ထူးဖောင်ဒေးရှင်းသည် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အတွက် ရည်ရွယ်၍ အောက်တိုဘာ (၁)ရက်၊ ၂၀၁၅ခုနှစ်တွင် မြန်မာနိုင်ငံလူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ကျင်းပရေး လုပ်ငန်းကော်မတီသို့ အလှူငွေ ကျပ်(၂၅)သိန်း ပေးအပ်လှူဒါန်းခဲ့ပါသည်။
နိုင်ငံတကာသက်ကြီးရွယ်အိုများနေ့အား နှစ်စဉ် အောက်တိုဘာ (၁)ရက်နေ့တွင် ကျင်းပလေ့ရှိပြီး ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတိုင်းမှ ကျင်းပသော အခမ်းအနားနေ့တစ်ခုဖြစ်ပါသည်။
အဆိုပါနေ့ရက်တွင် သက်ကြီးရွယ်အိုများတွေ့ကြုံခံစားရသည့် ကျန်းမာရေး၊ လူမှုပြဿနာ များ အား သတိမှုမိစေရနှ်နှင့် ၎င်းသက်ကြီးရွယ်အိုများက လူမှုဝန်းကျင်အား ပေးဆပ်ခဲ့သည်များကို အမှတ်ရစေ ရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။
ထူးဖောင်ဒေးရှင်းအနေဖြင့် မိမိတို့နိုင်ငံ၏ ပညာရေး၊ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးကဏ္ဍများအတွက် စွမ်းနိုင်သမျှဆောင်ရွက်လျှက်ရှိပြီး ယခုကဲ့သို့ လူမှုအသိုင်းအ၀န်းအတွက် အဖိုးမဖြတ်နိုင်သော အဘိုးအဘွားများအတွက် တစ်ထောင့်တစ်နေရာမှ ကူညီပံ့ပိုးခွင့်ရသဖြင့် များစွာ ၀မ်းမြောက်ဂုဏ်ယူ ပါကြောင်း ဖော်ပြအပ်ပါသည်။
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။