Ads (728x90)




==============================================
သတင်း - MMS (SALLAM OIC)
စစ်တွေမြို့၊ ဇူလိုင်လ ၁၃ ရက်၊ ၂၀၁၄။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဇူလိုင်လ ၁၃ ရက်နေ့က ပြည်ထောင်စုဝန်ကြီးများ နှင့် ရိုဟင်ဂျာ ရပ်မိ ရပ်ဖ လူကြီးတို့ စစ်တွေမြို့ ဗန္ဓုလ ခန်းမ ၌ တွေ့ဆုံဆွေးနွေးမှု တွင် ရိုဟင်ဂျာများ အား ရ ခိုင်မူဆလင် အဖြစ် အသိအမှတ် ပြုမည် ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြား သွားခဲ့သည် ဟု ယင်းတွေ့ဆုံပွဲ တက်ရောက်သူများကို ကိုးကားပြီး သိရသည်။

အဆိုပါအစည်းအဝေးတွင် ဝန်ကြီးများ ဖြစ်သော ပြည်ထောင်စု လ.ဝ.က ဒု-ဝန်ကြီးဦးကျော်ကျော် ဝင်းနှင့်အဖွဲ့ ၊ ပြည်ထောင်စု အစိုးရ နယ်စပ်ရေးရာဒု-ဝန်ကြီး ဗိုလ်ချုပ် သက်နိုင်ဝင်းနှင့်အဖွဲ့ ၊ ရခိုင် ပြည်နယ်အစိုးရ လ.ဝ.က ဝန်ကြီးနှင့်အဖွဲ့ ၊ရခိုင်ပြည်နယ် နယ်စပ်ရေးရာ လုံခြဲုံရေး ဝန်ကြီး ဗိုလ် မှုးကြီး ထိန်လင်း နှင့်အဖွဲ့ ၊ ရခိုင်ပြည်နယ်ရဲမင်းကြီးနှင့်အဖွဲ့ နှင့် ရိုဟင်ဂျာရပ်မိရပ်ဖများ တက် ရောက် ခဲ့ကြသည်။

အစည်းအဝေးတွင် ဒု ဝန်ကြီး ဦးကျော်ကျော် ဝင်းမှ ရိုဟင်ဂျာလူမျိုးများကို နိုင်ငံသားဖြစ်မြောက်
ရေးကိစ္စသည် ၁၉၈၂ ဥပဒေနှင့်စစ်ဆေးသွား မည်ဖြစ်ပြီး လူမျိုးသတ်မှတ်ရေး ကိစ္စမှာမူနိုင်ငံတော် သမ္မတ နှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဦးခင်ရီတို့ မှ ဆုံးဖြတ် မှာဖြစ်ပြီး ရိုဟင်ဂျာဟုလက်မ ခံ နိုင်သလို ဘင်္ဂလီဟူ၍လည်း ခင်ဗျားတို့လက်မခံဟုသိရ သဖြင့် ရခိုင်ပြည်မှာနေသော ( ရခိုင်မူဆ လင် ) လူမျိုးဟု သတ်မှတ်ပေးရန် စဉ်းစားနေကြောင်း ပြောကြားသွားခဲ့သည် ဟု သိရသည်။

ယင်းလုပ်ငန်းစဉ်ကို ၂၀၁၄ ခု ဒီဇင်္ဘာလ ကို နောက်ဆုံးထား၍ စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သို့သော် မိမိတို့ ၏မူလနေရာ များသို့ပြန်ခွင့်ကို ချက်ချင်းကြီးမပေးနိုင်ကြောင်း ၊ တဖြည်း ဖြည်း တည်ငြိမ်မှုရပြီးမှ စဉ်းစားပေးသွားမည်ဖြစ် ကြောင်း ၊ ရိုဟင်ဂျာများ အနေနှင့် ၎င်းတို့နှင့်ပူးပေါင်း
ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ၊ နိုင်ငံတော် သမ္မတသည် တိုင်းပြည် ပြန်လည်အေးချမ်းသွား
အောင် အဘက်ဘက်မှ ကြိုးစားအားထုတ် ဆောင်ရွက်လျက်ရှိနေကြောင်း ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေးကို အတူတကွ လက်တွဲဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း ၊ပဋိပက္ခများနောင်မဖြစ်ရေး
ကို အားလုံး ဝိုင်းဝန်းကြိုးပမ်းသွားရမည်ဖြစ် ကြောင်း ခင်ဗျားတို့သေချာမှတ်ထားပါဟု မှာကြား သွား ခဲ့ ကြောင်း အစည်းအဝေးတက်ရောက်သူ တစ်ဦးမှ OIC News သို့ သတင်းပေးပို့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ အောက်ပါ ရိုဟင်ဂျာ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။

၁။ဦးရွှေလှ (အောင်မင်္ဂလာ)
၂။ဦးအောင်သိန်း( ။ )
၃။ဦးလှကျော် ( ။ )
၎။ဦးဘမောင် (ဘုမေ )
၅။ဦးရွှေမောင် ( ။ )
၆။ဦးမောင်မောင်စိန်(သဲချောင်း)
၇။ဦးလှကျော် ( ။ )
၈။ဦးရှောမ်ချုး ( ။ )
၉။ဦးကျော်လှ ( ။ )
၁၀။ဦးမောင်ဘ ( ။ )
၁၁။ဦးလှမြင့် ( ။ )
၁၂။မော်လာနာ အာမိန်ချော်ရိဖ်( ။ )
၁၃။ဦးအုစ်ဖါန်(အုန်းတောကြီး)
၁၄။မော်လာနာ မူဟိယောဒ္ဒိန်း(သက္ကေပြင်)၊ စသည်တို့ပါဝင်ပြီး အစည်းအဝေး ကိုညနေ ၇:၃၀ အချိန်တွင် စတင်ခဲ့ကြောင်း အ စည်းအဝေးတက်ရောက်သူတစ်ဦးမှ OIC Newsသို့ သတင်းပေးပို့ထားပါသည်။
 
 
 
မူဆလင်ဘာသာဝင်တွေကို အကြမ်းဖက်တာ လက်မခံသလို ခိုးဝင်ဘင်္ဂတွေကိုလည်းလက်မခံပါဘူး ။ ရှင်းရှင်းပြောထားတာပါ။

မျိုးရန်နောင်သိန်း
၀၉ ၄၂၁၁ ၅၈၉၃၆

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...