Ads (728x90)

 http://photos.myjoyonline.com/photos/news/201404/3996356646116_2440217112294.jpg
စစ်တွေပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ ကလေးတစ်ယောက် Ebola virusကူးစက်ခံနေရတယ်လို့ ဖွနေတဲ့ကောင်တွေရှိတယ်။ တစ်ချို့က ဆေးရုံက ဆရာဝန် ဆရာမတွေပြောတာပါ လို့ ဖွတဲ့သူတွေရှိတယ်။ ဒီသတင်း လုံးဝမမှန်ပါဘူး။ Ebola virusက ကူးစက်ခံရရင် ခုလေ့လာတွေ့ရှိချက် တွေအရ သေတာပါပဲ။ ခုအဲဒီကလေးက နေကောင်းနေပါပြီ။ မကြာခင်ဆေးရုံက ဆင်းရပါတော့မယ်။
Ebola virusကိုနိုင်တဲ့ဆေး ခုထိ ရှာမတွေ့သေးပါဘူး။ အဲကလေးသာ Ebola virus ကူးစက်ခံရင် အခုရောဂါသက်သာပျောက်ကင်းနေပြီ ဖြစ်တဲ့အတွက် စစ်တွေဆေးရုံကြီးက ကလေးအထူးကုဆရာဝန်တွေဟာ Ebola Virusပိုးကို ပျောက်ကင်းအောင် ကုသပေးနိုင်တယ်ဆိုပြီး နိုဘယ်ဆုချီးမြှင့်ခံရပါလိမ့်မယ်။ ဆေးရုံအုပ်ကြီးလည်း စီမံထူးချွန်ပထမဆုကို ရပါလိမ့်မယ်။ ဆရာဆရာမတွေလည်း လူမှုထူးချွန် ပထမဆုကို ရပါလိမ့်မယ်။ ခုဆရာဆရာမတွေက သွေးလွန်တုပ်ကွေးနဲ့ ဂျပန်ဦးနှောက်ရောင် ကုထုံးကိုပိုပြီးအာရုံစိုက်နေရတဲ့အတွက် Ebolaလေးက အသာလေးနေပါဦး။ နိုဘယ်ဆုလည်းမမက်မောပါဘူး။
တစ်ကယ်လို့ Ebola virusသာ စစ်တွေဆေးရုံကြီး မှာဖြစ်ပွားခဲ့ရင် ဦးဆုံး Child wardမှာရှိတဲ့ ကျနော့်သူငယ်ချင်းတွေ ဆရာ ဆရာမတွေ အရင်ဆုံး မာလကီးယား ပါလိမ့်မယ်။ ဒုတိယ Child wardနဲ့ဆက်စပ်နေတဲ့ ကျနော်တို့ OG ward ကဆရာ ဆရာမတွေလည်း နိဗ္ဗာနပစ္စယောဟောတု ဖြစ်ပါလိမ့်မယ်။ မာလကီးမယားရင်တောင် ဆေးရုံဝင်းတစ်ခုလုံးနဲ့ တစ်မိုင်ပတ်လည် မည်သူမျှမဝင်ရဆိုပြီး ချိတ်ပိတ် ခြံခတ် စစ်တပ်ကြီးတွေချပြီး အဆက်အသွယ် ဖြတ်ခြင်းခံရပါလိမ့်မယ်။ လက်ထဲကဖုန်းကိုလည်း သိမ်းသွားလို့ အွန်လိုင်းတောင် သုံးရမှာမဟုတ်ဘူး။
ခုအချိန်က ရာသီဥတု အကူးအပြောင်းကာလ ဖြစ်တဲ့အတွက်ကြောင့် ဆေးရုံကြီးမှာ သွေးလွန်တုပ်ကွေး လူနာတွေ ဂျပန်ဦးနှောက်ရောင် ရောဂါတွေကြောင့် ဆေးရုံကြီးကို အားကိုးတကြီး လာရောက်ကုသကြပါတယ်။ တစ်ကယ်လဲ တက်ရောက်ကုသဖို့ လိုအပ်ပါတယ်။ အကယ်၍ သတင်းမှားတွေကြောင့် ဆေးရုံတက်ရောက်ကုသဖို့ နှောင့်နှေးခဲ့ရင် မလိုလားအပ်တဲ့ အသက်အန္တရာယ်တွေ ကျရောက်နိုင်ပါတယ်။ ဒါကြောင့် သတင်းအမှားတွေ ကောလဟာလတွေမဖြန့်ကြပါနဲ့။
အောင်အောင် (အာရကန်)

Arakan Aung Aung


Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...