၂၀၁၅ခုနှစ်၊ စက်တင်ဘာ (၂၃)ရက်နေ့က ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ပြုလုပ်ခဲ့သည့် တက္ကသိုလ်နှင့် အခြေခံပညာသင်တန်းကျောင်းများသို့ ကွန်ပြူတာများပေးအပ်လှူဒါန်းခြင်းနှင့် ဒေသဖွံ့ဖြိုးရေးအတွက် အလှူငွေ ပေးအပ်ခြင်း အခမ်းအနားတွင် ထူးကုမ္ပဏီများအုပ်စုမှ အလှူငွေ ကျပ်သိန်း(၁၀၀)နှင့်အတူ ကွန်ပြူတာ (၁၀)လုံးအား ပေးအပ်လှူဒါန်းခဲ့ပါသည်။
ထူးကုမ္ပဏီများအုပ်စု၏ ဥက္ကဋ္ဌဖြစ်ပြီး AGD Bank Executive Chairman
လည်းဖြစ်သော ဦးတေဇမှ နာယကအဖြစ် ဦးဆောင်သည့် ထူးဖောင်ဒေးရှင်းသည်
ဝေးလံပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောဒေသများရှိ ပြည်သူများ၏
ပညာရေး၊ကျန်းမာရေးနှင့် လူမှုရေးကဏ္ဍများ အဆင်ပြေစေရန် အဓိကရည်ရွယ်ပြီး
ဖွံ့ဖြိုးရေးလုပ်ငန်းများအား လုပ်ဆောင်လျက်ရှိပါသည်။ ထို့အတူ ထူးကုမ္ပဏီများ
အုပ်စုသည်လည်း နိုင်ငံတော်၏ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် မိမိတို့
တတ်နိုင်သမျှ ပါဝင်ကူညီလျှက်ရှိပါသည်။
ထူးကုမ္ပဏီများအုပ်စုသည် ကော်ပိုရေးရှင်းတစ်ခု၏ လူမှုဝတ္တရားများ အနေဖြင့် လုပ်ဆောင်နေခြင်းမျှမကဘဲ ဝေးလံခေါင်သီသော ဒေသမှ မိမိတို့မြန်မာနိုင်ငံသားများ၏ ပညာရေး၊ ကျန်းမာရေးနှင့်လူမှုဘ၀များ အဆင်ပြေ ချောမွေ့စေရန် ရည်ရွယ်ချက်ဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်မှုများအား အနာဂါတ်ကာလတွင်လည်း တစ်စိုက်မတ်မတ် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။