မေလ(၂၈)ရက်နံနက်ပိုင်းတွင် စစ်တွေမြို့မှ ထွက်ခွာခဲ့သော နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ည(၈)နာရီအချိန်တွင် အမ်းမြို့သို့ ရောက်ရှိခဲ့ပါသည်။ အမ်းမြို့ရှိ ကုတင်(၃၀၀)ဆေးရုံတွင် ဒေသခံ သွားနှင့်ခံတွင်း ဝေဒနာရှင် (၂၉၉)ဦးအား (၃)ရက်ကြာ ဆေးကုသမှုပြုလုပ်ခဲ့ရာတွင် လူနာ(၂၇)ဦးအား လိုအပ်သည့် သွားအတုစိုက်ခြင်းများ ပြုလုပ်ပေးခဲ့ပါသည်။
ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် မေလ(၃၁)ရက်နေ့အထိ သွားနှင့်ခံတွင်း ဝေဒနာရှင်များအား အခမဲ့ဆေးကုသမှုပေးခဲ့သည့် ဆေးဘက်ဆိုင်ရာ ပုဂ္ဂိုဟ်များနှင့် ထူးဖောင်ဒေးရှင်းမှဝန်ထမ်းများသည် ယင်းနေ့ ညနေပိုင်းတွင် အမ်းမြို့မှ ထွက်ခွာခဲ့ပြီး ဇွန်လ(၁)ရက်၊ ညနေ (၇)နာရီခန့်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။
ယခုခရီးစဉ်ဖြစ်မြောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့သော မြန်မာနိုင်ငံသွားနှင့်ခံတွင်း ဆေးကောင်စီမှ ပါမောက္ခ ဒေါက်တာ ပိုင်စိုးနှင့် ဆေးဘက်ဆိုင်ရာပုဂ္ဂိုလ်များ အားလုံးအား ထူးဖောင်ဒေးရှင်းအနေဖြင့် များစွာကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါ သည်။
ထူးဖောင်ဒေးရှင်းသည် လူမှုရေးပရဟိတလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး၊ ပညာရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေး စသည်တို့အား လုပ်ဆောင်နေသကဲ့သို့ပင် တစ်ပြိုင်နက်တည်းမှာပဲ ပြည်သူတို့၏ ကျန်းမာရေးကဏ္ဍအတွက်လည်း စွမ်းနိုင်သမျှ ကြိုးပမ်းလုပ်ဆောင်လျှက်ရှိပါသည်။
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။