Ads (728x90)



ပညာရေးနိမ့်ကျနေတာကို မူအားဖြင့်လက်ခံတယ်၊
ပင်ကိုယ်အရည်အသွေး သိပ်အရေးကြီးတာသိကြ
ပါသလား ဆိုတာပါဘဲ။

အထက်တန်းကျောင်းကအတူတူသူငယ်ချင်းတွေမှာ
သူဌေးသားသမီးအချို့ ဒုက္ခရောက်နေကြပြီး သာမန်
ဘဝကလူတွေ အဆင်ပြေနေကြတာ ကျွန်တော့်
သက်တမ်းအတွင်းမှာအထင်အရှားပါ။

ပညာရေးအဆင့်နိမ့်တာကို သရုပ်ဖေါ်ချင်ရင် တခြား
နည်းနဲ့သရုပ်ဖေါ်ဆန္ဒပြကြပါ၊ ကြိုဆိုပါတယ်။

*** ဘွဲ့ရအားလုံးကို ဒီနည်းနဲ့မစော်ကားပါနဲ့ ***

(ကိုကြီး မိုက်ကယ်လှိုင်)
==============================
ကိုယ်တိုင် လဲပဲ ကြိုးစားပါ အားထုတ်ပါ သင်ယူပါ
ဖောက်ထွက်ပါ

မြန်မာပြည် စီးပွားရေး အ နေ အထား အရ အလုပ် လက်မဲ့
များနေ သေးတာကို လက်ခံပါတယ် ။

အစိုးရ တကယ် ကောင်းရင် တော် ရင် လူတွေ အကုန်လုံး
အလုပ် ရ ရမယ်။ အလုပ်မလုပ်ပဲ ပါးစပ်ထဲ ထမင်းလုပ် လာ
ခွံ ပေးတော့မဲ့အတိုင်း။ မီးတွေထိန်ထိန်လင်းတော့ မဲ့အတိုင်း
ခံယူထားတာတော့ မှားပါတယ်။

ဘယ်အစိုးရ တက်တက် ကိုယ့်ထမင်း ကိုယ် ရှာစားရမှာပါ။
ဘွဲ.ရတိုင်းကိုတန်းအလုပ်မခန်.ရဲတာ မြန်မာပြည်ကကုမ္ပဏီ
တွေချည်း မဟုတ်ပါဘူး။စင်္ကာပူ၊ သြဇီ၊အမေရိကန်လို နိုင်ငံ
တွေမှာတောင် ဘွဲ.ရ တွေ အလုပ်ခေါ် သတင်းစာ ကိုင်ပြီး
ကုမ္ပဏီ တစ်ခုဝင်တစ်ခုထွက်အလုပ်ပတ်လျှောက်နေတာ
အများကြီးပါ။

စလုံးမှာမာစတာဘွဲ.ရတစ် ယောက်အလုပ်မရတာ ၈လ
ကျော်ပြီမို. မီဒီယာက နေ မျက် ရည်တွေနဲ. ကွန်ပလိန်း
တက်တာ သတင်းက နေ ကြည့်လိုက် ရတယ်။ စလုံး
အလုပ်သမားဝန်ကြီးရဲ. အ ဖြေက တော့သူသာတကယ်
အရည် အချင်း ရှိရင် အလုပ် ရမှာပါတယ်။

အခုလက် ရှိမှာလဲ လုပ်ငန်းခွင် ၀င်နေသူ၊ အ သေးစား
လုပ်ငန်း ဆန်းသစ် နေသူ လူငယ်တွေ အခြား အသက်
မွေးဝမ်းကြောင်း ပညာသင်ယူသူ လူငယ်တွေ အများကြီး
ပါ။ သူတို.တွေဘယ်လို နေရာ ရ နေလဲဆိုတဲ့ သော့ချက်
ကြိုးစားမှုလမ်းစကို ရှာနိုင်အောင် ကြိုးစားပါ။

နိုင်ငံတိုင်းမှာအခြားဘာ Professional Training Certificate
တစ်ခုမှ ဆက်မတက် မဆည်းပူးပဲ။ ဘွဲ.လေးတစ် ခုတည်းနဲ.
အလုပ် ရတဲ့ခောတ် ကုန်တာ ကြာပါပြီ။

ကိုယ်ကိုယ်တိုင် က မကြိုးစား မ လေ့လာ သာမာန် ဘွဲ. တစ်ခု
တည်းနဲ. မာန်တက်ပြီး အစိုးရကိုပဲ အပြစ်တင် နေရင်တော့။
ဦးသိန်းစိန်၊ဒေါ်အောင် ဆန်းစုကြည်၊ အိုဘားမား၊ သိကြားမင်း
ဆင်း အလုပ်သွင်းပေးလဲ အသုံးမကျရင်အလုပ်အမြဲပြုတ်မှာပဲ။

အရည်အချင်းနည်း အပြင်းထူလို ဝေလေ လေလုပ်ချင်လို့
လွတ်လွတ်လပ်လပ် ပဲပြုပ်ရောင်း၊ဂျာနယ် ရောင်းရင်တောင်
ကိုယ်ထက် သာတဲ့တော်တဲ့သူနဲ. တွေ.တဲ့ တစ်နေ. ဖောက်
သည် အလုခံရမှာပဲ။

ကိုယ်တိုင် ကြိုးစား အားထုတ် ဖောက် ထွက် နိုင် မှုသာ အဓိက
ကျပါတယ်။

(ညီငယ်-သီဟမောင်မောင်)

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...