Ads (728x90)



ဖားကန့် ဇွန် ၁၉

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ဖားကန့်မြို့မှ လေးမိုင်ခန့်အကွာတွင်ရှိသော ဆိတ်မုကျေးရွာအုပ်စု၊ကောင်စံကျေးရွာ
အနီးရှိ ထူးကျောက်မျက်ကုမ္ပဏီအား ကေအိုင်အေလက်နက်ကိုင်လူတစ်စုမှ မီးရှို့ဖျက်ဆီးသွားရာ လုပ်ငန်းသုံး
ကားတချို့နှင့် အဆောင်များပျက်စီးသွားကြောင်း ဒေသခံများထံမှသိရသည်။


၁၈.၆.၂၀၁၅ ည ရှစ်နာရီအချိန်ခန့်တွင် လက်နက်ကိုင်ထားသည့် လူအယောက်နှစ်ဆယ်ခန့်ရောက်ရှိလာကာ အစောင့်များအား ရိုက်နှက်သွားပြီး ကုမ္ပဏီပိုင်အဆောင်များနှင့် ကားများအား မီးရှို့သွးရာ ၁၂ဘီး
ကားခြောက်စီး၊ဖိုးဝှီးကားနှစ်စီးမီးလောင်ပျက်စီးသွားကြောင်း၊အလုပ်သမားဆောင်၊ထမင်းချက်အဆောင်များ
လည်း မီးရှို့ပျက်စီးသွားကြောင်း၊လူအသေအပျောက်မရှိကြောင်း အဆိုပါဒေသခံများထံသို့ ဆက်သွယ်
မေးမြန်းချက်အရ သိရသည်။

“ရပ်ကွက်လူကြီးတွေသွားတားတော့ သူတို့ပါ ရိုက်သွားတယ်။ကားတွေကို ဓာတ်ဆီလောင်းပြီးမီး
ရှို့သွားတာပါ။ဒီက လက်နက်ကိုင်အဖွဲ့တွေက သူတို့ သိပ်ကြည့်မရတဲ့ကုမ္ပဏီဆိုရင် အဲဒီလိုဝင်လုပ်နေကြပဲ။၂၀၁၅ ၂လပိုင်းတုန်းကလည်း ကုမ္ပဏီတစ်ခုကို အဲဒီလိုပဲ မီးရှို့သွားသေးတယ်”ဟု အဆိုပါဒေသနေ ဦးမျိုးညွှန့်
က ဖုန်းဖြင့်ဆက်သွယ်ပြောကြားသည်။

ထူးကျောက်မျက်ကုမ္ပဏီလက်ထောက်မန်နေဂျာဦးစိန်သောင်းမှ အမှုဖွင့်တိုင်ကြားထားပြီး ဆုံးရှုံးမှုစရိတ်ခန့်
မှန်းခြေ ကျပ်သိန်း ၆၄၄သိန်းဖြစ်ကြောင်း၊အဆိုပါ အမှုအား ပ-၇၆/၂၀၁၅၊ပြစ်မှုပုဒ်မ ၄၃၆ဖြင့် အမှုဖွင့်ထားကြောင်း ဖားကန့်မြို့နယ်၊မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

special thank to Ko Myo Nyunt

oppositeyes 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...