Ads (728x90)

1.10.2014-1 1.10.2014-2 1.10.2014-3

ပျောက်ဆုံးနေသည့် ထိုင်းနိုင်ငံမှ B4 ရဟတ်ယာဉ်ကို ရှာဖွေတွေ့ရှိရန်နှင့် အဆက်အသွယ် ရရှိရန်အတွက် ထူးဖောင်ဒေးရှင်းနှင့်အတူ ပူတာအို အခြေစိုက် စစ်ဘက်နယ်ဘက်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နယ်မြေခံ ရဲတပ်ရင်းမှ ရဲတပ်သားများနှင့် ဒေသခံ ရွာသူရွာသားများ ပူးပေါင်း ရှာဖွေလျက် ရှိပါသည်။ ထို့ပြင် တရုတ်နိုင်ငံမှ Blue Sky ကယ်ဆယ်ရေး အဖွဲ့ကလည်း ထူးဖောင်ဒေးရှင်း၏ ကယ်ဆယ်ရှာဖွေရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။

ဝေဟင်ရှာဖွေရေးအဖြင့် ထူးဖောင်းဒေးရှင်းမှ B3 ရဟတ်ယာဉ်(၂)စီး၊ တပ်မတော်လေမှ MI 17 ရဟတ်ယာဉ်တစ်စီးတို့ဖြင့် ဝေဟင်မှ သတ်မှတ်ထားသည့် လမ်းကြောင်းများအတိုင်း ပိုက်စိတ်တိုက် ပျံသန်းရှာဖွေလျက်ရှိပါသည်။

ယနေ့ ရဟတ်ယာဉ်ဖြင့် ရှာဖွေသည့် လမ်းကြောင်းတွင် အီတလီ Pilot မောင်းနှင်သည့် ရဟတ်ယာဉ်၌ ထူးဖောင်ဒေးရှင်း နာယက ဦးတေဇ ကိုယ်တိုင် လိုက်ပါပြီး ရှာဖွေမှုများ ပြုလုပ်လျက် ရှိပါသည်။
October 1, 2014 ကယ်ဆယ်ရေးလှုပ်ရှားမှု(15 photos)
1.10.2014-4 1.10.2014-5 1.10.2014-6
ထူးဖောင်ဒေးရှင်း မှ ပြန်လည်ကူးယူဖော်ပြပါသည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...