အသက် (၁၇) နှစ်အရွယ် မာဖီယာဘီဘီနှင့် အသက် (၃၁) နှစ်အရွယ် မူဟာမက်ဆာဂျစ်တို့ သည် မိသားစုသဘောမတူသည့် ကြားမှ ဇွန်လ ၁၈ ရက်တွင် လက် ထပ်ခဲ့ကြသည်။
ဘီဘီ၏ မိဘ နှစ်ပါးသည် ဇွန်လ ၂၆ ရက် ညတွင် ဘီဘီတို့ ဇနီးမောင်နှံအား အိမ်သို့ပြန်လာ ရန် သွေးဆောင်ခေါ်ယူခဲ့ပြီး နောက် အိမ်သို့ ရောက်ရှိချိန်တွင် ၎င်းတို့ကို ကြိုးတုပ်၍ ဘီဘီ၏ ဖခင်က လည်လှီးခဲ့ကြောင်း ပါ ကစ္စတန် ရဲအရာရှိ ရာနာဇာရှစ် က ပြောသည်။
ဘီဘီ၏ မိဘများနှင့် ဆွေ မျိုးများက သမီးဖြစ်သူ ဘီဘီ ကြောင့် အရှက်ရပြီး ဂုဏ်သိက္ခာအတွက် ဘီဘီတို့ ဇနီးမောင်နှံကို သတ်ခဲ့ခြင်းဖြစ်ကြောင်း ၀န်ခံခဲ့ သည်ဟု ရဲအရာရှိတစ်ဦးဖြစ် သော ဂိုဟာနာဖီးစ်က ပြောသည်။
ဘီဘီ၏ ခင်ပွန်းဖြစ်သူမှာ ယခင်က အိမ်ထောင်ကျဖူးသူဖြစ် ၍ ဆွေမျိုးများက မင်္ဂလာပွဲကို သဘောမတူခဲ့ခြင်းဖြစ်သည်ဟု နာဖီးလ်က ပြောသည်။
ပါကစ္စတန်နိုင်ငံရှိ ဒေသ များစွာတွင် ဣနြေ္ဒမဲ့ အပြုအမူ ပြုလုပ်သည့် အမျိုးသမီးအား သတ်ဖြတ်ခြင်းကို ယဉ်ကျေးမှု ထုံးတမ်းအရ လက်ခံကြသည်။
ပါကစ္စတန်နိုင်ငံတွင် မိသား စု၏ ဆန္ဒကို ဆန့်ကျင်သော အ မျိုးသမီးသည် မိသားစုအပေါ် စော်ကားသူဟု မှတ်ယူခံရပြီး ၂၀၁၃ ခုနှစ်တွင် ဂုဏ်သိက္ခာအ တွက် သတ်ဖြတ်ခံရသော ပါကစ္စ တန်အမျိုးသမီး ၈၆၉ ဦးရှိသည် ဟု မီဒီယာများက ဖော်ပြခဲ့ကြောင်း ပါကစ္စတန်လူ့အခွင့်အရေး ကော် မရှင်အဖွဲ့က ပြောသည်။
ဂုဏ်သိက္ခာအတွက် လူ သတ်သူသည် ပြစ်မှုထင်ရှားလျှင် ပင် မိသားစုဝင်များက ယင်းလူ သတ်သမားကို ခွင့်လွှတ်နိုင်သည် ဟု ပါကစ္စတန်ဥပဒေက အဓိပ္ပာယ် သက်ရောက်သည်။
ပြီးခဲ့သည့်လကလည်း မိ သားစုက သဘောမတူသည့်လူ ဖြင့် လက်ထပ်ခဲ့သော ကိုယ်ဝန် ဆောင်အမျိုးသမီးကို မိန်းကလေး ရှင်မိသားစုက အုတ်ခဲများဖြင့် အ သေထုသတ်ခဲ့ကြသည်။
—Ref: AFP/Reuters
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။