Ads (728x90)



------------------------------------------------------------------
##“ဦးနေမျိုးဝေအပါအဝင် မည်သူမဆို ကုရ်အာန်ကျမ်းစာကို လုပ်ကြံပုတ်ခတ်မှု နောက်နောင် သည်းခံမည်မဟုတ်ဟု ငြိမ်းချမ်းရေးကွန်ရက်
သတိပေး” ဟု ဖတ်လိုက်ရသည်။ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ပါတီဥက္ကဌ ဦးနေမျိုးဝေကို ကျနော်သတိထားမိသည်မှာ ကုရ်အာန်နှင့်
ပတ်သတ်ပြီးတော်တော်လည်း လေ့လာထားသလို ကွန်မြူနစ်ဝါဒကိုလည်း တော်တော်လည်း လေ့လာထားပြီး ခေတ်ပညာတတ် တစ်ယောက်အဖြစ်လည်းကောင်း လယ်သမားအရေးကို ဆောင်ရွက်သူအဖြစ် သိရှိထားသည်။ သို့သော် ဦးနေမျိုးဝေနှင့် ကျနော်သည် အပြင်တွင် တစ်ခါမှ မတွေ့ဖူးဘဲ သူရေးသမျှစာ၊ သူတင်သမျှ ပို့လောက်ကိုသာဖတ်ဖူးရင် Facebook မိတ်ဆွေပဲ ဆိုကြပါစို့။

##ဒီသတင်းကို ဖတ်ပြီးနောက်မှာ ကျနော်စဉ်စားကြည့်တယ် ဒီမိုကရေစီမှာ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်နှင့် လွတ်လပ်စွာ
ဝေဖန်ပိုင်းခြားပိုင်ခွင့်ရှိတယ်။ ဘာသာရေးကို လွတ်လပ်စွာ မိမိသဘောအရ ဝေဖန် ပိုင်းခြားပိုင်ခွင့်ရှိတယ်လို့ ကျနော်ထင်တယ်။ လွတ်လပ်စွာ
ဝေဖန်ပြီးပိုင်းခြားခြင်းမရှိရင် ယုံကြည်လက်ခံခြင်းအဆင့်ကို ရောက်မှာ မဟုတ်ဘူးလား။ အမှား အမှန်၊ ကောင်း၏ မကောင်း၏၊ ကျင့်အပ်၏
မကျင့်အပ်၏။ ယုံကြည်အပ်၏ မယုံကြည်အပ်၏ကို သိနိုင်မည်မဟုတ်။ ကျနော်အထင် ယုံကြည်ခြင်းဆိုတာ ဝေဖန်ပိုင်းခြားမှုက လာတယ်ထင်ပါတယ်။
ကျနော် ဗုဒ္ဓဘာသာဖြစ်သည်အလျှောက် ဗုဒ္ဓဘာသာဘက်မှ သုံးသပ်ကြည်မည်။

## ဂေါတမ ဗုဒ္ဓကဟောကြား ပိဋိကတ်တော်ထဲတွင် “ကာလာမသုတ်” ဆိုတာရှိပါတယ်။ ကာလာမသုတ်ကို နည်းနည်း ထောက်ရှုကြည့်မယ်။
ဂေါတမမြတ်စွာဘုရားသည် ပုဏ္ဏားမျိုးများနေထိုင်သော ကာလာမကျေးရွာသို့ ကျွတ်ထိုက်သူများကို ချွတ်ရန်အတွက် ရောက်ရှိလာပြီး
ဤကာလာမသုတ်ကို ဟောကြားခဲ့သည်။ ကာလာမ ပုဏ္ဏားများမှ “ အသင်ဗုဒ္ဓ ၊ သင့်မတိုင်းခင်က ဘုရားပေါင်းမြောက်မြားစွာတို့သည်
ကာလာမရွာသို့ရောက်ပြီး အမျိုးမျိုးသော ၀ါဒ၊ အမျိုးမျိုးသော တရားများကို ဟောခဲ့ပြီးပြီ။ ငါတို့၏ နှလုံးကို စိတ်ငြိမ်းအေးချမ်းမှု မပေး
နိုင်၊ သင်ကော့ ဘာတရားများကို ဟောကြားမည်နည်း”ဟု လျှောက်ထားလေ၏။ ထိုအခါ မြတ်ဗုဒ္ဓက “၀ိဘဇ္ဇ၀ါဒ တရားတော်များ”ဖြစ်သည့်ကို
သိတော်မှု၍ ဤသို့ ဟောလေ၏။

“အို. . .အရှင် ကာလာမအနွယ်တို့ သင်တို့သည် အယူဝါဒတစ်ခုကို-
၁။ တစ်ဆင့်ကြားဖြင့်လည်း အမှန်လို့မယူကြနဲ့။
၂။ ရှေးအစဉ်အလာ စကားဖြင့်လည်း အမှန်လို့ မယူကြနဲ့။
၃။ ဤသို့ဖြစ်ဖူးသတဲ့ဆိုသဖြင့်လည်း အမှန်လို့ မယူကြနဲ့။
၎။ ကျမ်းဂန်နှင့် ညီညွတ်သည်ဆိုရုံဖြင့်လည်း အမှန်လို့ မယူကြနဲ့။
၅။ နည်းမှီ၍ ယူခြင်းမျိုးဖြင့်လည်း အမှန်လို့ မယူကြနဲ့။
၆။ အကြောင်းအခြင်းအရာကို ရှာကြံထောက်ပြ ညီညွတ်သည်ဆိုရုံဖြင့်လည်း အမှန်လို့ မယူကြနဲ့။
၇။ မိမိတို့ကြံစည်နှစ်သက် လက်ခံထားသောအယူနှင့် ကိုက်ညီသည်ဆိုရုံဖြင့်လည်း အမှန်လို့ မယူကြနဲ့။
၈။ လက်ခံထိုက်သော ပုဂ္ဂိုလ်၏စကားဖြစ်ရုံဖြင့်လည်း အမှန်လို့ မယူကြနဲ့။
၉။ မိမိတို့လေးစားအပ်သော ဆရာ၏စကားဖြစ်ရုံဖြင့်လည်း အမှန်လို့ မယူကြနဲ့။

##သင်တို့သည် မိမိတို့ကိုယ်တိုင် ဤတရားတို့သည် အကုသိုလ်တရားတည်း၊ ဤတရားတို့သည် မပြစ်ရှိသောတရားတို့တည်း၊ ဤတရားတို့သည်
ပညာရှိကဲ့ရဲ့အပ်သော တရားတို့တည်း၊ ဤတရားတို့နှင့်ပြည့်စုံလျှင်၊ ဤတရားတို့ကို ဆောက်တည်လျင်
အကျိုးမဲ့ခြင်း၊ ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏ဟု သိကြသောအခါ ဤတရားတို့ကို ပယ်ကြကုန်လော။

##ဤတရားတို့သည် ကုသိုလ်တရားတို့တည်း၊ ဤတရားတို့သည် အပြစ်မရှိသော တရားတို့တည်း၊ ဤတရားတို့သည် ပညာရှိတို့
ချီးမွှမ်းအပ်သော တရားတို့တည်း၊ ဤတရား တို့နှင့် ပြည့်စုံလျင် ၊ ဤတရားတို့ကိုဆောက်တည်လျင် အကျိုးရှိခြင်းငှါ၊ ချမ်းသာခြင်းငှါ ဖြစ်၏ဟု
သိကြသောအခါ ထိုတရားတို့ကို ဆောက်တည်ကျင့်သုံးကြကုန်လော” ဟူ၍ ဘုရားရှင်ဟော တော်မူခဲ့ပါသည်။
ဤသည်ကား ကာလာမသုတ်တွင် ဗုဒ္ဓဟောကြားခဲ့သော တရားဖြစ်သည်။ အကြောင်းအကျိုးကို ဆက်စပ်သုံးသပ်ပြီးမှ ယုံကြည်လက်
ဆောင်တည်သင့်သည်ဟု ဆိုလေသည်။
မြတ်ဗုဒ္ဓသည် တရားကို နာကြားပြီး ကာလာမကျေးရွာမှ ပုဏ္ဏားတို့သည် ဝေဖန်ပိုင်းခြားပြီး နောက်ဆုံးတွင် အကျွတ်တရားရကာ
ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူပြီး သောတာပန်၊ အနာဂဏ် တည်ကြလေသည်ဟု လေ့လာဖူးသည်။

##တနည်း ဈေးဆိုင်တစ်ခုတွင် သင်သည် ပစ္စည်း တစ်ခုကို ၀ယ်မည်ဆိုလျှင် သင် .. ကောင်းမကောင်းကို အယင်းဆုံး ဆန်စစ်မည် မဟုတ်ပါလား။ ကောင်းသည် ကြိုက်သည်ဟု ဝေဖန် ဆုံးဖြတ်ပြီးမှ သင်ဝယ်ယူလိမ်မည်။ သင်ဝယ်ခဲ့သော ပစ္စည်းသည် ကောင်းလည်းကောင်း၊ ကြိုက်လည်း ကြိုက်မည်ဆိုလျှင် သင်ယုံကြည်မှုကို တဆင့်စကားပါးပြီး တခြားသူများကို ၀ယ်ခိုင်းပေလိမ်မည် မဟုတ်ပါလော့။ ဒါကြောင်း ပစ္စည်း ၀ယ်ခြင်းမဟုတ်သည့်တိုင်း ယုံကြည်မှုကို အစွဲတည်သော ဘာသာရေးသည်လည်း ဝေဖန်ပိုင်းခြား၊ အမှားအမှန်ကို ဆန်းစစ်ပိုင်းခွင့်ရှိသည်။

##ဒီလောက်ဆိုလျှင် ဘာသာရေးသည် ဝေဖန်ပိုင်းခြားပိုင်ခွင့်ရှိသည်ဟု မှတ်ယူလောက်ပေသည်။ “အထုခံနိုင်သော သံသည်
ဓားကောင်းဖြစ်၏။” “အရိုက်ခံနိုင်သော အိုးသည် မာ၏။” “အဝေဖန်ခံနိုင်သော ခေါင်းဆောင်သည် ကောင်းဆောင်ကောင်းမည်၏။” ဒီပြင်
အမှန်လမ်းကို ပြသော ဘာသာတရားသည်လည်း အဝေဖန်ခံနိုင်ရမည် ဖြစ်သည်ဟု မှတ်ယူမိသည်။
##ဦးနေမျိုးဝေ ကျန်းမာချမ်းသာပါစေ။တိုင်းပြည်အတွက်ဒီထက် ပိုအလုပ်လုပ်နိုင်ပါစေ။




Koko Einstein

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...