နာယကဦးတေဇ၏ လမ်းညွှန်မှုဖြင့် ထူးဖောင်ဒေးရှင်းသည် ရခိုင်ပြည်နယ်၊နယ်လှည့်ဆေးကုသမှုခရီးစဉ်အဖြစ် ပြီးခဲ့သောမေလ (၂၄)ရက်နေ့၊ မနက်ပိုင်းကရန်ကုန်မြို့မှထွက်ခွာခဲ့ရာစစ်တွေမြို့သို့ မေလ (၂၅)ရက် နံနက်အစောပိုင်းတွင် ရောက်ရှိခဲ့ပါသည်။ အဆိုပါခရီးစဉ်တွင် မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆေးကောင်စီမှ ပါမောက္ခဒေါက်တာပိုင်စိုးနှင့် ၀ါရင့်ဆေးဘက်ဆိုင်ရာပုဂ္ဂိုလ်များကဦးဆောင်၍ သွားနှင့်ခံတွင်းလူနာများကိုအခမဲ့ ဆေးကုသပေးခဲ့ခြင်း ဖြစ်ပါသည်။
ထို့နောက် မေလ(၂၈)ရက်၊နံနက်အစောပိုင်းတွင် ထူးဖောင်ဒေးရှင်းမှ ၀န်ထမ်းများနှင့် ဆေးဘက်ဆိုင်ရာပုဂ္ဂိုဟ်များသည် စစ်တွေမြို့မှ ထွက်ခွာခဲ့ပြီးအခမဲ့ဆေးကုမှုပြုလုပ်ရန် အစီအစဉ်ရေးဆွဲထားသည့်အတိုင်းအမ်းမြို့သို့ ထွက်ခွာခဲ့ကြပါသည်။
ထူးဖောင်ဒေးရှင်းသည် ကျန်းမာရေးကဏ္ဍတိုးတက်ကောင်းမွန်ရေးအတွက် အမှန်တကယ်လိုအပ်သည့်ဒေသများတွင် ကူညီဆောင်ရွက်မှုများကိုစွမ်းနိုင်သမျှ စဉ်ဆက်မပြတ် လုပ်ဆောင်လျှက်ရှိပါသည်။
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။