Ads (728x90)

အမျိုးသားတွေသောက်ရမယ့် သန္ဓေတားဆေး လာတော့မည်

ဆေးပညာသမိုင်းမှာ ပထမဆုံးအဖြစ် အမျိုးသားတွေသောက်ရမယ့် သန္ဓေတားဆေးတွေ မကြာခင်အချိန်မှာ ဈေးကွက်ထဲရောက်လာတော့မယ်လို့ သိရပါတယ်။ အမျိုးသားသန္ဓေတားဆေးမူပိုင်ခွင့်ကို ဒီဆေးဝါးစမ်းသပ် သုတေသနပြုခဲ့တဲ့ Parsemus ဖောင်ဒေးရှင်းက ပိုင်ဆိုင်ထားပါတယ်။ အမျိုးသမီးတွေအတွက်တော့ ဒါဟာ သတင်းကောင်းဖြစ်ပါလိမ့်မယ်။


မကြာခင်အချိန်အတွင်းမှာ အမေရိကန်အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာနက ထောက်ခံချက်ကိုလည်း ရရှိတော့မှာဖြစ်ပါတယ်။ အမေရိကဈေးကွက်ထဲကို ဒီသန္ဓေတားဆေးတွေ ၂၀၁၈ နဲ့ ၂၀၂၀ ခုနှစ်ကြားထဲမှာ ရောက်လာပြီး ကျယ်ကျယ်ပြန့်ပြန့်ရောင်းချမယ်လို့ ခန့်မှန်းထားပါတယ်။ ကွန်ဒုံးကိုထုတ်လုပ်ပြီးတဲ့နောက်ပိုင်း သန္ဓေတားဖို့ အမျိုးသားတွေသုံးရမယ့် ပထမဆုံးအရာလည်း ဖြစ်လာခဲ့ပါတယ်။ ဆေးဝါးကိုအသုံးပြုရ လွယ်ကူအောင်ထုတ်လုပ်သွားမှာဖြစ်ပြီး ထိုးဆေးအနေနဲ့မဟုတ်ပဲ သောက်ဆေးအနေနဲ့ အမျိုးသားတွေ သောက်သုံးရမှာဖြစ်ပါတယ်။ ကြိုတင်သုတေသနပြုချက်အရတော့ အမျိုးသားတစ်ဝက်လောက်က ဒီသန္ဓေတားဆေးကို သောက်သုံးကြမယ်လို့ ပြောထားပါတယ်။


ဆေးနာမည်ကို Vasalgel လို့အမည်ပေးထားပြီး အမျိုးသားတွေရဲ့ သုပ်ပိုးသွားရာလမ်းကြောင်းကို တားဆီးမှာ ဖြစ်ပါတယ်။ အလွယ်ပြောရရင်တော့ မျိုးအောင်စေမယ့် သုပ်ပိုးတွေကို တားဆီးပေးမယ့် သောက်ဆေးဖြစ်ပါယ်။ ဆေးဝါးစမ်းသပ်မှုကိုတော့ နောက်နှစ်ထဲမှာ စလုပ်ပါလိမ့်မယ်။ လက်ရှိမှာတော့ သန္ဓေတားဆေးဟာ အမျိုးသမီးတွေ အတွက်ပဲရှိသေးပြီး များများသုံးစွဲမိရင် အနာဂတ်ကလေးငယ်ကိုထိခိုက်နိုင်ချေရှိတယ်လို့ ဆေးဝါးကျွမ်းကျင်သူတွေက ဆိုထားပါတယ်။ အမျိုးသားသန္ဓေတားဆေးကလည်း ဘယ်လိုဆိုးကျိုးတွေ ရှိလာဦးမယ်ဆိုတာ မသိရသေးပါဘူး။


http://www.planet.com.mm/detail/28028/World

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...