Ads (728x90)

5.10.2015-7 5.10.2015-8 5.10.2015-9
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ မြို့တော်ခန်းမတွင် စက်တင်ဘာ (၂၅)ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် တက္ကသိုလ်နှင့်  အခြေံပညာကျောင်းများသို့ ကွန်ပြူတာ များပေးအပ်လှူဒါန်းခြင်းနှင့် ဒေသ ဖွံ့ဖြိုးရေးအတွက် အလှူငွေပေးအပ်ခြင်းအခမ်းအနားတွင် ထူးဖောင်ဒေးရှင်းမှ ကျပ်သိန်း (၂၆၀)တန်ဖိုးရှိ သင်ထောက်ကူပစ္စည်း All in one ကွန်ပြူတာ (K Yan) ၁၀ စုံ ပေးအပ်လှူဒါန်းခဲ့ပါသည်။
သင်ထောက်ကူပစ္စည်း All in one ကွန်ပြူတာ (K Yan) ဆိုသည်မှာ လျှပ်စစ်စွမ်းအင်ရှိသော မည်သည့် ဒေသတွင်မဆို နည်းပညာအထောက်အကူပြုစာသင်ခန်း တစ်ခု အဖြစ် အသုံးပြုနိုင်သော ကိရိယာများဖြစ်ပါသည်။ အဓိကပံ့ပိုးမှုမှာ virtual whiteboard ဖြစ်ပြီး အနီအောက်ရောင်ခြည်ဘောပင်ဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ whiteboard အနေဖြင့်အသုံးပြုရာတွင် အရောင်ဖျော့ဖျော့နံရံတွင် ပရောဂျက်တာဖြင့် ထိုးကာ အသုံးပြုနိုင်မည်ဖြစ်သည်။
သမရိုးကျ whiteboard များထက်ပိုမိုကောင်းမွန် သည့် အားသာချက်မှာ သင်ကြားပေးသည့် ဆရာ၊ဆရာမများအနေဖြင့် အကြိမ်ကြိမ် ပြန်ရေးစရာ မလိုအပ်ဘဲ ရေးသားထားသည့် အကြောင်းအရာများ အား ကွန်ပြူတာစနစ်၏ မှတ်ဥာဏ်တွင် သိမ်းဆည်းထားနိုင်မည်ဖြစ်ပါသည်။
အဆိုပါ ကွန်ပြူတာစနစ်မှာ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဋ္ဌာနမှ သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းအထိ ပြဋ္ဌာန်းထားသော သင်ရိုးညွှန်းတမ်းများအား ဒစ်ဂျစ်တယ်ပုံစံဖြင့် ထည့်သွင်းပေးထားပါသည်။ ထို့ကြောင့် (K Yan) သင်ထောက်ကူကွန်ပြူတာစနစ်အား မည်သည့်အတန်း၊ မည်သည့်ဘာသာ ရပ်သင်ကြားရာတွင်မဆို အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ၀ိုင်ဖိုင်စနစ်ပါဝင် သဖြင့် အင်တာနက်ဖြင့် ချိတ်ဆက်၍လည်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။
ထူးဖောင်ဒေးရှင်း၏ ယခုလှူဒါန်းမှုအတွက် ထူးကုမ္ပဏီများအုပ်စု၏ လုပ်ငန်းများ ဖြစ်သော အဲပုဂံနှင့် AGD Bank တို့မှလည်း ကူညီပံ့ပိုးပေးခဲ့ပါသည်။
ထူးဖောင်ဒေးရှင်းအနေဖြင့် ဝေးလံသောအရပ်ဒေသမှ မိမိတို့မြန်မာနိုင်ငံသားများ၏ ပညာရေးကဏ္ဍနှင့် ဒေသဖွံ့ဖြိုးရေးအတွက် တစ်တပ်တစ်အားပါဝင်လှူဒါန်းခွင့်ရရှိခဲ့ သဖြင့် များစွာဝမ်းမြောက်ဂုဏ်ယူမိကြောင်း ဖော်ပြအပ်ပါသည်။

+Htoo Media Center 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...