လူတွေကိုသတ်ပြီး အသားတွေကို ချက်ပြုတ်စားသောက်တဲ့ ဖိလစ်ပိုင်အမျိုးသမီးတစ်ဦး ကို အင်ဒိုနီးရှားရဲအာဏာပိုင်တွေက သက်သေခံလူ့ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့်တ ကွ ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။ သူမရဲ့ နေအိမ်သို့သွားရောက်လည်ပတ်ကြတဲ့ လူအချို့နဲ့ ခင်ပွန်းဖြစ်သူတို့ ပျောက်ခြင်းမလှပျောက်ဆုံးသွားခဲ့တာနဲ့ ပတ်သက်ပြီး မသ င်္ကာဖြစ်ကာ စစ်ဆေးဖမ်းမိခဲ့ခြင်းပဲဖြစ်ပါတယ်။
အသက် ၂၉ နှစ်အရွယ်ရှိတဲ့ အဆိုပါအမျိုးသမီးက ခင်ပွန်းဖြစ်သူအပါအဝင် လူအ ယောက် ၃၀ ကျော်ကိုသတ်ဖြတ်ပြီး ကိုယ်ခန္ဓာကိုယ်တွေကို အပိုင်းပိုင်းခုတ်ထစ်ကာ အအေးခံချက်ပြုတ်စားသောက်တာဖြစ်လို့စစ်ဆေးဝန်ခံထားပါတယ်။ ပထမစစချင်း စားသုံးချိန်ကစပြီး အရသာတမူထူးခြား ကောင်းမွန်တာကိုအရသာခံမိရာမှ ဆက် ဆက်ပြီး မစားရရင်မနေနိုင်လောက်အောင် စွဲလမ်းသွားတယ်လို့ဆိုပါတယ်။
သူမက သွေးသံတရဲရဲနဲ့ သွေးခဲနေတဲ့ ခြေပြတ်၊ လက်ပြတ်၊ ဦးခေါင်းပြတ်နဲ့အတွင်း ကလီစာ တွေကို အထုပ်တစ်ထုပ်ချင်းစီထုပ်ပိုးပြီး အအေးခံထားတာဖြစ်ကာ နေအိမ်ကို သူငယ်ချင်းများ လာရောက်လည်ပတ်ချိန် ပါတီပွဲတွေမှာလည်း ယင်းလူသားတွေနဲ့ ချက်ပြုတ်တည်ခင်းဧည့်ခံလေ့ရှိကာ ဘယ်အသားနဲ့ချက်ပြုတ်ကြောင်းကိုတော့ ဘယ် သူကိုမှ ပြောမပြခဲ့ဘူးလို့ အိမ်နီးနားချင်းမိတ်ဆွေတွေနဲ့ သူမအိမ်သွားရောက်လည် ပတ်ဖူးတဲ့ သူငယ်ချင်းအချို့က ဆိုကြပါတယ်။
Phothutaw

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။