခဲ့ပါတယ်။ သူက ကျွန်တော့်ပြောတာကို ဟုတ်ပါတယ် လို့ ထောက်ခံပြောကြားတယ်။ ဒါပေမယ့် နောင် ၃ နှစ်အတွင်းမှာ ဒီဂီယာက ပိုကောင်းတဲ့ ဂိုးသမားဖြစ်လာမှာပါ လို့ သူက ကျွန်တော့်ကို ပြန်ပြောခဲ့ပါတယ်´´ ဟု ပြန်ပြောင်း ပြောပြခဲ့သည်။
ဆက်လက်ပြီး ဖာဂူဆန်က ``Eric နဲ့ ကျွန်တော်ဟာ စပိန်ကိုသွားပြီး ဗလင်စီယာမှာ ကန်တဲ့ တီကိုရဲ့ အဝေးကွင်းပွဲမှာ ဒီဂီယာကို သွားရောက် အကဲခတ်ခဲ့ပါတယ်။ အဲရစ်က ဒီဂီယာရဲ့ လျင်မြန်သွက်လက်မှု ၊ မိမိကိုယ်ကို ယုံကြည်မှု နဲ့ ရွှေ့လျားနေရာယူမှု တွေအကြောင်း ပြောပြခဲ့ပါတယ်။ ပြီးတော့ Eric ဟာ ဒီဂီယာရဲ့ မိဘတွေနဲ့ အဆက်အသွယ်ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်သူ့ကို ယုံကြည်ပါတယ်။ ပြီးတော့ ကျွန်တော် ဒီဂီယာကို ခေါ်ယူခဲ့တယ်။ ကျွန်တော် ဒီအတွက် စိတ်သက်သာရာ ရခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ Eric မှန်ကန်ခဲ့လို့ပါ´´ ဟု ပြောဆိုသွားသည်။
‪#‎Trojan‬


Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...