Ads (728x90)

7.10.2014-1 7.10.2014-2 7.10.2014-3
ယနေ့မှာ ပျောက်ဆုံးနေတဲ့ B4 ရဟတ်ယာဉ်ကို ရှာဖွေဖို့ မိမိနှင့် ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ နောင်မွန်းမှာ ရောက်ရှိနေခဲ့ပါတယ်။ ပျောက်ဆုံးရဟတ်ယာဉ်ကို ကူညီရွာဖွေပေးဖို့လည်း မိမိက နောင်မွန်း ရွာသားတွေကို အကူအညီ တောင်းခဲ့ပါတယ်။

နောင်မွန်းရွာသားတွေထဲက ရ၀မ်စကားပြောတဲ့ ရွာသားတစ်ယောက်က ဖြစ်နိုင်ချေ ရှိတဲ့ နေရာတစ်ခုကို ပြောပြခဲ့တာကြောင့် ချက်ချင်းပဲ မိမိနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေဟာ နောင်မွန်းကနေ လန်ဆာရွာဘက်ကို ရှာဖွေရေးတွေ လုပ်ဖို့ ထွက်ခဲ့ကြပါတယ်။

ရှာဖွေရင်း လန်ဆာရွာမှာ မိမိရဲ့လက်ထောက် ရွှေရင်တော်ကြီးကို စတင်တွေ့ရှိခဲ့တာကြောင့် အရမ်းကို ပျော်ရွှင်ခဲ့ရပါတယ်။ ကပ္ပတိန်နှစ်ယောက်ကို မတွေ့လို့မေးတော့ ရွှေရင်တော်ကြီးက သူအရှေ့က အရင်လာတာ ဖြစ်ကြောင်း၊ တောထဲမှာ ကပ္ပတိန်နှစ်ယောက် ကျန်ခဲ့ကြောင်းနဲ့ ဒဏ်ရာလည်း ရနေကြောင်း ပြောတဲ့အတွက် မိမိ အပါအ၀င် ဧ၀ရတ်တောင်တက်ဖို့ လေ့ကျင့်ထားတဲ့ ထူးကုမ္ပဏီက စံဝင်းကျော်၊ စိုင်းကျော်ဝဏ္ဏစိုး၊ အောင်ဇေယျာမျိုး၊ ရွာသား (၂၀)၊ လုံခြုံရေးရဲတွေနဲ့ အခု သူတို့ကို တွေ့ရှိဖို့ တောထဲမှာ အပူတပြင်း ရှာဖွေနေပါတယ်။

မကြာမီ ကပ္ပတိန်နှစ်ယောက်ကို ကယ်ဆယ်နိုင်ပါတော့မယ်။ မေတ္တာပို့ ဆုတောင်းပေးနေကြတဲ့သူတွေ အားလုံးကိုလည်း မိမိ အနေနဲ့ လွန်စွာ ကျေးဇူးတင်ကြောင်း ဒီနေရာကနေ ပြောလိုက်ပါတယ်။

{{{ ထူးဖောင်ဒေးရှင်း နာယက ဦးတေဇ၏ Facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်}}}

+HTOO Foundation 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...