Ads (728x90)


 
-
 


-
-------------------------------------------------------------
ကိုရီးယား ရူးများ တမ်းတမ်းစွဲကြိုက်နှစ်သက်ပြီး အားပေးခဲ့ကြတဲ့
မြန်မာပြည်မှာ လက်မှတ်ခ အနည်းဆုံး ၂ သောင်းခွဲကနေ ၉ သိန်းထိ ကျသင့်တဲ့ ဈေးနှုန်းအဆမတန်ကြီးများတဲ့ 2NE1 ရှိုးပွဲပြီးဆုံးသွားချိန်မှာ အဲ့ဒီပွဲကိုကြည့်လာတဲ့သူငယ်ချင်းတစ်ယောက်ကို မေးကြည့်မိပါတယ်
သယ်ရင်း မင်းဟိုနေ့ က 2NE1 ပွဲကိုကြည့်လာတာဘယ်လိုနေလဲ
ဘာတွေရလာလဲ မင်းအတွက်ဘာအကျိုးရလာဒ်တွေထွက်ပေါ်လာခဲ့လဲ
လို့ မေးလိုက်တော့ မျက်နှာကြီး အီးမှန်ထားတဲ့ပုံစံမျိုးနဲ့ ရှုံ့ မဲ့ပြီးတော့
မပြောပါနဲ့ တော့ကွာ နောက်ဆိုရင်တော့သွားမကြည့်တော့ပါဘူး
ဒီတစ်ခါကြည့်တာ အဲ့ဒီပွဲနောက်ဆုံးပါပဲတဲ့ အဲ့ဒီတော့ကျွန်တော်လဲ
ဟေ...ဘယ်လိုများဖြစ်လို့ တုန်း ဆိုတော့ စတိတ်စင်အပြင်အဆင်
နောက်ခံ Animation တွေကတော့ မိုက်တယ်ကွာ ပြီးတော့ကိုရီးယားမလေးတွေကလဲ
ချစ်ဖို့ ကောင်းမှကောင်းပါပဲ ဒါပေမယ့်ကွာ အဲ့ဒီပွဲကို ငါ ၉ သိန်းပေးပီးကြည့်ခဲ့ရတာ
ဟေ့ကောင်ရာ အဲဒီပွဲမကျင်းပခင်ကတော့ ရင်ခုန်စွာနဲ့ စောင့်မျှော်ခဲ့ရသလို
ရှိုးပွဲထဲရောက်တော့လဲ ရင်ခုန်နေရတာပဲ ဒါပေမယ့်ကွာ ပွဲပြီးသွားတော့
ကုန်သွားတဲ့ ၉ သိန်းကို နှမြောလိုက်တာပြောမနေပါနဲ့ တော့ ငါကိုကမိုက်ပြီး
သွားကြည့်လိုက်မိတာပါကွာ တစ်ကယ်တော့ သူများတွေသွားကြည့်တော့
လိုက်ပြီးကြည့်ချင်တာရယ် မြန်မာပြည်မှာ ဈေးအကြီးဆုံး ရှိုးပွဲကိုသွားကြည့်တယ်ဆိုပြီး
လူအထင်ကြီးခံချင်တာရယ် သူများတန်းတူ ဒီလိုပွဲမျိုးကိုကြည့်နိုင်တယ်ဆိုပြီး
ဂုဏ်ယူချင်လို့ ဆိုပြီး ကြည့်လိုက်မိတာပါကွာ ခုတော့ တွေးရင်းနဲ့ ကုန်သွားတဲ့ပိုက်ဆံ ၉သိန်းလဲ
နှမြောတယ် အရည်လဲမရ အဖတ်လဲမရ ဗိုက်လဲမပြည့်ပဲ ၉ သိန်းကုန်သွားတဲ့အတွက်
ယူကျုံးမရတောင်ဖြစ်မိတယ် အဲ့ဒီပိုက်ဆံ ၉ သိန်းဆိုရင် ချောင်းသားတို့ ငွေဆောင်တို့ မှာ
အေး ဆေးသွားနှပ်နေလို့ ရတယ် ဘီယာသောက်မလား အရက်အကောင်းစား နဲ့သောက်မယ်
စားမယ်ဆိုရင်တောင်မှပဲ အဲ့လောက်ကုန်မှာမဟုတ်ဘူး ခုတော့နှမြောလွန်းလို့ နောက်ဆို ရင်
အဲ့လိုပွဲမျိုးမကြည့်တော့ဘူး ဘာရခဲ့လဲဆိုရင် ကိုယ်နားမလည်တဲ့ဘာသာနဲ့ဆိုသွားတော့
ဘာမှန်းတော့မသိဘူး သူများတွေ ဟေးလားဝါးလားအော်တော့လိုက်အော်ခဲ့လို့ 
အသံတွေတော့ဝင်နေပီ လို့ ပြောတော့ ဘေးနားကကောင်မလေးတစ်ယောက်က
ဝင်ပြောတယ်ဟုတ်တယ် အဲ့ဒီပွဲကို ညီမလဲ သွားကြည့်ဖြစ်တယ် ညီမလဲ ၉ သိန်းပဲ
အဲ့ဒီပွဲကြည့်ချင်လွန်းလို့ အိမ်မှာ နားပူနားဆာ လုပ်ဂျီကျပြီးလက်မှတ်ဖိုး ၉ သိန်းရအောင်
တောင်းခဲ့ရတာ အိမ်က ပိုက်ဆံပေးရင်ပြောတယ် ဒီလကစပြီးမုန့် ဖိုးတော့လျှော့ပြီ
ချင့်ချိန်ပြီးတော့ သုံးတော့ ထပ်မပေးတော့ဘူးဆိုတော့ ခုမုန့် ဖိုးလဲမရတော့ဘူး
အရင်လိုလဲ လိုသလောက်မပေးတော့ဘူးဆိုတော့ အဲ့ဒီပွဲကြည့်ခဲ့ရတာမတန်ဘူးလို့ 
ပြောရမယ် အဲ့ဒီပွဲကြောင့်ခု သုံးစရာပိုက်ဆံလဲတစ်ပြားမှမရှိတော့ဘူး လို့ ငိုမဲ့မဲ့ လေးနဲ့ 
ပြောနေတာ မြင်တွေ့ လိုက်ရတယ် အသက်ကြည့်တော့ ခုမှ ၁၆ ကျော်ကျော် ၁၇ လောက်ပဲ
ရှိသေးတဲ့အဲ့ဒီကောင်မလေးနဲ့  သူငယ်ချင်းကို ကဲမှတ်ပြီလား အရည်မရ အဖတ်မရ အကုန်
အကျခံချင်ဦးလို့ ပဲ ပြောရမလား ၀မ်းသာလိုက်တာ နောက်လဲသွားကြည့်ပါဦးလို့ ပဲ
ခနဲ့ ရလေမလား နှစ်ပဲနှစ်သိမ့်ပေးရလေမလားဆိုတာ မဝေခွဲတတ်အောင်ဖြစ်သွားရပါတယ်
ဒါပေမယ့် သူတို့ နှစ်ယောက်ကိုတော့ သနားစရာသတ္တ၀ါလေး နှစ်ကောင်ကိုကြည့်တဲ့
အကြည့်လေး နဲ့ ကြည့်ပီး သက်ပြင်းခပ်ယဲ့ယဲ့လေးချရင်တွေးလိုက်မိတယ် အင်း...
ငါအဲ့ဒီ ပွဲကို သွားမကြည့်လိုက်ရတာ တော်တော်ကံကောင်းပါလား ကိုရီးယားရူး
မရူးမိတာ တော်တော်ကြီးကိုကံကောင်းပါလားလို့  တွေးရင်နည်းနည်းတော့ ပြုံးမိသွားတယ်
အဲ့ဒီနေ့ က 2NE1 ကိုသွားကြည့်ခဲ့ကြတဲ့ လူ ၁၀၀% မှာ ၉၀% ရာခိုင်နှုန်းလောက် ဒီလိုမျိုး
နှောင်းနောင်တတွေ ရနေကြမလားမသိဘူးဆိုတဲ့အတွေးလေးကိုတွေးနေမိရင် ဒီစာလေးကို
ရေးလိုက်မိပါတော့တယ်ဗျာ... ။

Aüñg Kÿáw Sôë ( 4/8/2014 - 12:08 PM )

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...