Ads (728x90)



USDP ပါတီရဲ့ ပါတီတွင်း ပြုပြင်ပြောင်းလဲရေး တချို့နဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်တွေ အတွက် ဦးဆောင် ဦးရွက် (Initiative) လုပ်တဲ့ ကြိုးပမ်း ဆောင်ရွက် ချက် တချို့ ကိုလည်း အသိအမှတ် ပြုပါတယ်။ ဒါပေမဲ့ ပါတီတွင်း လူဟောင်းတွေ က လုပ်နည်းဟောင်း တွေနဲ့ အဆင့်ဆင့် လိမ်ညာနေတာ မြင်ရတော့ မြန်မာပြည် အနာဂါတ် အတွက်တော့ USDP ကို စိတ်မချ သေးဘူး။

မြန်မာ ပြည်သူ သန်း ၆၀ ထဲမှာ ဗိုလ်ချုပ် အောင်ဆန်းနဲ့ ဦးသန့် က လွဲရင် အန်တီစုကို အထောက်ခံ ဆုံးပဲ။ ဒါပေမယ့် ၁၀၀ ရာနှုန်းတော့ မဟုတ်ဘူး။ ဦးအောင်ဆန်းရဲ့ သမီး ဆိုပေမဲ့ ဦးအောင်ဆန်းလို လက်တွေ့ ကကျကျ စဉ်းစားတတ်သူ (Pragmatic) မဟုတ်ပဲ စိတ်ကူးစံ သမား (Normative) ဖြစ်နေလို့ပဲ။
မြန်မာ ပြည်သူ သန်း ၆၀ ထဲမှာ နိုင်ငံအတွက် အန်တီစု သမ္မတ ဖြစ်ခဲ့ရင် အကောင်းဆုံး စွမ်းဆောင်မှု ပေးနိုင်မယ် လို့တော့ ယုံကြည်တယ်။ ဒါပေမယ် ၂၀၁၆ မှာ အန်တီစု သမ္မတ ဖြစ်အောင် ကြိုးစားနေ တာတော့ မထောက်ခံဘူး။ ၂၀၁၆ မှာ လွှတ်တော် ဥက္ကဌ အနေနဲ့ တိုင်ပြည် အကျိုးပြုပြီး NLD ကို တညိငြိမ် ခိုင်မာအောင် Reform ပြန်လုပ် စေချင်တယ်။ ၂၀၂၀ ကျမှ သမ္မတ လုပ်စေချင်တယ်။

USDP ကို မကြိုက်ပေမဲ့ ဦးသိန်းစိန်၊ သူရ ဦးရွှေမန်း၊ သူရ ဦးအောင်ကို အပါအ၀င် USDP ထဲက တချို့ သည် NLD က (အန်တီစု မပါ) လူတွေထက် အများကြီး သာတယ် ဆိုတာတော့ လက်ခံတယ်။ လူပုဂ္ဂိုလ် တဦးချင်း အနေနဲ့ လည်း ထိုသူများ ကို ထောက်ခံ တယ်။ ၁၀၀ ရာနှုန်း ထောက်ခံ တယ်တော့ မဟုတ် ဘူးပေါ့ဗျာ။ ဒါပေမယ် ကျွန်တော့် မဲ ဆန္ဒနယ်မှာ NLD က အန်တီစုနဲ့ မဟုတ်ပဲ အခြားသူတွေနဲ့ ဒီလူတွေ အပြိုင် အရွေးခံမယ် ဆိုရင်တော့ အဲဒီလူတွေကို မဲထည့်မယ်။ ကျွန်တော်က လွှတ်တော် ကိုယ်စားလှယ် ရွေးတဲ့ နေရာမှာ ပါတီကို မရွေးဘူး။ အရည်အချင်း ရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ကိုပဲ ရွေးမယ်။ အရည် အချင်းရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်များ ၂၀၁၅ ရွေးကောက်ပွဲ မှာ NLD ပါတီ မှ ကိုယ်စားပြု ယှဉ်ပြိုင်နိုင်ရေး ကြိုတင် ပြင်ဆင် စေချင်တယ်။

NLD ရဲ့ ရွေးကောက်ပွဲ ၀င်ခဲ့သော ရည်ရွယ်ချက် ၃ခု လုံးကို ထောက်ခံပါတယ်။ ဒါပေမဲ့ ရည်ရွယ်ချက် (၁) နဲ့ (၂) ကို လုံးဝ မလုပ်ပဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး မှာ ၅၉ (စ) ကဲ့သို့သော ပုဒ်မမျိုးတွေ ကို ခုချက်ခြင်း ပြင်ဆင်ဘို့ အားသွန် ခွန်စိုက် လုပ်နေတာ ကိုတော့ မထောက်ခံဘူး။ အန်တီစုရဲ့ စွမ်းအားတွေ ကို လည်း နှမြောတယ်။

ဒီလို ကွဲပြားတဲ့ အမြင်တွေကို ပြတ်ပြတ်သားသား ဖော်ထုတ်ရဲတာ ဒီမိုကရေစီ ယဉ်ကျေးမှု လို့ ကျွန်တော်က ယုံကြည်တယ်။ ပြည်သူ လူထု အတွင်း ကိုလည်း ဒီမိုကရေစီ ယဉ်ကျေးမှု ထွန်းကား စေချင်တယ်။

Moe Hein Kyaw's photo.
Moe Hein Kyaw
14-02-2014

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...