Ads (728x90)



မိမိဝယ်ထားတဲ့ ကြက်ဥ လတ်ဆတ်မှုရှိမရှိကို စမ်းသပ်ရန် လွယ်ကူတဲ့ နည်းလမ်း ရှိပါတယ်။ ယင်းကတော့ ကြက်ဥကို ရေဖြည့်ထားတဲ့ ခွက်ထဲကို ထည့်ကြည့်ဖို့ ဖြစ်ပါတယ်။
ကျောက်ခဲလုံးပမာ ရေထဲကို နှစ်နေပြီဆိုရင် ယင်း ကြက်ဥဟာ အလတ်ဆတ်ဆုံးပဲ ဖြစ်ပါတယ်။ သူဟာ တစ်တ်တောင် မပြည့်သေးပါဘူး။ အကယ်၍ ရေထဲမှာ ကြမ်းပြင်နဲ့ထိလိုက်မထိလိုက်ဖြစ်နေပြီဆိုရင် သူက တစ်ပတ်လောက် ကြာနေပြီ ဖြစ်ပါတယ်။ ဒါလည်း စားလို့အဆင်ပြေပါသေးတယ်။ နောက်တစ်လုံးကတော့ ရေထဲမှာ ထောင်နေခြင်း ဖြစ်ပါတယ်။ ချွန်တဲ့ ဖက်က ရေအောက်စိက်ပြီးတော့ ထောင်နေတဲ့အလုံးက ၃ ပတ်လောက် ကြာပါပြီ။ ရေပေါ်မှာ ပေါ်နေတဲ့ အလုံးကတော့ လေးပတ်ကနေစလို့ အတော်လေးကြာနေပြီ ဖြစ်တဲ့ ကြက်ဥ ဖြစ်ပါတယ်။ အဲဒီလိုကြာလို့ စားလို့မရဘူးလို့လဲ မဆိုလိုပါ။ အဓိကကတော့ ပေါ်စ ကြက်ဥနဲ့ စာရင် လတ်ဆတ်မှု သိပ်မရှိတော့ခြင်းသာ ဖြစ်ပါတယ်။
အကယ်၍ ခွဲကြည့်ပြီး အနံ့ခံကြည့်တဲ့အခါ အနံအသက် ကောင်းမွန်နေသေးတယ်။ အရောင်လည်း ပုံမှန်ပဲ ဆိုရင်တော့ စားလို့ရပါတယ်။ ယခုလို ခွဲခြားနည်းဟာ ဈေးထဲမှာ ဝယ်နေတုန်း စမ်းသပ်လို့မရနိုင်ပေမယ့် အိမ်မှာ အာဟာရ လိုအပ်တဲ့ လူနာကို ချက်ကြွေးနေရတဲ့ သူများအနေနဲ့ အလတ်ဆတ်ဆုံး ကြက်ဥကို ယခုလို ရွေးချယ်ပေးနိုင် ပါတယ်။
.
Ref: wikihow
အောင်ခမ်း (ရိုးရာလေး)

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...