Ads (728x90)

Girl: အဲဒါဘယ်သူလဲ? Chris Brown လား?
Boy: မဟုတ်ဘူးလေ။ အဲဒါ ၀ဲကော့လေ။
Girl: ဟေး! အဲဒီ အ၀ါကပ်က ဘာအတွက်လဲ?
Boy: အဲဒါက ကစားသမားကို သတိပေးတာ။ အနီကပ်ဆိုရင် အဲဒီကစားသမားက ဘော့လုံးဆက်မကစားရတော့ဘဲ ကွင်းထဲက ထွက်သွားရမှာလေ။
Girl: အိုး!! ဒါဆို အဲဒါက မီးပွိုင့်နဲ့ တူတာပေါ့။ အ၀ါက သတိပေးတာ၊ အနီက ရပ်ရတာဆိုတော့..
Boy: အင်း..အင်း.. ဟုတ်တယ်။ မင်းပြောတာ ဟုတ်တယ်။
Girl: ဒါဆို အစိမ်းကပ်က ဘာအတွက်လဲ??
Boy: အွန်!!! ဘော့လုံးမှာ အစိမ်းကပ် မရှိဘူးလေ။
Girl: အခုကစားနေတာ ဘယ်အသင်းတွေလဲ ??
Boy: အဲဒါ အာဆင်နယ်နဲ့ ချဲယ်ဆီးလေ။
Girl: Ok ok ok! အာဆင်နယ်က ဘာအရောင်ဝတ်တာလဲ?
Boy: မင်းမျက်လုံးမပါဘူးလား? အနီရောင်လေကွာ။
Girl: Ok..ဒါဆို အပြာရောင် ၀တ်တာက ဘယ်အသင်းလဲ?
Boy: မင်း ချဲယ်ဆီးကို မသိဘူးလား!
....................................................
Girl: Wow! ငါ အာဆင်နယ်ကို ကမ္ဘာ့ဖလား ၇စေချင်လိုက်တာ။
Boy: အာဆင်နယ်နဲ့ ကမ္ဘာ့ဖလား ဘာဆိုင်လို့လဲကွ?
Girl: ရှင်ကလည်း အသာလုပ်ပါ၊ မသိလို့ မေးနေတာကို။ ဒါနဲ့ အဲဒီ အဖိုးကြီးက ဘယ်သူလဲ?
Boy: ဟင်း... အဲဒါ အာဆင်နယ် နည်းပြ အာဆင်ဝင်းဂါး ....။
Girl: အော် ok သိပြီ၊ ငါနားလည်ပြီ....ဒါဆို နောက်အသင်းနည်းပြက ချဲယ်ဆီးဝင်းဂါးလား?
Boy: အရူးမ!!! (တော်ပြီ လိုင်းပြောင်းတော့။) ........
CR:Zaw Min Latt
‪#‎ZkK‬

 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...