Ads (728x90)

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ လယ်ယာသိမ်းခံရသည့် ဒေသခံ ၁၀၀ ဝန်းကျင်သည် ယနေ့ နံနက်ပိုင်းက ကျိန်စာတိုက်ပွဲတစ်ခုပြုလုပ်ခဲ့သည် ဟု သိရသည်။

  •   လက်ပံတောင်းတောင် ဒေသ မေ၂၄ရက်နေ့   စတုထ္ထအကြိမ်မြောက် ကျိန်စာတိုက်ပွဲ လုပ်ခဲ့စဉ်က  (ဓာတ်ပုံများ – ဂျေပိုင် / ဧရာဝတီ)


 ကျေးရွာပေါင်း ၃ရွာမှ ဒေသခံများသည် ကံတောရွာဟောင်းအနီး နတ်ကတောင်ခြေ တွင် ကျိန်စာတိုက်ပွဲပြုလုပ်ခဲ့ကြောင်း၊
သက်ဆိုင်ရာမှ လာရောက်တားဆီခြင်းမရှိခဲ့ကြောင်း၊ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းကိုလည်း လယ်ယာသိမ်းခံရသည့် ဒေသခံ ကိုဝင်းကျော် က ဧရာဝတီသို့ပြောသည်။

“ကျနော်တို့ မကျေနပ်တာတွေကိုသက်ဆိုင်ရာ ကသိအောင်ပြတာပါ။ ကျနော်တို့တွေက လျော်ကြေး ငွေတကျပ်မှ မယူရသေးပါဘူး။
စီမံကိန်းဟာ ကျနော်တို့ ဒေသခံတွေအတွက် ဘာအကျိုးခံစားခွင့်မှလည်း မရှိပါဘူး” ဟု ကိုဝင်းကျော်က ဆိုသည်။
ကြေးနီစီမံကိန်းနှင့်ပတ်သတ်ပြီး ဒေသခံပြည်သူများသည် လ ၏ ၂၉ ရက်ကို ရောက်တိုင်း လှုပ်ရှားမှုများပြုလုပ်ကြကြောင်း၊ အဆိုပါ ပြုလုပ်ခြင်းသည်လည်း ဒေသခံများ၏ စည်းလုံးစည်ညွတ်မှုကို ပြခြင်းဖြစ်ကြောင်းနှင့် သိမ်းခံရသည့်လယ်မြေကိစ္စ  ကို မကျေနပ်မှုကို ပြသခြင်း တို့ကြောင်း လုပ်ဆောင်ရခြင်းဖြစ်သည် ဟု လက်ပံတောင်းတောင် စီမံကိန်းတွင် လယ်ယာမြေ သိမ်းခံရသည့် ပြည်သူများကို လိုက်ပါးကူညီဆောင်ရွက်ပေးနေသည့်
ကိုဟန်ဝင်းအောင်က ဧရာဝတီသို့ပြောသည်။
“ ကျနော်တို့ လယ်ယာမြေစသိမ်းခံရကတည်းက စပြီး ကျိန်စာတိုက်ပွဲတွေလုပ်လာတာ ၈၀ နီးပါးတော့ ရှိတော့မယ်။
ဒါပေမယ့် အခုထိ စီမံကိန်းနယ်မြေနဲ့ပတ်သတ်ပြီး သက်ဆိုင်ရာက ဒေသခံတွေနဲ့တွေ့ဆုံတာတွေဘာမှ မရှိသေးဘူး” ဟု ကိုဟန်ဝင်းအောင်က ဆိုသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွင်း ခြံစည်းရိုး ခတ်ထားသည့် လယ်မြေထဲသို့ နွားကျောင်းရန်သွားသည့် ဒေသခံများနှင့် လုံခြုံရေးရဲများတို့ ဇူလိုင် ၂၆ ရက်နေ့က အပြန်အလှန်
 တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းသည် မြန်မာ စီးပွားရေး ဦးပိုင် ကုမ္ပဏီ လီမိတက်၊ တရုတ် အစိုးရနှင့် တရုတ်နိုင်ငံ ကုမ္ပဏီတခု ဖြစ်သည့် မြန်မာ-ဝမ်ပေါင် ကုမ္ပဏီတို့က
အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေသော စီမံကိန်း ဖြစ်သည်။
 
နန်းဆိုင်နွမ်
http://blog.irrawaddy.org/2014/02/blog-post_9210.html
http://blog.irrawaddy.org/2012/12/blog-post_552.html

http://blog.irrawaddy.org/2014/06/blog-post_5333.html




Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...