ပျောက်ဆုံးတောင်တက်သမားနှစ်ဦးကို
ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်စဉ် အဆက်အသွယ် ပြတ်တောက်သွားသည့်
ထိုင်းနိုင်ငံမှ B4 ရဟတ်ယာဉ်ဖြင့် လိုက်ပါသွားသူများနှင့် ယနေ့ ညနေ ၄း၀၀
နာရီ အချိန်ခန့်က အဆက်အသွယ် ပြန်လည် ရရှိခဲ့ပါသည်။ ပျောက်ဆုံးရဟတ်ယာဉ်တွင် လိုက်ပါခဲ့သူ (၃)ဦး စလုံး အသက်ရှင်ကြောင်းလည်း ၀မ်းသာဖွယ် သတင်းရရှိသည်။ထူးဖောင်ဒေးရှင်း နာယက ဦးတေဇသည် အဆိုပါ သတင်းရရှိသည်နှင့် တပြိုင်နက် ပူတာအိုမြို့မှ B3 ကယ်ဆယ်ရေး ရဟတ်ယာဉ်ဖြင့် အဆက်အသွယ် ရရှိခဲ့သည့် လန်ဆာကျေးရွာသို့ ချက်ချင်း သွားရောက်ခဲ့သည်။
ယခု ညနေ ၅း၀၀ နာရီခန့်တွင် ဦးတေဇသည် လန်ဆာကျေးရွာ၌ ထိုင်းရဟတ်ယာဉ်မှူး၊ မြန်မာရဟတ်ယာဉ်မှူးနှင့် ဦးရွှေရင်တော်ကြီးတို့ကို တွေ့ဆုံပြီး လိုအပ်သည့် ဆေးဝါး ကုသမှုများ လုပ်ဆောင်နိုင်ရန် စီစဉ်ပေးလျက် ရှိပါသည်။
အသေးစိတ်သတင်းများကို ဆက်လက် တင်ပြပေးသွားပါမည်။
(5 photos)
+HTOO Foundation

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။