University of Pittsburgh မှ လေ့လာမှုတစ်ခုအရ အိမ်ထောင်ရေးမှာ စိတ်ကျေနပ်မှုရှိတဲ့ အမျိုးသမီးတွေက မိမိတို့ဘ၀လက်တွဲဖော်နဲ့ အိပ်စက်ချိန်၊ အိပ်ယာနိုးချိန်တို့ တပြိုင်ထဲ ဖြစ်ပွားလေ့ရှိကြောင်း သိရပါတယ်။ ရလဒ်များအရ တအိပ်ယာထဲမှာ အတူတူအိပ်လေ့ရှိတဲ့ စုံတွဲများက အိပ်ယာဝင်ချိန်နှင့် အိပ်ယာထချိန်တူညီမှု ၇၅ ရာခိုင်နှုန်းရှိပြီး အကယ်၍ အမျိုးသမီးက မိမိအိမ်ထောင်ရေးအပေါ် သာယာမှု ပိုရှိပါက အိပ်ယာထချိန်၊ နိုးချိန် ပိုမိုတူညီကြောင်း သိရသည်။ လေ့လာသူခေါင်းဆောင် health Gunn, Ph.D, က ““စုံတွဲများအိပ်စက်မှုပုံစံက ၎င်းတို့၏ ဆက်ဆံရေးအပေါ် သက်ရောက်မှုရှိစေပြီး ၎င်းတို့ ဆက်ဆံရေးကလည်း အိပ်စက်မှုပုံစံအပေါ် သက်ရောက်မှုရှိစေသည်””ဟု ပြောကြားခဲ့သည်။ ““လေ့လာမှုမှာ မေးမြန်းထားသည့် မေးခွန်းများကို လိုက်နာ ဖြေကြားထားသည့်စုံတွဲ ၄၆တွဲအား အိပ်စက်မှုပုံစံကို လေ့လာခဲ့ရာ လက်ထပ်ပြီးသည့် စုံတွဲများ အိပ်ချိန် နိုးထချိန်ပိုတူပြီး၊ လက်မထပ်မီ အတူ နေသူများက လက်ထပ်ပြီးသူများလောက် တူညီမှုမရှိကြောင်း တွေ့ရပါတယ်။ ယင်းအချက်ကို ကျွန်တော်တို့ရဲ့အိပ်စက်မှုပုံစံတွေက ကျွန်တော်တို့ ဘယ်အချိန်မှာ အိပ်တယ်ဆိုတာ သာမက၊ ဘယ်သူနဲ့ အိပ်တယ်ဆိုတာတွေကြောင့်ပါ ပြောင်းလဲနိုင်တယ်လို့ ဆိုလိုပါတယ်””ဟု လေ့လာသူများက အဆိုပြုခဲ့သည်။
ဖိုးသောကြာ
ref; Medindia

.jpg)
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။